မန္စီးတီး အႏိုင္ဂိုးရရွိခဲ့သည့္ ဆုံးျဖတ္ခ်က္ လြဲမွားခဲ့ေၾကာင္း Pro Ref က ထုတ္ျပန္ေၾကညာ

မန္စီးတီး အႏိုင္ဂိုးရရွိခဲ့သည့္ ဆုံးျဖတ္ခ်က္ လြဲမွားခဲ့ေၾကာင္း Pro Ref က ထုတ္ျပန္ေၾကညာ
=========================
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္စီးတီးတိုက္စစ္မႉး ဟာလန္း သြင္းယူခဲ့တဲ့ဂိုးကို ခြင့္ျပဳေပးခဲ့တဲ့ VAR ဆုံးျဖတ္ခ်က္ မွားယြင္းေၾကာင္း Pro Ref က ထုတ္ျပန္ေၾကညာခဲ့ၿပီး မန္ယူအသင္းကိုလည္း ေတာင္းပန္ခဲ့ပါတယ္။
Pro Ref ဆိုတာက အဂၤလန္ႏိုင္ငံက ပေရာ္ဖက္ရွင္နယ္ေဘာလုံးပြဲေတြကို ႀကီးၾကပ္တဲ့ ပေရာ္ဖက္ရွင္နယ္ဒိုင္လူႀကီးမ်ားအဖြဲ႕အစည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ေဟာင္းဝပ္ဝက္ဘ္ ဦးေဆာင္ေနတာပါ။
မန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးတိုက္စစ္ကစားသမား ဖိုဒန္ ပြဲခ်ိန္(၂၃)မိနစ္ကတည္းက ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ မန္ယူအသင္းက တစ္ေယာက္အသာနဲ႔ ကစားခြင့္ရခဲ့ေပမဲ့ အႏိုင္ဂိုးကို ပြဲခ်ိန္မိနစ္(၆၀)မွာ ဟာလန္းက သြင္းယူသြားခဲ့တာပါ။
ဟာလန္းရဲ႕ဂိုးကို စည္းၾကပ္ဒိုင္က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့ေပမဲ့ VAR ဒိုင္အဖြဲက လူကြၽံေဘာမျဖစ္ဘူးလို ဆုံးျဖတ္ၿပီး ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ မန္ယူနည္းျပ ကာရစ္က ေဝဖန္ျပစ္တင္မႈျပဳလုပ္ခဲ့သလို၊ Pro Ref ကလည္း VAR ရဲ႕ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။
”မန္ယူႏိုက္တက္နဲ႔ မန္စီးတီးတိုရဲ႕ အိုးလ္ထရက္ဖိုဒ္က တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္ မိနစ္(၆၀)မွာ မေတာ္တဆမႈ ျဖစ္ခဲ့ၿပီး အာလင္းဟာလန္းရဲ႕ဂိုးကို ခြင့္ျပဳခဲ့ျခင္းအတြက္ ကြၽန္ေတာ္တို ရွင္းလင္းခ်က္ေပးႏိုင္ပါတယ္။ ကြင္းအတြင္းဆုံးျဖတ္ခ်က္က အာလင္းဟာလန္း လူကြၽံတယ္လို သတ္မွတ္ခဲ့တာပါ။ ဒါကို VAR က လူကြၽံအေနအထားမဟုတ္ဘူးလို သတ္မွတ္ခဲ့ပါတယ္။ အဲဒီတိုက္စစ္ဆင္မႈမွာ အန္ဇိုဖာနန္ဒက္ဇ္က ေဘာလုံးမကစားခဲ့တာေၾကာင့္ လူကြၽံေဘာမဟုတ္ဘူးလို သတ္မွတ္ခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕ေနရာယူထားမႈက သက္ေရာက္မႈရွိႏိုင္တာကို VAR က သတိမျပဳမိခဲ့ပါဘူး။ ကြင္းလယ္ဒိုင္ကို ျပန္လည္ၾကည့္ရႈသုံးသပ္ဖို အႀကံျပဳခဲ့သင့္ပါတယ္။ ကြၽန္ေတာ္တို မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို ယူဆတာေၾကာင့္ မန္ယူႏိုက္တက္အသင္းကို ဆက္သြယ္ေျပာၾကားခဲ့ပါတယ္။ ဒီျဖစ္ရပ္ကိုလည္း ျပန္လည္သုံးသပ္သြားမွာပါ” လို ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။


မန်စီးတီး အနိုင်ဂိုးရရှိခဲ့သည့် ဆုံးဖြတ်ချက် လွဲမှားခဲ့ကြောင်း Pro Ref က ထုတ်ပြန်ကြေညာ
=========================
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း သွင်းယူခဲ့တဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း Pro Ref က ထုတ်ပြန်ကြေညာခဲ့ပြီး မန်ယူအသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။
Pro Ref ဆိုတာက အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဘောလုံးပွဲတွေကို ကြီးကြပ်တဲ့ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်းဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ် ဦးဆောင်နေတာပါ။
မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ပွဲချိန်(၂၃)မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ယူအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမဲ့ အနိုင်ဂိုးကို ပွဲချိန်မိနစ်(၆၀)မှာ ဟာလန်းက သွင်းယူသွားခဲ့တာပါ။
ဟာလန်းရဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ VAR ဒိုင်အဖွဲက လူကျွံဘောမဖြစ်ဘူးလို ဆုံးဖြတ်ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနည်းပြ ကာရစ်က ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သလို၊ Pro Ref ကလည်း VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
”မန်ယူနိုက်တက်နဲ့ မန်စီးတီးတိုရဲ့ အိုးလ်ထရက်ဖိုဒ်က တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် မိနစ်(၆၀)မှာ မတော်တဆမှု ဖြစ်ခဲ့ပြီး အာလင်းဟာလန်းရဲ့ဂိုးကို ခွင့်ပြုခဲ့ခြင်းအတွက် ကျွန်တော်တို ရှင်းလင်းချက်ပေးနိုင်ပါတယ်။ ကွင်းအတွင်းဆုံးဖြတ်ချက်က အာလင်းဟာလန်း လူကျွံတယ်လို သတ်မှတ်ခဲ့တာပါ။ ဒါကို VAR က လူကျွံအနေအထားမဟုတ်ဘူးလို သတ်မှတ်ခဲ့ပါတယ်။ အဲဒီတိုက်စစ်ဆင်မှုမှာ အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးမကစားခဲ့တာကြောင့် လူကျွံဘောမဟုတ်ဘူးလို သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နေရာယူထားမှုက သက်ရောက်မှုရှိနိုင်တာကို VAR က သတိမပြုမိခဲ့ပါဘူး။ ကွင်းလယ်ဒိုင်ကို ပြန်လည်ကြည့်ရှုသုံးသပ်ဖို အကြံပြုခဲ့သင့်ပါတယ်။ ကျွန်တော်တို မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို ယူဆတာကြောင့် မန်ယူနိုက်တက်အသင်းကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ပြန်လည်သုံးသပ်သွားမှာပါ” လို ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။