မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ခိုင္ၿဖိဳးပါတီ တိုင္းပါတီေကာ္မတီဝင္မ်ား ျပန္လည္ဖြဲ႕စည္းေရးအခမ္းအနားသို႔ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ခိုင္ၿဖိဳးပါတီ တိုင္းပါတီေကာ္မတီဝင္မ်ား ျပန္လည္ဖြဲ႕စည္းေရးအခမ္းအနားသို႔ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္
======================
မႏၲေလး စက္တင္ဘာ ၁၃

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္စက္တင္ဘာ (၁၃)ရက္ေန႔၊နံနက္ (၉:၃၀)နာရီအခ်ိန္ကမႏၲေလးတိုင္းေဒသႀကီး၊ ျပည္ခိုင္ၿဖိဳးပါတီ၊တိုင္းပါတီ႐ုံးခန္းမတြင္က်င္းပျပဳလုပ္ေသာမႏၲေလတိုင္းေဒသႀကီး၊ ျပည္ခိုင္ၿဖိဳးပါတီ၊တိုင္းပါတီေကာ္မတီဝင္မ်ားျပန္လည္ဖြဲ႕စည္းေရးအခမ္းအနားသို႔တက္ေရာက္ခဲပါသည္။

အခမ္းအနားတြင္ပါတီအေထြေထြအတြင္းေရးမႉး ဦးေဆာင္ေသာအဖြဲ႕မွသဘာပတိအဖြဲ႕အျဖစ္တာဝန္ယူခဲ့ၿပီး အခမ္းအနားကိုႏိုင္ငံေတာ္အလံအေလးျပဳျခင္း၊ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းျဖင့္ဖြင့္လွစ္ခဲ့ပါသည္။

၎ေနာက္ပါတီအေထြေထြအတြင္းေရးမႉးမွ ယေန႔သည္မႏၲေလးတိုင္းေဒသႀကီး၊ျပည္ခိုင္ၿဖိဳးပါတီ၊တိုင္းပါတီေကာ္မတီဝင္မ်ားျပန္လည္ဖြဲ႕စည္းေသာေန႔ျဖစ္ေၾကာင္း၊ ပါတီဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းပါျပဌာန္းခ်က္မ်ားအတိုင္းပါတီေကာ္မတီ အဆင့္ဆင့္ျပန္လည္ဖြဲ႕စည္းမႈမ်ားအားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ဤလုပ္ငန္းစဥ္သည္ပါတီအတြက္အေရးႀကီးေၾကာင္း၊ ပါတီညီလာခံအားသတ္မွတ္ရက္အတိုင္းက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ပါတီေအာင္ႏိုင္ေရးအတြက္ေဆာင္႐ြက္ေပးခဲ့ၾကသည့္တစ္ဦးခ်င္းစီကို ေက်းဇူးတင္ရွိပါေၾကာင္းႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ပါသည္။

ဆက္လက္၍တိုင္းေဒသႀကီးပါတီအတြင္းေရးမႉး ဦးၫြန္႔ေဆာင္မွတိုင္းပါတီေကာ္မတီ၏ လုပ္ငန္းအစီရင္ခံစာ တင္သြင္းခဲ့ပါသည္။ ၎ေနာက္တိုင္းပါတီေကာ္မတီဝင္မ်ားမွ မိမိတို႔၏ ပါတီတာဝန္မ်ားကိုျပန္လည္အပ္ႏွံခဲ့ၾကၿပီး ေ႐ြးခ်ယ္ေရးေကာ္မတီအဖြဲ႕ဝင္တစ္ဦးမွ တိုင္းပါတီဥကၠဌ၊အတြင္းေရးမႉး၊ဘ႑ာေရးမႉး၊ တိုင္းေကာ္မတီဝင္မ်ားႏွင့္အရံေကာ္မတီဝင္မ်ား ေ႐ြးခ်ယ္ေရးဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားကို ရွင္းလင္းခဲ့ၿပီး တိုင္းပါတီဥကၠ႒ႏွင့္ အတြင္းေရးမႉးအား ဦးစြာပထမဆႏၵမဲေပးေ႐ြးခ်ယ္ခဲ့ၾကၿပီး သဘာပတိမွ ေ႐ြးခ်ယ္တာဝန္ေပးအပ္ျခင္းခံရေသာတိုင္းပါတီဥကၠဌႏွင့္အတြင္းေရးမႉးအမည္စာရင္းအားေၾကညာခဲ့ပါသည္။

