ဇဲဗရက္ဗ္က ရွယ္လ္တန္ကို အႏိုင္ယူကာ ယူအက္စ္အိုးပင္း အမ်ိဳးသားတစ္ဦးခ်င္းဆုဖလားကို ဆြတ္ခူး

ဇဲဗရက္ဗ္က ရွယ္လ္တန္ကို အႏိုင္ယူကာ ယူအက္စ္အိုးပင္း အမ်ိဳးသားတစ္ဦးခ်င္းဆုဖလားကို ဆြတ္ခူး
======================
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ စက္တင္ဘာ ၁၃ ရက္က ယွဥ္ၿပိဳင္ကစားခဲ့သည့္ ယူအက္စ္အိုးပင္း အမ်ိဳးသားတစ္ဦးခ်င္း တင္းနစ္ၿပိဳင္ပြဲ ဗိုလ္လုပြဲ၌ ဂ်ာမနီႏိုင္ငံမွ အလက္ဇန္းဒါး ဇဲဗရက္ဗ္ (ဆီဒင္-၁) က အိမ္ရွင္ပရိသတ္မ်ား၏ အခ်စ္ေတာ္ ဘင္ရွယ္လ္တန္ကို ၆-၃၊ ၇-၆ (၂)၊ ၅-၇၊ ၆-၂ ျဖင့္ အႏိုင္ရရွိခဲ့သည္။
ယခုေအာင္ပြဲမွာ ယခုႏွစ္အေစာပိုင္းက ႐ိုလန္ဂါး႐ို႕စ္ (ျပင္သစ္အိုးပင္း) တြင္ ေအာင္ပြဲခံႏိုင္ခဲ့ၿပီးေနာက္ ဇဲဗရက္ဗ္အတြက္ ဒုတိယေျမာက္ ဂရင္းစလင္း အမ်ိဳးသားတစ္ဦးခ်င္း ခ်န္ပီယံဆုလည္းျဖစ္သည္။
ဇဲဗရက္ဗ္မွာ ရွယ္လ္တန္ႏွင့္ ယခင္ထိပ္တိုက္ေတြ႕ဆုံခဲ့သည့္ ငါးႀကိမ္စလုံးတြင္ အႏိုင္ရရွိထားၿပီး ယခုပြဲစဥ္၌လည္း ပထမပြဲလတ္တြင္ ၆-၃ ျဖင့္ အႏိုင္ရရွိကာ ပြဲအစကတည္းကပင္ လက္စြမ္းေကာင္းျပသခဲ့သည္။
ရွယ္လ္တန္ (ဆီဒင္-၈) က ဒုတိယပြဲလတ္တြင္ ျပန္လည္တုံ႔ျပန္ကစားႏိုင္ခဲ့ၿပီး ပြဲပိုအထိ ဆြဲေခၚႏိုင္ခဲ့ေသာ္လည္း ဇဲဗရက္ဗ္ကပင္ ၇-၆ (၂) ျဖင့္ အႏိုင္ရရွိခဲ့သည္။ ထို႔ေနာက္ အေမရိကန္ကစားသမားက ပထမစေပးေဘာမွ ရမွတ္ ၉၀ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ကာ တတိယပြဲလတ္တြင္ ၇-၅ ျဖင့္ အႏိုင္ရရွိသြားခဲ့သည္။
စတုတၳပြဲလတ္တြင္ အသက္ ၂၉ ႏွစ္အ႐ြယ္ ဇဲဗရက္ဗ္က ရွယ္လ္တန္အား စေပးေဘာမွ အမွတ္ယူႏိုင္မည့္ အခြင့္အေရးအနည္းငယ္သာ ေပးခဲ့ရၿပီး ၆-၂ ျဖင့္ ပြဲသိမ္းႏိုင္ခဲ့သည္။
“ကြၽန္ေတာ္တို႔ ဂရင္းစလင္းဆုဖလား မရဘဲ ႏွစ္ ၃၀ ေတာင္ ျဖတ္သန္းခဲ့ရၿပီး အခုဆိုရင္ေတာ့ သုံးလအတြင္းမွာ ဆုဖလားႏွစ္လုံးေတာင္ ဆြတ္ခူးႏိုင္ခဲ့ပါၿပီ” ဟု ပြဲအၿပီးတြင္ ဇဲဗရက္ဗ္က ၎၏နည္းျပအဖြဲ႕အား ေျပာၾကားခဲ့သည္။ “၂၀၂၆ ခုႏွစ္ဟာ လြန္ခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္လုံး ႀကိဳးစားအားထုတ္ခဲ့မႈေတြရဲ႕ အသီးအပြင့္ရလဒ္ပါပဲ” ဟုလည္း ၎က ေျပာသည္။ (Xinhua)
