ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲ ရာသီဝက္ခ်န္ပီယံျဖစ္လာတဲ့ ISPE အသင္း

ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲ ရာသီဝက္ခ်န္ပီယံျဖစ္လာတဲ့ ISPE အသင္း
==================
ISPE အမ်ိဳးသမီးအသင္းဟာ ယခုရာသီ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲရဲ႕ ရာသီဝက္ခ်န္ပီယံအသင္း ျဖစ္လာခဲ့ပါတယ္။
ISPE အမ်ိဳးသမီးအသင္းဟာ ရာသီဝက္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ဒီညေန သုဝဏၰကြင္းမွာ Young Lionesses အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ (၁၀-၀) ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ဒီဂိုးအေရအတြက္ဟာ ဒီရာသီ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲ ပထမအေက်ာ့အၿပီး သြင္းဂိုးအေရအတြက္အမ်ားဆုံးနဲ႔ ဂိုးအျပတ္ဆုံးႏိုင္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ISPE အမ်ိဳးသမီးအသင္းဟာ ယခုရာသီ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲ ပထမအေက်ာ့အၿပီးတြင္ (၉) ပြဲကစား၊ (၈) ပြဲႏိုင္၊ (၁) ပြဲသေရ၊ ရႈးပြဲမရွိ ရမွတ္ (၂၅) မွတ္နဲ႔ ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့ျခင္းျဖစ္ပါတယ္။
ISPE အသင္းေအာက္မွာ လက္ရွိခ်န္ပီယံ ဧရာဝတီအမ်ိဳးသမီးအသင္းက (၉) ပြဲကစား၊ (၇) ပြဲႏိုင္၊ (၁) ပြဲသေရ၊ (၁) ပြဲရႈး၊ ရမွတ္ (၂၂) မွတ္နဲ႔ (၃) မွတ္အကြာဒုတိယေနရာကေန ဖိအားေပးရပ္တည္ေနပါတယ္။
အဆင့္ (၃) ေနရာမွာေတာ့ ရန္ကုန္ယူႏိုက္တက္အမ်ိဳးသမီးအသင္းက (၉) ပြဲကစား၊ (၆) ပြဲႏိုင္၊ (၁) ပြဲသေရ၊ (၂) ပြဲရႈး၊ ရမွတ္ (၁၉) မွတ္နဲ႔ရပ္တည္ေနလ်က္ရွိေၾကာင္း သိရပါတယ္။
ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲကို ၂၀၁၆-၂၀၁၇ ရာသီက စတင္က်င္းပခဲ့ၿပီး က်င္းပၿပီးတဲ့ ၿပိဳင္ပြဲ (၇) ႀကိမ္မွာ ISPE အသင္းက (၃) ႀကိမ္ ဗိုလ္စြဲထားပါတယ္။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဝက်ချန်ပီယံဖြစ်လာတဲ့ ISPE အသင်း
==================
ISPE အမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲရဲ့ ရာသီဝက်ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။
ISPE အမျိုးသမီးအသင်းဟာ ရာသီဝက် နောက်ဆုံးပွဲစဥ်အဖြစ် ဒီညနေ သုဝဏ္ဏကွင်းမှာ Young Lionesses အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာ (၁၀-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီဂိုးအရေအတွက်ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့အပြီး သွင်းဂိုးအရေအတွက်အများဆုံးနဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ISPE အမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့အပြီးတွင် (၉) ပွဲကစား၊ (၈) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရှုးပွဲမရှိ ရမှတ် (၂၅) မှတ်နဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
ISPE အသင်းအောက်မှာ လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းက (၉) ပွဲကစား၊ (၇) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုး၊ ရမှတ် (၂၂) မှတ်နဲ့ (၃) မှတ်အကွာဒုတိယနေရာကနေ ဖိအားပေးရပ်တည်နေပါတယ်။
အဆင့် (၃) နေရာမှာတော့ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက (၉) ပွဲကစား၊ (၆) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုး၊ ရမှတ် (၁၉) မှတ်နဲ့ရပ်တည်နေလျက်ရှိကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆-၂၀၁၇ ရာသီက စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးတဲ့ ပြိုင်ပွဲ (၇) ကြိမ်မှာ ISPE အသင်းက (၃) ကြိမ် ဗိုလ်စွဲထားပါတယ်။