ဆက္လက္၍ တိုင္းေကာ္မတီဝင္မ်ားႏွင့္အရံေကာ္မတီဝင္မ်ားအား ဆႏၵမဲေပးေ႐ြးခ်ယ္ခဲ့ၾကပါသည္။ေ႐ြးခ်ယ္ တာဝန္ေပးအပ္ျခင္းခံရေသာတိုင္းပါတီေကာ္မတီဝင္မ်ားႏွင့္အရံေကာ္မတီဝင္မ်ား၏အမည္စာရင္းမ်ားကိုသဘာပတိအဖြဲ႕ဝင္ တစ္ဦးမွဖတ္ၾကားေၾကညာခဲ့ၿပီး တိုင္းဘ႑ာေရးမႉးအားဆက္လက္ေ႐ြးခ်ယ္ခဲ့ၾကပါသည္။

သဘာပတိမွဆႏၵမဲေပးေ႐ြးခ်ယ္တာဝန္ေပးအပ္ျခင္းခံရေသာတိုင္းပါတီေကာ္မတီဖြဲ႕စည္းမႈႏွင့္တာဝန္ေပးအပ္မႈကိုအတည္ျပဳေၾကညာခဲ့ပါသည္။ ေ႐ြးခ်ယ္တာဝန္ေပးအပ္ျခင္းခံရေသာတိုင္းပါတီဥကၠ႒၊အတြင္းေရးမႉး၊ဘ႑ာေရးမႉး၊တိုင္းပါတီေကာ္မတီဝင္မ်ားႏွင့္အရံေကာ္မတီဝင္မ်ားသည္သဘာပတိေရွ႕ေမွာက္၌ကတိသစၥာျပဳခဲ့ၾကပါသည္။

၎ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးမွ ယေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ျပည္ခိုင္ၿဖိဳးပါတီ၊တိုင္းပါတီေကာ္မတီဝင္မ်ားအား ေ႐ြးခ်ယ္ဖြဲ႕စည္းေရးစည္းမ်ဥ္းစည္းကမ္းမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီေ႐ြးခ်ယ္ဖြဲ႕စည္းၿပီးသြားၿပီျဖစ္ေၾကာင္း၊ႏိုင္ငံေတာ္ကိုဒီမိုကေရစီလမ္းေၾကာင္းေပၚစတင္ေလွ်ာက္လွမ္းႏိုင္ေအာင္ျပည္ခိုင္ၿဖိဳးပါတီမွေဆာင္႐ြက္ခဲ့ေၾကာင္း၊ ပါတီ၏ မူဝါဒမ်ား၊သေဘာထားမ်ားကိုညီလာခံမွခ်မွတ္သြားမွာျဖစ္ေၾကာင္း၊၎ပါတီ၏မူဝါဒ၊သေဘာထားမ်ားကို ပါတီဝင္အဆင့္ဆင့္မွေလးစားလိုက္နာေဆာင္႐ြက္ရန္လိုေၾကာင္း၊ပါတီညီလာခံမွခ်မွတ္ေပးမည့္ ေရွ႕လုပ္ငန္းစဥ္မ်ားအား ပါတီအဆင့္ဆင့္က အေကာင္ထည္ေဖာ္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ႏိုင္ငံ့အက်ိဳး၊ျပည္သူ႔အက်ိဳးႏွင့္ျပည္သူဘဝလုံၿခဳံေအးခ်မ္းၿပီးလူေနမႈဘဝျမင့္မားေရးအတြက္အားလုံးစုေပါင္းစြမ္းအားျဖင့္ႀကိဳးစားေဆာင္႐ြက္ေပးၾကရန္နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ေႂကြးေၾကာ္သံမ်ားျဖင့္ အခမ္းအနားအား႐ုပ္သိမ္းခဲ့ပါသည္။


မန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင်များ ပြန်လည်ဖွဲ့စည်းရေးအခမ်းအနားသို့ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
======================
မန္တလေး စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည်စက်တင်ဘာ (၁၃)ရက်နေ့၊နံနက် (၉:၃၀)နာရီအချိန်ကမန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ၊တိုင်းပါတီရုံးခန်းမတွင်ကျင်းပပြုလုပ်သောမန္တလေတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ၊တိုင်းပါတီကော်မတီဝင်များပြန်လည်ဖွဲ့စည်းရေးအခမ်းအနားသို့တက်ရောက်ခဲပါသည်။

