ခရမ္းခ်ဥ္သီးမွာ အသည္းက်န္းမာေရးအတြက္ ျဒပ္ေပါင္းအသစ္တစ္မ်ိဳး

ခရမ္းခ်ဥ္သီးမွာ အသည္းက်န္းမာေရးအတြက္ ျဒပ္ေပါင္းအသစ္တစ္မ်ိဳး
====================
ပါဝင္ခရမ္းခ်ဥ္သီးထဲမွာ သာမန္အားျဖင့္ မျမင္ႏိုင္တဲ့ ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္ေနၿပီး အဲဒီျဒပ္ေပါင္းဟာအသည္းအဆီဖုံးေရာဂါကို ကာကြယ္ရာမွာ ထိေရာက္တဲ့ အက်ိဳးေက်းဇူးေတြေပးႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံ Tufts တကၠသိုလ္မွသုေတသီေတြကေတြ႕ရွိခဲ့ပါတယ္။
ယခင္က ခရမ္းခ်ဥ္သီးရဲ႕ အဓိကအက်ိဳးေက်းဇူးကိုနီရဲတဲ့အေရာင္ျဖစ္ေစတဲ့လိုင္ကိုပင္းဓာတ္ေၾကာင့္လို႔ပဲယူဆခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုေလ့လာမႈမွာေတာ့ လိုင္ကိုပင္းမျဖစ္မီေရွ႕ေျပးျဖစ္တဲ့ ဖိုင္တိုအင္းဆိုတဲ့အေရာင္မဲ့ျဒပ္ေပါင္းတစ္မ်ိဳးဟာလည္း အသည္းမွာအဆီစုပုံမႈကို သိသိသာသာေလွ်ာ့ခ်ေပးႏိုင္ေၾကာင္းေတြ႕ရွိခဲ့တာပါ။
သုေတသနျပဳလုပ္ခ်က္အရ ႂကြက္ေတြကိုျပဳျပင္ထားတဲ့ကာဘိုဟိုက္ဒရိတ္အစားအစာေတြေကြၽးေမြးၿပီး အဆီဖုံးေရာဂါျဖစ္ပြားေစတဲ့အေျခအေန ဖန္တီးခဲ့ရာမွာ ဖိုင္တိုအင္းဓာတ္ရရွိတဲ့ ႂကြက္ေတြဟာမရရွိတဲ့ႂကြက္ေတြထက္ အသည္းအဆီဖုံးမႈနည္းပါးေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။ Phytoeneဟာအသည္းရဲ႕ဇီဝကမၼျဖစ္စဥ္ကိုလႈံ႕ေဆာ္ေပးၿပီး ပိုလွ်ံေနတဲ့အဆီေတြကိုေလာင္ကြၽမ္းေစတာေၾကာင့္အသည္းဆဲလ္ေတြထဲ အဆီစုပုံမသြားေအာင္ ကူညီေပးတာျဖစ္ပါတယ္။
ဒီဖိုင္တိုအင္းဓာတ္ဟာ ခရမ္းခ်ဥ္သီးအထူးသျဖင့္ ခရမ္းခ်ဥ္သီးအႏွစ္မွာ အမ်ားဆုံးပါဝင္႐ုံတင္မကဘဲ မုန္လာဥနီ၊ င႐ုတ္ပြနီ၊ ဖရဲသီး၊ သေဘၤာသီးနဲ႔ မက္မြန္သီးတို႔လို အသီးအႏွံေတြမွာလည္း ႂကြယ္ဝစြာပါဝင္ပါတယ္။
အဆီမ်ားတဲ့အစားအစာေတြနဲ႔သၾကားဓာတ္မ်ားတဲ့ အစားအစာေတြေၾကာင့္ ျဖစ္ပြားတတ္တဲ့အသည္းအဆီဖုံးေရာဂါကိုကာကြယ္ဖို႔အတြက္ ဖိုင္တိုအင္းျဒပ္ေပါင္းရရွိႏိုင္မယ့္သဘာဝအသီးအႏွံေတြကို ပိုမိုစားသုံးေပးသင့္ေၾကာင္း သုေတသီေတြကတိုက္တြန္းထားပါတယ္။ Ref: STD #MWD
ခရမ်းချဉ်သီးမှာ အသည်းကျန်းမာရေးအတွက် ဒြပ်ပေါင်းအသစ်တစ်မျိုး
====================
ပါဝင်ခရမ်းချဉ်သီးထဲမှာ သာမန်အားဖြင့် မမြင်နိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်နေပြီး အဲဒီဒြပ်ပေါင်းဟာအသည်းအဆီဖုံးရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ အကျိုးကျေးဇူးတွေပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Tufts တက္ကသိုလ်မှသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။
ယခင်က ခရမ်းချဉ်သီးရဲ့ အဓိကအကျိုးကျေးဇူးကိုနီရဲတဲ့အရောင်ဖြစ်စေတဲ့လိုင်ကိုပင်းဓာတ်ကြောင့်လို့ပဲယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလေ့လာမှုမှာတော့ လိုင်ကိုပင်းမဖြစ်မီရှေ့ပြေးဖြစ်တဲ့ ဖိုင်တိုအင်းဆိုတဲ့အရောင်မဲ့ဒြပ်ပေါင်းတစ်မျိုးဟာလည်း အသည်းမှာအဆီစုပုံမှုကို သိသိသာသာလျှော့ချပေးနိုင်ကြောင်းတွေ့ရှိခဲ့တာပါ။
သုတေသနပြုလုပ်ချက်အရ ကြွက်တွေကိုပြုပြင်ထားတဲ့ကာဘိုဟိုက်ဒရိတ်အစားအစာတွေကျွေးမွေးပြီး အဆီဖုံးရောဂါဖြစ်ပွားစေတဲ့အခြေအနေ ဖန်တီးခဲ့ရာမှာ ဖိုင်တိုအင်းဓာတ်ရရှိတဲ့ ကြွက်တွေဟာမရရှိတဲ့ကြွက်တွေထက် အသည်းအဆီဖုံးမှုနည်းပါးကြောင်းတွေ့ရှိခဲ့ရပါတယ်။ Phytoeneဟာအသည်းရဲ့ဇီဝကမ္မဖြစ်စဉ်ကိုလှုံ့ဆော်ပေးပြီး ပိုလျှံနေတဲ့အဆီတွေကိုလောင်ကျွမ်းစေတာကြောင့်အသည်းဆဲလ်တွေထဲ အဆီစုပုံမသွားအောင် ကူညီပေးတာဖြစ်ပါတယ်။
ဒီဖိုင်တိုအင်းဓာတ်ဟာ ခရမ်းချဉ်သီးအထူးသဖြင့် ခရမ်းချဉ်သီးအနှစ်မှာ အများဆုံးပါဝင်ရုံတင်မကဘဲ မုန်လာဥနီ၊ ငရုတ်ပွနီ၊ ဖရဲသီး၊ သင်္ဘောသီးနဲ့ မက်မွန်သီးတို့လို အသီးအနှံတွေမှာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။
အဆီများတဲ့အစားအစာတွေနဲ့သကြားဓာတ်များတဲ့ အစားအစာတွေကြောင့် ဖြစ်ပွားတတ်တဲ့အသည်းအဆီဖုံးရောဂါကိုကာကွယ်ဖို့အတွက် ဖိုင်တိုအင်းဒြပ်ပေါင်းရရှိနိုင်မယ့်သဘာဝအသီးအနှံတွေကို ပိုမိုစားသုံးပေးသင့်ကြောင်း သုတေသီတွေကတိုက်တွန်းထားပါတယ်။ Ref: STD #MWD




