ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအသင္း တံခြန္စိုက္ဆုဖလားဆြတ္ခူးရရွိ

ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအသင္း တံခြန္စိုက္ဆုဖလားဆြတ္ခူးရရွိ
=========================
စက္တင္ဘာ ၁၀

အားကစားေရးရာဝန္ႀကီးဌာန အားကစားႏွင့္ကာယပညာဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္း အဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းက်င္းပသည့္ ၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္း(အမ်ိဳးသား)ၿပိဳင္ပြဲကို မေန႔ကနံနက္ပိုင္းတြင္ ေနျပည္ေတာ္ ဝဏၰသိဒၶိအားကစားကြင္းရွိ အားကစား႐ုံ(A)၌ က်င္းပရာ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊ ဝန္ႀကီးဌာနမ်ားမွ ဝန္ထမ္းမ်ား၊ အားကစားဝါသနာရွင္မ်ား တစ္ခဲနက္ လာေရာက္ၾကည့္ရႈအားေပးခဲ့သည္။

ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းအမ်ိဳးသား(၄)ေယာက္တြဲ အဖြဲ႕လိုက္ၿပိဳင္ပြဲ အႀကိဳဗိုလ္လုပြဲ ပြဲစဥ္မ်ားအျဖစ္ေဆာက္လုပ္ေရးဝန္ႀကီးဌာနအသင္းက သာသနာေရးဝန္ႀကီးဌာနအသင္းကို (၂)ပြဲျပတ္ျဖင့္ လည္းေကာင္း၊ ျပည္ထဲေရးဝန္ႀကီးဌာနအသင္းက နယ္စပ္ေရးရာဝန္ႀကီးဌာနအသင္းကို (၂) ပြဲျပတ္ျဖင့္ လည္းေကာင္း၊ တတိယလုပြဲ ပြဲစဥ္တြင္ နယ္စပ္ေရးရာဝန္ႀကီးဌာနအသင္းက သာသနာေရးဝန္ႀကီးဌာန အသင္းကို (၂)ပြဲ (၁)ပြဲျဖင့္လည္းေကာင္း၊ ဗိုလ္လုပြဲ ပြဲစဥ္တြင္ေဆာက္လုပ္ေရးဝန္ႀကီးဌာနအသင္းက ျပည္ထဲေရးဝန္ႀကီးဌာနအသင္းကို (၂)ပြဲ (၁)ပြဲျဖင့္လည္းေကာင္း ယွဥ္ၿပိဳင္အႏိုင္ရရွိခဲ့သည္။

၂၀၂၆ ခုႏွစ္၊ ဝန္ႀကီးဌာနေပါင္းစုံပိုက္ေက်ာ္ျခင္း(အမ်ိဳးသား)ၿပိဳင္ပြဲကို စက္တင္ဘာလ ၃ ရက္မွ စက္တင္ဘာလ ၉ ရက္အထိ ေနျပည္ေတာ္၊ ဝဏၰသိဒၶိအားကစားကြင္းရွိ အားကစား႐ုံ(A)၌ ၿပိဳင္ပြဲ ကာလ(၇)ရက္ၾကာက်င္းပရာ ဝန္ႀကီးဌာနမ်ားမွ ၿပိဳင္ပြဲဝင္အမ်ိဳးသား အသင္း ၂၇ သင္း၊ စုစုေပါင္း ၿပိဳင္ပြဲဝင္အင္အား ၂၆၄ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။


ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း တံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိ
=========================
စက်တင်ဘာ ၁၀

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို မနေ့ကနံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂) ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာန အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင်ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲ ကာလ(၇)ရက်ကြာကျင်းပရာ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၂၇ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။