အခမ်းအနားတွင်ပါတီအထွေထွေအတွင်းရေးမှူး ဦးဆောင်သောအဖွဲ့မှသဘာပတိအဖွဲ့အဖြစ်တာဝန်ယူခဲ့ပြီး အခမ်းအနားကိုနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။

၎င်းနောက်ပါတီအထွေထွေအတွင်းရေးမှူးမှ ယနေ့သည်မန္တလေးတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ၊တိုင်းပါတီကော်မတီဝင်များပြန်လည်ဖွဲ့စည်းသောနေ့ဖြစ်ကြောင်း၊ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပါပြဌာန်းချက်များအတိုင်းပါတီကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းမှုများအားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ဤလုပ်ငန်းစဥ်သည်ပါတီအတွက်အရေးကြီးကြောင်း၊ ပါတီညီလာခံအားသတ်မှတ်ရက်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ပါတီအောင်နိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ကြသည့်တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်းနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်မှတိုင်းပါတီကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခဲ့ပါသည်။ ၎င်းနောက်တိုင်းပါတီကော်မတီဝင်များမှ မိမိတို့၏ ပါတီတာဝန်များကိုပြန်လည်အပ်နှံခဲ့ကြပြီး ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးမှ တိုင်းပါတီဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊ တိုင်းကော်မတီဝင်များနှင့်အရံကော်မတီဝင်များ ရွေးချယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းခဲ့ပြီး တိုင်းပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား ဦးစွာပထမဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး သဘာပတိမှ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသောတိုင်းပါတီဥက္ကဌနှင့်အတွင်းရေးမှူးအမည်စာရင်းအားကြေညာခဲ့ပါသည်။

ဆက်လက်၍ တိုင်းကော်မတီဝင်များနှင့်အရံကော်မတီဝင်များအား ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါသည်။ရွေးချယ် တာဝန်ပေးအပ်ခြင်းခံရသောတိုင်းပါတီကော်မတီဝင်များနှင့်အရံကော်မတီဝင်များ၏အမည်စာရင်းများကိုသဘာပတိအဖွဲ့ဝင် တစ်ဦးမှဖတ်ကြားကြေညာခဲ့ပြီး တိုင်းဘဏ္ဍာရေးမှူးအားဆက်လက်ရွေးချယ်ခဲ့ကြပါသည်။

သဘာပတိမှဆန္ဒမဲပေးရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသောတိုင်းပါတီကော်မတီဖွဲ့စည်းမှုနှင့်တာဝန်ပေးအပ်မှုကိုအတည်ပြုကြေညာခဲ့ပါသည်။ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသောတိုင်းပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊တိုင်းပါတီကော်မတီဝင်များနှင့်အရံကော်မတီဝင်များသည်သဘာပတိရှေ့မှောက်၌ကတိသစ္စာပြုခဲ့ကြပါသည်။

၎င်းနောက် ပါတီအထွေထွေအတွင်းရေးမှူးမှ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ၊တိုင်းပါတီကော်မတီဝင်များအား ရွေးချယ်ဖွဲ့စည်းရေးစည်းမျဥ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီရွေးချယ်ဖွဲ့စည်းပြီးသွားပြီဖြစ်ကြောင်း၊နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနိုင်အောင်ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်ခဲ့ကြောင်း၊ ပါတီ၏ မူဝါဒများ၊သဘောထားများကိုညီလာခံမှချမှတ်သွားမှာဖြစ်ကြောင်း၊၎င်းပါတီ၏မူဝါဒ၊သဘောထားများကို ပါတီဝင်အဆင့်ဆင့်မှလေးစားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ပါတီညီလာခံမှချမှတ်ပေးမည့် ရှေ့လုပ်ငန်းစဥ်များအား ပါတီအဆင့်ဆင့်က အကောင်ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးနှင့်ပြည်သူဘဝလုံခြုံအေးချမ်းပြီးလူနေမှုဘဝမြင့်မားရေးအတွက်အားလုံးစုပေါင်းစွမ်းအားဖြင့်ကြိုးစားဆောင်ရွက်ပေးကြရန်နိဂုံးချုပ်အမှာစကားပြောကြားပြီး ကြွေးကြော်သံများဖြင့် အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။