၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဖြင့္ပြဲက်င္းပ

၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဖြင့္ပြဲက်င္းပ
======================
ဝန္ႀကီးဌာန အဖြဲ႕အစည္းမ်ားအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုရရွိလာေစေရး၊ ျပည္သူလူထုအတြင္း ပိုက္ေက်ာ္ျခင္း အားကစားနည္းကို တစ္ႏွစ္ထက္တစ္ႏွစ္ စိမ့္ဝင္ျပန႔္ပြားလာေစေရး၊ အားကစားသမားမ်ား အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈရရွိေစေရး၊ ျမန္မာ့ပိုက္ေက်ာ္ျခင္းအားကစားအဆင့္အတန္း ပိုမိုတိုး တက္ျမင့္မားလာေစေရးႏွင့္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြက္လာေစေရးတို႔အတြက္ရည္႐ြယ္၍ အားကစားေရးရာ ဝန္ႀကီးဌာန အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ႀကီးမႉး၍ ျမန္မာႏိုင္ငံ ပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ႏွင့္ ပူးေပါင္းက်င္းပသည့္ ၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ေနျပည္ေတာ္ ဝဏၰသိဒၶိအားကစားကြင္းရွိ အားကစား႐ုံ(A)၌ က်င္းပေနပါသည္။
ဖြင့္ပြဲသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဖုန္းျမတ္၊ ဦးတင္ဦးလြင္၊ ဦးသန္းေမာင္၊ ျမန္မာႏိုင္ငံ အိုလံပစ္ေကာ္မတီဥကၠ႒၊ အားကစားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရဲျမင့္ထြန္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ဦးကံျမင့္သန္း၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ေဒါက္တာခင္ႏိုင္ဦး၊ ဒုတိယဝန္ႀကီးမ်ား၊ အားကစားေရးရာဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အရာထမ္း၊ အမႈထမ္းမ်ား၊ ျမန္မာႏိုင္ငံ ပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ႏွင့္ ၿပိဳင္ပြဲ က်င္းပေရးအဖြဲ႕မွ တာဝန္ရွိသူမ်ား၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွ ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူ/ နည္းျပ မ်ားႏွင့္ အားကစားသမားမ်ား တက္ေရာက္ၾကသည္။
ဦးစြာ ျမန္မာႏိုင္ငံ အိုလံပစ္ေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီးက ယေန႔ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ဝန္ႀကီးဌာနကိုယ္စားျပဳအသင္း မ်ားမွ အားကစားသမား ေမာင္/မယ္မ်ားအေနျဖင့္ မိမိတို႔ ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ဝန္ႀကီးဌာနအသင္းေအာင္ႏိုင္ေရးအတြက္ မိမိတို႔၏အစြမ္းအစႏွင့္ အရည္အေသြးမ်ားကို အစြမ္းကုန္ေဖာ္ထုတ္ျပသၿပီး အားကစားစိတ္ဓာတ္အျပည့္အဝျဖင့္ အႏိုင္မခံအရႈံးမေပးဘဲ အေကာင္းဆုံးပါဝင္ယွဥ္ၿပိဳင္သြားၾကေစလိုေၾကာင္း၊ ယခုၿပိဳင္ပြဲမွတစ္ဆင့္ ျမန္မာ့လက္ေ႐ြးစင္ ပိုက္ေက်ာ္ျခင္းအသင္းကို အင္အားျဖည့္တင္းေပးႏိုင္မည့္ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားအားထုတ္ေလ့က်င့္ သြားရန္ တိုက္တြန္းမွာၾကားခဲ့ၿပီး၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ဖြင့္လွစ္ေပးသည္။
ဆက္လက္၍ ၿပိဳင္ပြဲတြင္ ပါဝင္ကူညီအားျဖည့္ေပးခဲ့သည့္ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၆) အေျခခံပညာအထက္တန္းေက်ာင္းမွ ဘင္ခရာအဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္၃သိန္းေပးအပ္ခ်ီးျမႇင့္ၿပီးပိုက္ေက်ာ္ျခင္းအမ်ိဳးသား၃ေယာက္တြဲ အဖြဲ႕လိုက္ၿပိဳင္ပြဲတြင္နယ္စပ္ေရးရာဝန္ႀကီးဌာနအသင္းႏွင့္ ေဆာက္လုပ္ ေရးဝန္ႀကီးဌာနအသင္းတို႔၏ယွဥ္ၿပိဳင္ကစားေနမႈမ်ားကို ၾကည့္ရႈအားေပးၾကသည္။
အဆိုပါ ၂၀၂၆ ခုႏွစ္ ဝန္ႀကီးဌာနေပါင္းစုံ ပိုက္ေက်ာ္ျခင္း(အမ်ိဳးသား)ၿပိဳင္ပြဲမ်ားကို စက္တင္ဘာလ ၃ ရက္မွ ၉ ရက္အထိ ေနျပည္ေတာ္ ဝဏၰသိဒၶိအားကစားကြင္းရွိ အားကစား႐ုံ (A)၌ ၿပိဳင္ပြဲကာလ ၇ ရက္ၾကာ က်င္းပသြားမည္ျဖစ္ၿပီး ဝန္ႀကီးဌာနမ်ားမွ ၿပိဳင္ပြဲဝင္ အမ်ိဳးသားအသင္း ၂၇ သင္း၊ စုစုေပါင္း ၿပိဳင္ပြဲဝင္အင္အား ၂၆၄ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္၍ အားကစားဝါသနာရွင္ မိဘျပည္သူမ်ားအေနျဖင့္ မည္သူမဆို “အခမဲ့” လာေရာက္ၾကည့္ရႈအား ေပးႏိုင္ေၾကာင္း သိရသည္။ ျမဝတီ
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
======================
ဝန်ကြီးဌာန အဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်း အားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွားလာစေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုး တက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပနေပါသည်။
ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးတင်ဦးလွင်၊ ဦးသန်းမောင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပြိုင်ပွဲ ကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြ များနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယနေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်း များမှ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ဝန်ကြီးဌာနအသင်းအောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစနှင့် အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို အင်အားဖြည့်တင်းပေးနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့် သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်၃သိန်းပေးအပ်ချီးမြှင့်ပြီးပိုက်ကျော်ခြင်းအမျိုးသား၃ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများကို စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (A)၌ ပြိုင်ပွဲကာလ ၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအား ပေးနိုင်ကြောင်း သိရသည်။ မြဝတီ




