ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း ပါတီေကာ္မတီေ႐ြးခ်ယ္ဖြဲ႕စည္းေရးအခမ္းအနား က်င္းပ

ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း ပါတီေကာ္မတီေ႐ြးခ်ယ္ဖြဲ႕စည္းေရးအခမ္းအနား က်င္းပ
======================
ျပည္ စက္တင္ဘာ ၁၃

ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း ပါတီေကာ္မတီေ႐ြးခ်ယ္ဖြဲစည္းေရးအခမ္းအနားကို စက္တင္ဘာ ၁၂ ရက္ နံနက္ ၉ နာရီတြင္ ျပည္ၿမိဳရွိ တိုင္းေဒသႀကီးပါတီေကာ္မတီ႐ုံး၌ က်င္းပခဲ့သည္။

အခမ္းအနားသို ေပါင္းစပ္ညႇိႏွိင္းေရးမႉး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ သဘာပတိအဖြဲဝင္မ်ား၊ တိုင္းႏွင့္ ခ႐ိုင္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ၾကသည္။

အခမ္းအနားတြင္ ပါတီလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တိုင္းပါတီဥကၠ႒၊ အတြင္းေရးမႉး၊ ဘ႑ာေရးမႉး၊ တိုင္းေကာ္မတီဝင္မ်ားႏွင့္ အရန္တိုင္းေကာ္မတီဝင္မ်ား ေ႐ြးခ်ယ္ျခင္း၊ ဗဟိုေကာ္မတီဝင္ႏွင့္ အရန္ဗဟိုေကာ္မတီဝင္မ်ား လ်ာထားတင္ျပျခင္းတိုကို ေဆာင္႐ြက္ၿပီးစီးခဲ့သည္။


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပါတီကော်မတီရွေးချယ်ဖွဲ့စည်းရေးအခမ်းအနား ကျင်းပ
======================
ပြည် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပါတီကော်မတီရွေးချယ်ဖွဲစည်းရေးအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီတွင် ပြည်မြိုရှိ တိုင်းဒေသကြီးပါတီကော်မတီရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို ပေါင်းစပ်ညှိနှိင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ သဘာပတိအဖွဲဝင်များ၊ တိုင်းနှင့် ခရိုင်ပါတီများမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပါတီလုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တိုင်းကော်မတီဝင်များနှင့် အရန်တိုင်းကော်မတီဝင်များ ရွေးချယ်ခြင်း၊ ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များ လျာထားတင်ပြခြင်းတိုကို ဆောင်ရွက်ပြီးစီးခဲ့သည်။