ဂီမာေရ႕စ္ကို ေခၚယူခဲ့ေၾကာင္း အာဆင္နယ္ ထုတ္ျပန္

ဂီမာေရ႕စ္ကို ေခၚယူခဲ့ေၾကာင္း အာဆင္နယ္ ထုတ္ျပန္
======================
ပရီးမီးယားလိဂ္ထိပ္သီး အာဆင္နယ္အသင္းဟာ နယူးကာဆယ္အသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ ဂီမာေရ႕စ္ကိုေခၚယူခဲ့ေၾကာင္း အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။
အာဆင္နယ္အသင္းအေနနဲ႔ ဂီမာေရ႕စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္ (၇၅)သန္းအသုံးျပဳခဲ့ၿပီး ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ကိုလည္း ခ်ဳပ္ဆိုခဲ့ပါတယ္။
အာဆင္နယ္ကစားသမား ျဖစ္လာတဲ့ ဂီမာေရ႕စ္က အလြန္ေပ်ာ္႐ႊင္ေၾကာင္းေျပာၾကားခဲ့သလို၊ ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ဖို ႀကိဳးစားသြားမယ္လိုလည္း ဆိုခဲ့ပါတယ္။
ဂီမာေရ႕စ္အေနနဲ႔ နယူးကာဆယ္အသင္းအတြက္ (၅)ရာသီၾကာကစားခဲ့ၿပီး၂၀၂၄-၂၅ ရာသီမွာ လိဂ္ဖလားရယူႏိုင္ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ဒီအေျပာင္းအေ႐ႊ႕ကာလအတြင္း ကစားသမား (၃)ဦးအထိေခၚယူထားၿပီး ေတာင္ပံတိုက္စစ္ကစားသမားတစ္ေယာက္ကိုလည္း ထပ္မံအားျဖည့္ဖြယ္ရွိေနပါတယ္။
ဂီမာရေ့စ်ကို ခေါ်ယူခဲ့ကြောင်း အာဆင်နယ် ထုတ်ပြန်
======================
ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် ဂီမာရေ့စ်ကိုခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဂီမာရေ့စ်အတွက် ပြောင်းရွှေ့ကြေးပေါင် (၇၅)သန်းအသုံးပြုခဲ့ပြီး နှစ်ရှည်စာချုပ်တစ်ရပ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။
အာဆင်နယ်ကစားသမား ဖြစ်လာတဲ့ ဂီမာရေ့စ်က အလွန်ပျော်ရွှင်ကြောင်းပြောကြားခဲ့သလို၊ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို ကြိုးစားသွားမယ်လိုလည်း ဆိုခဲ့ပါတယ်။
ဂီမာရေ့စ်အနေနဲ့ နယူးကာဆယ်အသင်းအတွက် (၅)ရာသီကြာကစားခဲ့ပြီး၂၀၂၄-၂၅ ရာသီမှာ လိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား (၃)ဦးအထိခေါ်ယူထားပြီး တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ကိုလည်း ထပ်မံအားဖြည့်ဖွယ်ရှိနေပါတယ်။




