ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ ထိုင္းႏိုင္ငံသံအမတ္ႀကီး His Excellency Mr. Tor Saralamba ဦးေဆာင္သည့္ ကိုယ္စားလွယ္ အ ဖြဲ႕အား လက္ခံ ေတြ႕ဆုံ



ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ ထိုင္းႏိုင္ငံသံအမတ္ႀကီး His Excellency Mr. Tor Saralamba ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ
========
ဩဂုတ္ ၃၁၊ ေနျပည္ေတာ္
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီး His Excellency Mr. Tor Saralamba ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံ ျပည္သူ႔လႊတ္ေတာ္ေဆာင္ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံစဥ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒က ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးကို ၁၉၄၈ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔မွစတင္ၿပီး တရားဝင္ သံတမန္ဆက္ဆံေရး ထူေထာင္ခဲ့ၾကသည္မွာ ၇၈ ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး တိုးတက္ခိုင္ၿမဲသည့္ ဆက္ဆံေရးရွိပါေၾကာင္း၊ အေဆြေတာ္ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုတိုးတက္ခိုင္မာလာလိမ့္မည္ဟု ယုံၾကည္ပါေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္႐ုံသာမက သမိုင္းေၾကာင္း၊ ယဥ္ေက်းမႈ၊ ႏွစ္ႏိုင္ငံ ျပည္သူခ်င္း အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအရ နက္ရွိင္းသည့္ ဆက္ဆံမႈမ်ားရွိပါေၾကာင္း၊
ႏွစ္ႏိုင္ငံအၾကား ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား၊ မူးယစ္ေဆးဝါးမ်ား၊ လူကုန္ကူးမႈမ်ားႏွင့္ အြန္လိုင္းလိမ္လည္မႈမ်ား ပေပ်ာက္ေရးအတြက္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ထဲထဲဝင္ဝင္ အက်ိဳးရွိရွိ ေဆာင္႐ြက္သြားရမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ အေဆြေတာ္တို႔ ႏိုင္ငံကဲ့သို႔ပင္ လႊတ္ေတာ္ႏွစ္ရပ္ျဖစ္သည့္ Bicameral System ျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ဟူ၍ ရွိပါေၾကာင္း၊ ျမန္မာ-ထိုင္း လႊတ္ေတာ္ႏွစ္ရပ္အၾကား လႊတ္ေတာ္အခ်င္းခ်င္း၊ ေကာ္မတီအခ်င္းခ်င္း၊ လူငယ္ႏွင့္ အမ်ိဳးသမီး ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ႏိုင္ေရးအတြက္ ျပည္သူ႔လႊတ္ေတာ္တြင္ ျမန္မာ-ထိုင္း လႊတ္ေတာ္အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးေရးအဖြဲ႕ ဖြဲ႕စည္းထားရွိၿပီးျဖစ္ပါေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံသည္ အာဆီယံပါလီမန္မ်ား ညီလာခံ (AIPA) ႏွင့္ ႏိုင္ငံတကာပါလီမန္မ်ားအဖြဲ႕ (IPU) တို႔တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား ျဖစ္ပါေၾကာင္းႏွင့္ AIPA တြင္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ႏိုင္ေရး ထဲထဲဝင္ဝင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ဒါ့ျပင္ မိမိတို႔ လႊတ္ေတာ္အေနျဖင့္ ထိုင္းကုမၸဏီမ်ားအပါအဝင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူမ်ား စီးပြားေရး လုပ္ကိုင္ရာတြင္ ပိုမိုလြယ္ကူ ေခ်ာေမြ႕ေစေရးအတြက္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒကို ျပန္လည္သုံးသပ္မႈမ်ား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ထိုင္းႏိုင္ငံတြင္ သြားေရာက္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမားမ်ား၏ တရားဝင္ အခြင့္အေရးမ်ား ရရွိေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ကူညီေဆာင္႐ြက္ေပးေစလိုပါေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံသည္ အာဆီယံမိသားစုျဖစ္သည့္အတြက္ အခ်င္းခ်င္း နားလည္မႈမ်ား၊ ယုံၾကည္မႈမ်ားျဖင့္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္သြားရန္ လိုေၾကာင္း ေျပာၾကားပါသည္။