ဇဲဗရက်ဗ်က ရှယ်လ်တန်ကို အနိုင်ယူကာ ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်းဆုဖလားကို ဆွတ်ခူး
======================
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ် (ဆီဒင်-၁) က အိမ်ရှင်ပရိသတ်များ၏ အချစ်တော် ဘင်ရှယ်လ်တန်ကို ၆-၃၊ ၇-၆ (၂)၊ ၅-၇၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
ယခုအောင်ပွဲမှာ ယခုနှစ်အစောပိုင်းက ရိုလန်ဂါးရို့စ် (ပြင်သစ်အိုးပင်း) တွင် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ဇဲဗရက်ဗ်အတွက် ဒုတိယမြောက် ဂရင်းစလင်း အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုလည်းဖြစ်သည်။
ဇဲဗရက်ဗ်မှာ ရှယ်လ်တန်နှင့် ယခင်ထိပ်တိုက်တွေ့ဆုံခဲ့သည့် ငါးကြိမ်စလုံးတွင် အနိုင်ရရှိထားပြီး ယခုပွဲစဉ်၌လည်း ပထမပွဲလတ်တွင် ၆-၃ ဖြင့် အနိုင်ရရှိကာ ပွဲအစကတည်းကပင် လက်စွမ်းကောင်းပြသခဲ့သည်။
ရှယ်လ်တန် (ဆီဒင်-၈) က ဒုတိယပွဲလတ်တွင် ပြန်လည်တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲပိုအထိ ဆွဲခေါ်နိုင်ခဲ့သော်လည်း ဇဲဗရက်ဗ်ကပင် ၇-၆ (၂) ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ကစားသမားက ပထမစပေးဘောမှ ရမှတ် ၉၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ကာ တတိယပွဲလတ်တွင် ၇-၅ ဖြင့် အနိုင်ရရှိသွားခဲ့သည်။
စတုတ္ထပွဲလတ်တွင် အသက် ၂၉ နှစ်အရွယ် ဇဲဗရက်ဗ်က ရှယ်လ်တန်အား စပေးဘောမှ အမှတ်ယူနိုင်မည့် အခွင့်အရေးအနည်းငယ်သာ ပေးခဲ့ရပြီး ၆-၂ ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။
“ကျွန်တော်တို့ ဂရင်းစလင်းဆုဖလား မရဘဲ နှစ် ၃၀ တောင် ဖြတ်သန်းခဲ့ရပြီး အခုဆိုရင်တော့ သုံးလအတွင်းမှာ ဆုဖလားနှစ်လုံးတောင် ဆွတ်ခူးနိုင်ခဲ့ပါပြီ” ဟု ပွဲအပြီးတွင် ဇဲဗရက်ဗ်က ၎င်း၏နည်းပြအဖွဲ့အား ပြောကြားခဲ့သည်။ “၂၀၂၆ ခုနှစ်ဟာ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ အသီးအပွင့်ရလဒ်ပါပဲ” ဟုလည်း ၎င်းက ပြောသည်။ (Xinhua)




