ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံး ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံ ေထာက္ပံ့




ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံး ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံ ေထာက္ပံ့
မႏၲေလး၊ စက္တင္ဘာ ၆
====================
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ ဒုတိယဥကၠ႒တို႔ႏွင့္အတူ စက္တင္ဘာ ၅ ရက္ မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံး ဝန္ထမ္းမ်ားအား ေတြ႕ဆုံခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီႏွင့္ မိသားစုမွ လႉဒါန္းေသာ ဆန္၊ ဆီႏွင့္ ၾကက္ဥမ်ား ေထာက္ပံခဲ့ပါသည္။
ေတြ႕ဆုံစဥ္ လႊတ္ေတာ္ဥကၠ႒က ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားကာ ဝန္ထမ္းမ်ား၏ လုပ္ငန္းတာဝန္မ်ားႏွင့္ လႊတ္ေတာ္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ လိုအပ္သည္မ်ားကို အားေပးမွာၾကားခဲ့သည္။
ထို႔ေနာက္ ဝန္ထမ္းမ်ား၏ သားသမီးမ်ားအတြက္ ပညာသင္ေထာက္ပံ့ေငြမ်ားႏွင့္ ဝန္ထမ္းမ်ားအတြက္ စားေသာက္ကုန္ပစၥည္းမ်ား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ ထောက်ပံ့
မန္တလေး၊ စက်တင်ဘာ ၆
====================
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့် မိသားစုမှ လှူဒါန်းသော ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံခဲ့ပါသည်။
တွေ့ဆုံစဉ် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များနှင့် လွှတ်တော်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အားပေးမှာကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။