ထို႔ေနာက္ ထိုင္းႏိုင္ငံ သံအမတ္ႀကီးက ထိုင္း-ျမန္မာ သံတမန္ဆက္ဆံေရး ထူေထာင္ခဲ့သည္မွာ ၇၈ ႏွစ္ ျပည့္ေျမာက္ၿပီျဖစ္သျဖင့္ မိမိ တာဝန္ထမ္းေဆာင္စဥ္ကာလတြင္ ႏွစ္ ၈၀ ျပည့္ အခမ္းအနားကို ျပဳလုပ္ရမည္ျဖစ္သည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ထိုင္းႏိုင္ငံ ေအာက္လႊတ္ေတာ္ဥကၠ႒ကလည္း အေဆြေတာ္ထံ ႏႈတ္ခြန္းဆက္သေၾကာင္း အမွာစကား ပါလိုက္ပါေၾကာင္း၊ ႏွစ္ႏိုင္ငံ လႊတ္ေတာ္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ေရးအတြက္လည္း အခါအခြင့္သင့္သည့္အခ်ိန္တြင္ အေဆြေတာ္အား ထိုင္းႏိုင္ငံသို႔ တရားဝင္ ခ်စ္ၾကည္ေရးခရီး လာေရာက္ရန္ ဖိတ္ၾကားလိုပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပၿပီးေနာက္ အစိုးရႏွင့္ လႊတ္ေတာ္မ်ား ေပၚေပါက္လာခဲ့ပါေၾကာင္း၊ အေဆြေတာ္အေနျဖင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္း ခံရသည့္အတြက္လည္း ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္း၊ ျမန္မာ-ထိုင္း လႊတ္ေတာ္အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးေရးအဖြဲ႕ ဖြဲ႕စည္းထားသည္ကို သိရွိရသည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ လူငယ္ႏွင့္ အမ်ိဳးသမီး ကိုယ္စားလွယ္မ်ား ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးတို႔ကို ကူညီေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွ လာေရာက္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားအေရးႏွင့္ ပတ္သက္၍ ကူညီေစာင့္ေရွာက္မႈေပးသြားမည္ျဖစ္ပါေၾကာင္း၊ ထိုင္းႏိုင္ငံအေနျဖင့္ အာဆီယံပါလီမန္မ်ား ညီလာခံ (AIPA) ႏွင့္ ႏိုင္ငံတကာပါလီမန္မ်ားအဖြဲ (IPU) တို႔တြင္ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ၿပီး ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ေရး အေလးထား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္း၊ ျပည္သူ႔လႊတ္ေတာ္ ျမန္မာ-ထိုင္း လႊတ္ေတာ္အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးေရးအဖြဲ႕ အတြင္းေရးမႉး ဦးေအာင္ေက်ာ္သူႏွင့္ ျပည္သူ႔လႊတ္ေတာ္႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ထိုင္းႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ထိုင္းႏိုင္ငံသံ႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရရွိပါသည္။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
========
ဩဂုတ် ၃၁၊ နေပြည်တော်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာ ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တိုးတက်ခိုင်မြဲသည့် ဆက်ဆံရေးရှိပါကြောင်း၊ အဆွေတော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နှစ်နိုင်ငံ ပြည်သူချင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအရ နက်ရှိင်းသည့် ဆက်ဆံမှုများရှိပါကြောင်း၊
နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် အကျိုးရှိရှိ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အဆွေတော်တို့ နိုင်ငံကဲ့သို့ပင် လွှတ်တော်နှစ်ရပ်ဖြစ်သည့် Bicameral System ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ ရှိပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်အချင်းချင်း၊ ကော်မတီအချင်းချင်း၊ လူငယ်နှင့် အမျိုးသမီး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါကြောင်းနှင့် AIPA တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့ပြင် မိမိတို့ လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စီးပွားရေး လုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ တရားဝင် အခွင့်အရေးများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်သည့်အတွက် အချင်းချင်း နားလည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပါသည်။
ထို့နောက် ထိုင်းနိုင်ငံ သံအမတ်ကြီးက ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၇၈ နှစ် ပြည့်မြောက်ပြီဖြစ်သဖြင့် မိမိ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နှစ် ၈၀ ပြည့် အခမ်းအနားကို ပြုလုပ်ရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထိုင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌကလည်း အဆွေတော်ထံ နှုတ်ခွန်းဆက်သကြောင်း အမှာစကား ပါလိုက်ပါကြောင်း၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အခါအခွင့်သင့်သည့်အချိန်တွင် အဆွေတော်အား ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရနှင့် လွှတ်တော်များ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့် ပတ်သက်၍ ကူညီစောင့်ရှောက်မှုပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။




