ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ




ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
============
စက္တင္ဘာ ၆၊ မႏၲေလး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၅-၉-၂၀၂၆ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးပါတီ ဥကၠ႒ ဦးေအာင္ေက်ာ္မိုးႏွင့္အတူ တိုင္းေဒသႀကီးအတြင္းရွိ ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက ပါတီပိုင္းဆိုင္ရာကိစၥရပ္မ်ား၊ ပါတီ၏လႈပ္ရွားေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ား၊ အေထြေထြေ႐ြးေကာက္ပြဲ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးဆိုင္ရာလုပ္ငန္းမ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာေသာ ပါတီတာဝန္ရွိသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ တိုင္းေဒသႀကီး/ ခ႐ိုင္/ ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ား၊ ပါတီတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
============
စက်တင်ဘာ ၆၊ မန္တလေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၅-၉-၂၀၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပါတီ၏လှုပ်ရှားဆောင်ရွက်နေသော လုပ်ငန်းများ၊ အထွေထွေရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်ရာလုပ်ငန်းများအား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပါတီတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။




