ဒ႐ုန္းတိုက္ခိုက္ခံရၿပီးေနာက္ MAI ၏ မႏၲေလး ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ယာယီရပ္ဆိုင္း

ဒ႐ုန္းတိုက္ခိုက္ခံရၿပီးေနာက္ MAI ၏ မႏၲေလး ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ား ယာယီရပ္ဆိုင္း
========================
(ျပည္တြင္း) စက္တင္ဘာ ၁၁
မႏၲေလးၿမိဳ႕ရွိ တံတားဦးအျပည္ျပည္ဆိုင္ရာေလဆိပ္ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရၿပီးေနာက္ MAI ေလေၾကာင္းလိုင္းမွ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ပ်ံသန္းေျပးဆြဲေနေသာ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားႏွင့္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာပ်ံသန္းေသာ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားအားလုံးကို အသိေပးခ်က္ ထပ္မံမထုတ္ျပန္မခ်င္း ယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း MAI က အသိေပးထားသည္။
ယင္းကာလအတြင္း MAI ႏွင့္ Mingalar ေလေၾကာင္းလိုင္းမ်ားမွ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ပ်ံသန္းမည့္ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားႏွင့္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာမည့္ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားအားလုံးကို အနီးစခန္းေလဆိပ္ (ျပင္ဦးလြင္) သို႔ ေျပာင္းလဲေျပးဆြဲေပးမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလေၾကာင္းခရီးစဥ္မ်ားႏွင့္ ပတ္သက္၍ ထိခိုက္မႈရွိသည့္ ခရီးသည္မ်ားအေနျဖင့္ ေအာက္ပါေ႐ြးခ်ယ္စရာမ်ားထဲမွ တစ္ခုကို ေ႐ြးခ်ယ္ႏိုင္ေၾကာင္း MAI က အသိေပးထားသည္။
လက္မွတ္ဖိုးအျပည့္အဝ ျပန္အမ္းေငြ ရယူျခင္း။ထိုင္ခုံေနရာရရွိႏိုင္မႈအေပၚ မူတည္၍ တစ္ႀကိမ္ အခမဲ့လမ္းေၾကာင္းေျပာင္းလဲျခင္း။မ်ားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းအသိေပးထားသည္။
ခရီးသြားေအးဂ်င့္မ်ား သို႔မဟုတ္ OTA မ်ားမွတစ္ဆင့္ လက္မွတ္ဝယ္ယူထားသည့္ ခရီးသည္မ်ားအေနျဖင့္ အကူအညီရယူရန္ မိမိတို႔လက္မွတ္ဝယ္ယူခဲ့သည့္ ေအးဂ်င့္မ်ားထံသို႔ တိုက္႐ိုက္ဆက္သြယ္ေပးပါရန္ MAI က ေမတၱာရပ္ခံထားသည္။
ျဖစ္ေပၚလာသည့္ အဆင္မေျပမႈမ်ားအတြက္ အထူးေတာင္းပန္အပ္ၿပီး နားလည္ေပးမႈအတြက္ ေက်းဇူးတင္ရွိေၾကာင္းႏွင့္ ထပ္မံထုတ္ျပန္မည့္ အခ်က္အလက္မ်ားကို MAI ၏ တရားဝင္ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားမွတစ္ဆင့္ အသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ #PAN


ဒရုန်းတိုက်ခိုက်ခံရပြီးနောက် MAI ၏ မန္တလေး နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်
========================
(ပြည်တွင်း) စက်တင်ဘာ ၁၁

မန္တလေးမြို့ရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် MAI လေကြောင်းလိုင်းမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲနေသော နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းသော နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း MAI က အသိပေးထားသည်။

ယင်းကာလအတွင်း MAI နှင့် Mingalar လေကြောင်းလိုင်းများမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံးကို အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့ ပြောင်းလဲပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ ထိခိုက်မှုရှိသည့် ခရီးသည်များအနေဖြင့် အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို ရွေးချယ်နိုင်ကြောင်း MAI က အသိပေးထားသည်။

လက်မှတ်ဖိုးအပြည့်အဝ ပြန်အမ်းငွေ ရယူခြင်း။ထိုင်ခုံနေရာရရှိနိုင်မှုအပေါ် မူတည်၍ တစ်ကြိမ် အခမဲ့လမ်းကြောင်းပြောင်းလဲခြင်း။များဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

ခရီးသွားအေးဂျင့်များ သို့မဟုတ် OTA များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် အကူအညီရယူရန် မိမိတို့လက်မှတ်ဝယ်ယူခဲ့သည့် အေးဂျင့်များထံသို့ တိုက်ရိုက်ဆက်သွယ်ပေးပါရန် MAI က မေတ္တာရပ်ခံထားသည်။

ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် အထူးတောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ထပ်မံထုတ်ပြန်မည့် အချက်အလက်များကို MAI ၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ #PAN