တရားမဝင္ Online ေလာင္းကစားဂိမ္း ဦးေဆာင္သူ ခုႏွစ္ဦးအား ဖမ္းဆီးအ ေရးယူ

တရားမဝင္ Online ေလာင္းကစားဂိမ္း ဦးေဆာင္သူ ခုႏွစ္ဦးအား ဖမ္းဆီးအ ေရးယူ
======================
တရားမဝင္ Online ေလာင္းကစားဂိမ္း ဦးေဆာင္လုပ္ကိုင္သူ အမ်ိဳးသား ႏွစ္ေယာက္နဲ႔ အမ်ိဳးသမီး ငါးေယာက္ စုစုေပါင္း ခုနစ္ေယာက္ကို ဖမ္းဆီးရမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က စက္တင္ဘာလ ၁၃ ရက္မွာ ထုတ္ျပန္ ပါတယ္။

အြန္လိုင္းေလာင္းကစားဂိမ္းေတြကို ျပည္သူေတြ ပိုမိုကစားလာေစဖို႔အတြက္ Agent Level ေတြ အဆင့္ဆင့္သတ္ မွတ္ထားရွိၿပီး ဦးစီးေဆာင္႐ြက္တာ၊ ဆြဲေဆာင္စည္း႐ုံးတာနဲ႔ ေလာင္းကစားကြန္ရက္ က်ယ္ျပန႔္လာေအာင္ ေဆာင္ ႐ြက္တာေတြကို ေတြ႕ရွိရတာေၾကာင့္ Level ျမင့္ Agent ေတြကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ တာဝန္သိျပည္သူ ေတြရဲ႕ သတင္းေပးပို႔ခ်က္အရ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီလိုေဆာင္႐ြက္ရာမွာ စက္တင္ဘာလ ၂ ရက္က Ibet 789 Online ေလာင္းကစားဂိမ္း Senior Agent ၿဖိဳးသိဂႌကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ လက္ကိုင္ဖုန္း ၂ လုံးနဲ႔အတူ ဖမ္းမိခဲ့ၿပီး Senior Agent ႏွင္းဝတ္ရည္ေက်ာ္ အပါအဝင္ က်ဴးလြန္သူ ၃ ေယာက္ကိုလည္း မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ေနအိမ္တစ္အိမ္မွာ လက္ကိုင္ဖုန္း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ ေမာ္ေတာ္ယာဥ္ ၁ စီး တို႔နဲ႔အတူ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဆက္လက္ၿပီး စက္တင္ဘာလ ၄ ရက္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ ေရအုပ္ကန္ ရပ္ကြက္ရွိ ဟိုတယ္တစ္ခုမွာ အြန္လိုင္းေလာင္းကစားဂိမ္း Senior Agent ေက်ာ္စိုးလင္းကို လက္ကိုင္ဖုန္း ၂ လုံး၊ ေမာ္ေတာ္ ယာဥ္ ၂ စီးနဲ႔အတူ ဖမ္းမိခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္မွာ အြန္လိုင္းေလာင္းကစားဂိမ္း Senior Agent ယဥ္ယဥ္ႏုကို လက္ကိုင္ဖုန္း ၁ လုံးနဲ႔အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။
လက္ရွိမွာ ဖမ္းဆီးရမိတဲ့ အြန္လိုင္းေလာင္းကစားလုပ္ငန္း လုပ္ကိုင္သူ ခုနစ္ေယာက္ကို အမႈဖြင့္လွစ္ၿပီး ထိေရာက္ စြာ အေရးယူေဆာင္႐ြက္ေနကာ Online ေလာင္းကစား Agent အျဖစ္ ဦးစီးေဆာင္႐ြက္ေနသူေတြကိုလည္း ဆက္ လက္ေဖာ္ထုတ္ဖမ္းဆီးအေရးယူသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။


တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်သူ ခုနှစ်ဦးအား ဖမ်းဆီးအရေးယူ
======================
တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး ငါးယောက် စုစုပေါင်း ခုနစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန် ပါတယ်။

အွန်လိုင်းလောင်းကစားဂိမ်းတွေကို ပြည်သူတွေ ပိုမိုကစားလာစေဖို့အတွက် Agent Level တွေ အဆင့်ဆင့်သတ် မှတ်ထားရှိပြီး ဦးစီးဆောင်ရွက်တာ၊ ဆွဲဆောင်စည်းရုံးတာနဲ့ လောင်းကစားကွန်ရက် ကျယ်ပြန့်လာအောင် ဆောင် ရွက်တာတွေကို တွေ့ရှိရတာကြောင့် Level မြင့် Agent တွေကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူ တွေရဲ့ သတင်းပေးပို့ချက်အရ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ စက်တင်ဘာလ ၂ ရက်က Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်ကိုင်ဖုန်း ၂ လုံးနဲ့အတူ ဖမ်းမိခဲ့ပြီး Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် ကျူးလွန်သူ ၃ ယောက်ကိုလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်မှာ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီး တို့နဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး စက်တင်ဘာလ ၄ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန် ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ အွန်လိုင်းလောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်းကို လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော် ယာဉ် ၂ စီးနဲ့အတူ ဖမ်းမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ အွန်လိုင်းလောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နုကို လက်ကိုင်ဖုန်း ၁ လုံးနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ခုနစ်ယောက်ကို အမှုဖွင့်လှစ်ပြီး ထိရောက် စွာ အရေးယူဆောင်ရွက်နေကာ Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူတွေကိုလည်း ဆက် လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။