ျပည္ေထာင္စုနယ္ေျမ၊ ပါတီေကာ္မတီဝင္မ်ား ျပန္လည္ ဖြဲ႕စည္းေရးအခမ္းအနားသို႔ ပါတီ အ ေထြ ေထြအ တြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္

ျပည္ေထာင္စုနယ္ေျမ၊ ပါတီေကာ္မတီဝင္မ်ား ျပန္လည္ဖြဲ႕စည္းေရးအခမ္းအနားသို႔ ပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္
======================
ေနျပည္ေတာ္ စက္တင္ဘာ ၁၂
စက္တင္ဘာ (၁၂)ရက္ေန႔၊နံနက္ (၉:၃၀)နာရီ အခ်ိန္တြင္ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္ ျပည္ေထာင္စုနယ္ေျမ၊ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းေဝးခန္းမတြင္ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုနယ္ေျမ၊ပါတီေကာ္မတီဝင္မ်ားျပန္လည္ဖြဲ႕စည္းေရးအခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ၊ အေထြေထြအတြင္းေရးမႉးဦးေသာင္းေအးတက္ေရာက္ခဲ့ပါသည္။
ပါတီအေထြေထြအတြင္းေရးမႉး ဦးေဆာင္ေသာအဖြဲ႕မွ သဘာပတိအဖြဲ႕အျဖစ္ တာဝန္ယူခဲ့ၿပီး အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳျခင္း၊ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းျဖင့္ဖြင့္လွစ္ခဲ့ပါသည္။
၎ေနာက္ပါတီအေထြေထြအတြင္းေရးမႉးမွ ယေန႔သည္ျပည္ေထာင္စုနယ္ေျမ၊ ပါတီေကာ္မတီဝင္မ်ားျပန္လည္ဖြဲစည္းေသာေန႔ျဖစ္ေၾကာင္း၊ ပါတီစည္ပုံအေျခခံစည္းမ်ဥ္းပါ ျပဌာန္းခ်က္မ်ားအတိုင္းပါတီေကာ္မတီ အဆင့္ဆင့္ျပန္လည္ဖြဲ႕စည္းမႈမ်ားအား ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ ပါတီဖြဲ႕စည္းပုံစည္းမ်ဥ္းအရ ေ႐ြးေကာက္ပြဲးအလြန္ အစိုးရသစ္တစ္ရပ္ေပၚလာၿပီး ေျခာက္လအတြင္းမွာ ပါတီညီလာခံ က်င္းပျပဳလုပ္ရန္ျပဌာန္းထားျခင္းျဖစ္သည့္အတြက္ မၾကာခင္ ပါတီညီလာခံအားစည္ကား သိုက္ၿမိဳက္စြာက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ႏႈတ္းခြန္းဆက္အမွာစကားေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ျပည္ေထာင္စုနယ္ေျမ၊ပါတီတာဝန္ရွိသူတစ္ဦးမွလုပ္ငန္းအစီရင္ခံစာတင္သြင္းခဲ့ပါသည္။ ၎ေနာက္ သဘာပတိအဖြဲ႕အဝင္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္ေဌးမွ ျပန္လည္ေ႐ြးခ်ယ္ထားေသာျပည္ေထာင္စုနယ္ေျမ၊ ပါတီေကာ္မတီဝင္မ်ား ၏အမည္စာရင္းအား ေၾကညာခဲ့ၿပီး သဘာပတိမွ သေဘာတူညီမႈ (၃)ႀကိမ္ရယူ အတည္ျပဳေပးခဲ့ပါသည္။
ဆက္လက္၍ျပန္လည္ေ႐ြးခ်ယ္ျခင္းခံရေသာ ျပည္ေထာင္စုနယ္ေျမ၊ပါတီေကာ္မတီဝင္မ်ားမွ သဘာပတိေရွ႕​ေမွာက္ဂတိသစၥာျပဳခဲ့ၾကပါသည္။
၎ေနာက္ပါတီအေထြေထြအတြင္းေရးမႉးမွ ယေန႔ျပည္ေထာင္စုနယ္ေျမ၊ပါတီေကာ္မတီဝင္မ်ား၊ ျပန္လည္ဖြဲ႕စည္းေရး ေဆာင္႐ြက္ရာတြင္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ စည္းမ်ဥ္းစည္းကမ္း ေကာင္းမွ လုပ္ထုံးလုပ္နည္းမွန္မွ ဖြဲ႕စည္းတည္ေဆာက္မႈဟာ မွန္မွာျဖစ္ပါေၾကာင္း၊ဆက္လက္၍ ျပည္သူ႔အက်ိဳးျပဳ၊ႏိုင္ငံအက်ိဳးျပဳ လုပ္ငန္းမ်ားကိုအားလုံးစည္းလုံးညီၫြတ္စြာပူးေပါင္းေဆာင္႐ြက္ၾကရန္နိဂုံးခ်ဳပ္ခ်ဳပ္အမွာစကား​ေျပာၾကားၿပီးအခမ္းအနားကို ေႂကြးေၾကာ္သံမ်ားျဖင့္႐ုပ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုနယ်မြေ၊ ပါတီကော်မတီဝင်များ ပြန်လည်ဖွဲ့စည်းရေးအခမ်းအနားသို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
