တ႐ုတ္ႏွင့္ အိႏၵိယ ခရီးသြားမ်ားအတြက္ ဆိုက္ ေရာက္ဗီဇာ (ကမာၻလွည့္) သက္တမ္းကို ၁ ႏွစ္ ထပ္မံတိုးျမႇင့္


တ႐ုတ္ႏွင့္ အိႏၵိယ ခရီးသြားမ်ားအတြက္ ဆိုက္ ေရာက္ဗီဇာ (ကမာၻလွည့္) သက္တမ္းကို ၁ ႏွစ္ ထပ္မံတိုးျမႇင့္
======================
ျမန္မာႏိုင္ငံသို ေလေၾကာင္းခရီးျဖင့္ လာေရာက္လည္ပတ္မည့္ တ႐ုတ္ႏိုင္ငံသားႏွင့္ အိႏၵိယႏိုင္ငံသား ကမာၻလွည့္ခရီးသြားမ်ားအတြက္ ဆိုက္ေရာက္ဗီဇာ (Visa on Arrival – Tourist) ခြင့္ျပဳခ်က္ကို စမ္းသပ္ကာလ (၁) ႏွစ္ တတိယအႀကိမ္ ထပ္မံသက္တမ္းတိုးျမႇင့္ေပးလိုက္ေၾကာင္း ယဥ္ေက်းမႈ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။
အဆိုပါ ဆိုက္ေရာက္ဗီဇာ သက္တမ္းတိုးျမႇင့္ေပးမႈသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၃၀ ရက္ေန႔မွ ၂၀၂၇ ခုႏွစ္၊ ဩဂုတ္လ ၂၉ ရက္ေန႔အထိ (၁) ႏွစ္တာ အက်ဳံးဝင္မည္ျဖစ္သည္။
တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက် ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းကို ၁ နှစ် ထပ်မံတိုးမြှင့်
======================
မြန်မာနိုင်ငံသို လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival – Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်သည်။




