ပါတီဗဟိုအလုပ္အမႈေဆာင္ႏွင့္ တိုင္းေဒသႀကီးပါတီဥကၠ႒ေတာင္ငူခ႐ိုင္အတြင္းရွိ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး

ပါတီဗဟိုအလုပ္အမႈေဆာင္ႏွင့္ တိုင္းေဒသႀကီးပါတီဥကၠ႒ေတာင္ငူခ႐ိုင္အတြင္းရွိ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး
==================================
ေတာင္ငူ၊ စက္တင္ဘာ၃

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) ဗဟိုအလုပ္အမႈေဆာင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) ေပါင္းစပ္ညႇိႏွိင္းေရးမႉး ဦးလွသိန္း၊ ေခတၱတိုင္းပါတီဥကၠ႒ ဦးေအာင္ဝင္းထြန္းႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ားသည္ စက္တင္ဘာလ ၃ရက္ေန႔ နံနက္ ၁၁နာရီတြင္ ေတာင္ငူခ႐ိုင္ပါတီ႐ုံး အစည္းအေဝးခန္းမ၌ ခ႐ိုင္ႏွင့္ ၿမိဳနယ္ပါတီတာဝန္ရွိသူမ်ားအား ေတြ႕ဆုံေဆြးေႏြးခဲ့သည္။
အဆိုပါေတြ႕ဆုံပြဲသို ေတာင္ငူခ႐ိုင္ဥကၠ႒ ဦးေက်ာ္ေဌးႏွင့္ခ႐ိုင္ေကာ္မတီဝင္မ်ား ၊ ေရတာရွည္၊ ေတာင္ငူ၊ ထန္းတပင္၊ အုတ္တြင္းႏွင့္ ျဖဴးၿမိဳနယ္မ်ားမွ ၿမိဳနယ္ပါတီဥကၠ႒မ်ားႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကသည္။ ေတြ႕ဆုံခဲ့ရာတြင္ ဗဟိုအလုပ္အမႈေဆာင္မွ ႏႈတ္ခြန္းဆက္စကားစကားေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာ တာဝန္ရွိသူမ်ားအား ပါတီ၏ေရွ႕လုပ္ငန္းစဥ္မ်ားအား စနစ္တက် အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး ၊ ပါတီအဆင့္ဆင့္အား ျပန္လည္ေ႐ြးခ်ယ္ ဖြဲစည္းခန္႔အပ္ တာဝန္မ်ားေပးအပ္ရာတြင္ သတ္မွတ္ျပဌာန္းထားေသာ စည္းကမ္း အရည္အခ်င္းသတ္မွတ္ခ်က္မ်ားအတိုင္းေဆာင္႐ြက္ေစေရး ၊ အရည္အခ်င္းျပည့္ဝေသာလူငယ္/အမ်ိဳးသမီးမ်ားအား ထည့္သြင္းဖြဲစည္းေစေရး ၊ မိမိတိုပါတီ၏ ဦးတည္ခ်က္ ရည္မွန္းခ်က္မ်ားအျပင္ ပါတီ၏ေဆာင္ပုဒ္အား ေလးနက္တည္ၾကည္စြာ တန္ဖိုးထား၍ က်ရာအခန္းက႑မ်ားမွ ေပးအပ္လာေသာတာဝန္မ်ားကို ေက်ပြန္စြာတက္ညီ လက္ညီေဆာင္႐ြက္ၾကရန္တိုကို အထူးအေလးေပး ထည့္သြင္းေျပာၾကားခဲ့သည္။ အစီအစဥ္အရ တက္ေရာက္လာၾကေသာ ခ႐ိုင္ ၿမိဳနယ္ ပါတီတာဝန္ရွိသူမ်ားမွ နယ္ေျမေဒသအလိုပ္ေဆာင္႐ြက္ေနမႈမ်ားအား တင္ျပရွင္းလင္းခဲ့ၿပီး တာဝန္ရွိသူမ်ားမွေပါင္းစပ္ညႇိႏွိင္းခဲ့ၾကသည္ ။


ပါတီဗဟိုအလုပ်အမှုဆောင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတောင်ငူခရိုင်အတွင်းရှိ ပါတီတာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေး
==================================
တောင်ငူ၊ စက်တင်ဘာ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပေါင်းစပ်ညှိနှိင်းရေးမှူး ဦးလှသိန်း၊ ခေတ္တတိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် စက်တင်ဘာလ ၃ရက်နေ့ နံနက် ၁၁နာရီတွင် တောင်ငူခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြိုနယ်ပါတီတာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ခရိုင်ကော်မတီဝင်များ ၊ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြိုနယ်များမှ မြိုနယ်ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင်မှ နှုတ်ခွန်းဆက်စကားစကားပြောကြားခဲ့ပြီး တက်ရောက်လာသော တာဝန်ရှိသူများအား ပါတီ၏ရှေ့လုပ်ငန်းစဥ်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊ ပါတီအဆင့်ဆင့်အား ပြန်လည်ရွေးချယ် ဖွဲစည်းခန့်အပ် တာဝန်များပေးအပ်ရာတွင် သတ်မှတ်ပြဌာန်းထားသော စည်းကမ်း အရည်အချင်းသတ်မှတ်ချက်များအတိုင်းဆောင်ရွက်စေရေး ၊ အရည်အချင်းပြည့်ဝသောလူငယ်/အမျိုးသမီးများအား ထည့်သွင်းဖွဲစည်းစေရေး ၊ မိမိတိုပါတီ၏ ဦးတည်ချက် ရည်မှန်းချက်များအပြင် ပါတီ၏ဆောင်ပုဒ်အား လေးနက်တည်ကြည်စွာ တန်ဖိုးထား၍ ကျရာအခန်းကဏ္ဍများမှ ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာတက်ညီ လက်ညီဆောင်ရွက်ကြရန်တိုကို အထူးအလေးပေး ထည့်သွင်းပြောကြားခဲ့သည်။ အစီအစဥ်အရ တက်ရောက်လာကြသော ခရိုင် မြိုနယ် ပါတီတာဝန်ရှိသူများမှ နယ်မြေဒေသအလိုပ်ဆောင်ရွက်နေမှုများအား တင်ပြရှင်းလင်းခဲ့ပြီး တာဝန်ရှိသူများမှပေါင်းစပ်ညှိနှိင်းခဲ့ကြသည် ။