======================
နေပြည်တော် စက်တင်ဘာ ၁၂
စက်တင်ဘာ (၁၂)ရက်နေ့၊နံနက် (၉:၃၀)နာရီ အချိန်တွင် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ် ပြည်ထောင်စုနယ်မြေ၊ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ပါတီကော်မတီဝင်များပြန်လည်ဖွဲ့စည်းရေးအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ၊ အထွေထွေအတွင်းရေးမှူးဦးသောင်းအေးတက်ရောက်ခဲ့ပါသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးဆောင်သောအဖွဲ့မှ သဘာပတိအဖွဲ့အဖြစ် တာဝန်ယူခဲ့ပြီး အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။
၎င်းနောက်ပါတီအထွေထွေအတွင်းရေးမှူးမှ ယနေ့သည်ပြည်ထောင်စုနယ်မြေ၊ ပါတီကော်မတီဝင်များပြန်လည်ဖွဲစည်းသောနေ့ဖြစ်ကြောင်း၊ ပါတီစည်ပုံအခြေခံစည်းမျဥ်းပါ ပြဌာန်းချက်များအတိုင်းပါတီကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းမှုများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပါတီဖွဲ့စည်းပုံစည်းမျဥ်းအရ ရွေးကောက်ပွဲးအလွန် အစိုးရသစ်တစ်ရပ်ပေါ်လာပြီး ခြောက်လအတွင်းမှာ ပါတီညီလာခံ ကျင်းပပြုလုပ်ရန်ပြဌာန်းထားခြင်းဖြစ်သည့်အတွက် မကြာခင် ပါတီညီလာခံအားစည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နှုတ်းခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုနယ်မြေ၊ပါတီတာဝန်ရှိသူတစ်ဦးမှလုပ်ငန်းအစီရင်ခံစာတင်သွင်းခဲ့ပါသည်။ ၎င်းနောက် သဘာပတိအဖွဲ့အဝင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဌေးမှ ပြန်လည်ရွေးချယ်ထားသောပြည်ထောင်စုနယ်မြေ၊ ပါတီကော်မတီဝင်များ ၏အမည်စာရင်းအား ကြေညာခဲ့ပြီး သဘာပတိမှ သဘောတူညီမှု (၃)ကြိမ်ရယူ အတည်ပြုပေးခဲ့ပါသည်။
ဆက်လက်၍ပြန်လည်ရွေးချယ်ခြင်းခံရသော ပြည်ထောင်စုနယ်မြေ၊ပါတီကော်မတီဝင်များမှ သဘာပတိရှေ့​မှောက်ဂတိသစ္စာပြုခဲ့ကြပါသည်။
၎င်းနောက်ပါတီအထွေထွေအတွင်းရေးမှူးမှ ယနေ့ပြည်ထောင်စုနယ်မြေ၊ပါတီကော်မတီဝင်များ၊ ပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက်ရာတွင် စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ စည်းမျဥ်းစည်းကမ်း ကောင်းမှ လုပ်ထုံးလုပ်နည်းမှန်မှ ဖွဲ့စည်းတည်ဆောက်မှုဟာ မှန်မှာဖြစ်ပါကြောင်း၊ဆက်လက်၍ ပြည်သူ့အကျိုးပြု၊နိုင်ငံအကျိုးပြု လုပ်ငန်းများကိုအားလုံးစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရန်နိဂုံးချုပ်ချုပ်အမှာစကား​ပြောကြားပြီးအခမ်းအနားကို ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ပါသည်။