အသက္ ၁၃ ႏွစ္ေအာက္ လူငယ္မ်ားကိုလူမႈကြန္ရက္အသုံးျပဳခြင့္ပိတ္ပင္ရန္ EU စီစဥ္

အသက္ ၁၃ ႏွစ္ေအာက္ လူငယ္မ်ားကိုလူမႈကြန္ရက္အသုံးျပဳခြင့္ပိတ္ပင္ရန္ EU စီစဥ္
=======================================
ဥေရာပသမဂၢ (EU) အေနျဖင့္ အသက္ ၁၃ ႏွစ္ေအာက္ ကေလးမ်ားကို လူမႈကြန္ရက္အသုံးျပဳခြင့္ ပိတ္ပင္ၿပီး အသက္ ၁၃ ႏွစ္မွ ၁၅ ႏွစ္ေအာက္အထိလူငယ္မ်ားကို မိဘ သို႔မဟုတ္ အုပ္ထိန္းသူ၏ ႀကီးၾကပ္ မႈျဖင့္ တစ္ေန႔လွ်င္ ၁ နာရီ အကန႔္အသတ္ျဖင့္သာအသုံးျပဳခြင့္ျပဳရန္ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္ကို ဥေရာပေကာ္မရွင္ဥကၠ႒ အာဆူလာဗြန္ဒါလီယန္ က စက္တင္ဘာလ ၁၆ ရက္တြင္ ျပင္သစ္ႏိုင္ငံ စထရက္ဘာ့ၿမိဳ႕၌ ဥေရာပပါလီမန္သို႔ ႏွစ္ပတ္လည္မိန႔္ခြန္းေျပာရာတြင္ ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ အသက္ ၁၅ ႏွစ္မွ ၁၈ ႏွစ္အတြင္း လူငယ္မ်ားအတြက္ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားက ပိုမိုလုံၿခဳံသည့္ဒီဇိုင္းမ်ားအသုံးျပဳရန္ သတ္မွတ္ေပးရမည္ျဖစ္ၿပီး ကေလးမ်ားအတြက္ “infinite scrolling” ကဲ့သို႔ စြဲလမ္းေစႏိုင္သည့္ ဒီဇိုင္းမ်ားကိုလည္း တားျမစ္ရန္အဆိုျပဳထားသည္။ စည္းမ်ဥ္းခ်ိဳးေဖာက္သည့္ ပလက္ေဖာင္းမ်ားအေပၚ ႏွစ္စဥ္ဝင္ေငြ၏ ၆ ရာခိုင္ႏႈန္းအထိ ဒဏ္ေငြခ်မွတ္ႏိုင္ရန္ စီစဥ္ထားသည္။ Ref: AGC


အသက် ၁၃ နှစ်အောက် လူငယ်များကိုလူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်ရန် EU စီစဉ်
=======================================
ဥရောပသမဂ္ဂ (EU) အနေဖြင့် အသက် ၁၃ နှစ်အောက် ကလေးများကို လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်အောက်အထိလူငယ်များကို မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ကြီးကြပ် မှုဖြင့် တစ်နေ့လျှင် ၁ နာရီ အကန့်အသတ်ဖြင့်သာအသုံးပြုခွင့်ပြုရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် က စက်တင်ဘာလ ၁၆ ရက်တွင် ပြင်သစ်နိုင်ငံ စထရက်ဘာ့မြို့၌ ဥရောပပါလီမန်သို့ နှစ်ပတ်လည်မိန့်ခွန်းပြောရာတွင် ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များအတွက် လူမှုကွန်ရက်ပလက်ဖောင်းများက ပိုမိုလုံခြုံသည့်ဒီဇိုင်းများအသုံးပြုရန် သတ်မှတ်ပေးရမည်ဖြစ်ပြီး ကလေးများအတွက် “infinite scrolling” ကဲ့သို့ စွဲလမ်းစေနိုင်သည့် ဒီဇိုင်းများကိုလည်း တားမြစ်ရန်အဆိုပြုထားသည်။ စည်းမျဉ်းချိုးဖောက်သည့် ပလက်ဖောင်းများအပေါ် နှစ်စဉ်ဝင်ငွေ၏ ၆ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်နိုင်ရန် စီစဉ်ထားသည်။ Ref: AGC