ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲတြင္ ႏိုင္ဝင္းထြန္း ေ႐ႊခါးပတ္ခ်န္ပီယံဆြတ္ခူးၿပီး ထြန္းမင္းေအာင္ႏွင့္ရာမန္တို႔သေရက်

ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲတြင္ ႏိုင္ဝင္းထြန္း ေ႐ႊခါးပတ္ခ်န္ပီယံဆြတ္ခူးၿပီး ထြန္းမင္းေအာင္ႏွင့္ရာမန္တို႔သေရက်
======================
ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းက အဓိကပံ့ပိုးကူညီၿပီး ျမန္မာႏိုင္ငံ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္ႏွင့္ Myanmar Martial Arts Group (MMAG)မွ က်င္းပသည့္ (၁၁)ႀကိမ္ေျမာက္ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲကို ယေန႔ ေန႔လယ္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီးမဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ သိမ္ျဖဴလမ္းရွိ ျမန္မာ့႐ိုးရာလက္ေဝွ႔ခန္းမ၌ က်င္းပရာႏိုင္ဝင္းထြန္းက ေ႐ႊခါးပတ္ခ်န္ပီယံဆြတ္ခူးရရွိသြားသည္။

ယင္းၿပိဳင္ပြဲ၏ ေခါင္တြဲဆိုင္းျဖစ္သည့္ ၇၅ ကီလိုတန္း (၅ ခ်ီ)စိန္ေခၚပြဲတြင္ MLWC ေ႐ႊတံဆိပ္ရွင္ ထြန္းမင္းေအာင္(Top One)ႏွင့္ SEA Games ေၾကးတံဆိပ္၊ MLWC ေ႐ႊတံဆိပ္ဆုရွင္ ရာမန္(႐ိုးရာစြမ္းအား)တို႔ပြဲတြင္ ပူးတြဲသေရျဖင့္သာ ပြဲၿပီးဆုံးခဲ့သည္။

ဒုတိယေခါင္တြဲဆိုင္းျဖစ္သည့္ (၆၇ ကီလိုတန္း – ၅ ခ်ီ)ပြဲစဥ္၌ MLWC ေ႐ႊတံဆိပ္ရွင္ ႏိုင္ဝင္းထြန္း (Nine Lethwei)ႏွင့္ ကရင္ေအာင္လံဆုရွင္ ကမာၻရွား(ဇာထက္မိတၳီလာ)တို႔ ပြဲအစတြင္စတုတၳအခ်ီတြင္ သူတင္ကိုယ္တင္ထိုးသတ္ရင္း ႏိုင္ဝင္းထြန္းရဲ႕တံေတာင္႐ိုက္ခ်က္ထိကာ ကမာၻရွားေဆးရႈံးျဖင့္ ရႈံးနိမ့္သြား၍ ႏိုင္ဝင္ထြန္း ခ်န္ပီယံခါးပတ္ရရွိသြားသည္။

အျခားပြဲစဥ္မ်ားျဖစ္သည့္ (၅၃ ကီလိုတန္း – ၄ ခ်ီ)ပြဲစဥ္၌ ျမန္မာ့လက္ေဝွ႔ေလာက၏ မ်ိဳးဆက္သစ္ လူငယ္လက္ေဝွ႔ေက်ာ္ ေဒါင္းမိုက္ေသြး(Nine Lethwei)ႏွင့္ ေစာ႐ူဘီ(YMA)၊ (၆၅ ကီလိုတန္း – ၄ ခ်ီ)ပြဲစဥ္၌ ကရင္ေအာင္လံဆုရွင္ ေအာင္ကိုလတ္(Ray)ႏွင့္ ေစာထိန္လင္း(555 Sports)၊ (၅၆ ကီလိုတန္း – ၅ ခ်ီ)ပြဲ စဥ္၌ MLWC ေ႐ႊတံဆိပ္ရွင္ ဆလိုင္းထန္ခြီးရွိန္(က်ားမႏိုင္)ႏွင့္ Sky Net ေ႐ႊေအာင္လံဒုတိယဆု၊ SEA Games ေၾကးတံဆိပ္ဆုရွင္ ဟိန္းထြန္းေအာင္(ေခးယူးဝါး)၊ (၆၀ ကီလိုတန္း – ၅ ခ်ီ)ပြဲစဥ္၌ MLWC ေ႐ႊခါးပတ္ခ်န္ပီယံ အဲမြီ(အဲကေညာ)ႏွင့္ Sky Net ေ႐ႊေအာင္လံဆုရွင္ သန႔္ဇင္(ပိုင္သြန္ေတာ္ဝင္ဧရာ)တို႔ ၿပိဳင္ပြဲမ်ားတြင္ သူတင္ကိုယ္တင္ထိုးသတ္ခဲ့ၾကေသာ္လည္း အလဲမထိုးသတ္ႏိုင္သည့္အတြက္ ပူးတြဲသေရျဖင့္သာ ၿပိဳင္ပြဲၿပီးဆုံးခဲ့ၾကသည္။ #MWD


မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် နိုင်ဝင်းထွန်း ရွှေခါးပတ်ချန်ပီယံဆွတ်ခူးပြီး ထွန်းမင်းအောင်နှင့်ရာမန်တို့သရေကျ
======================
မြန်မာစီးပွားရေးကော်ပိုရေးရှင်းက အဓိကပံ့ပိုးကူညီပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Arts Group (MMAG)မှ ကျင်းပသည့် (၁၁)ကြိမ်မြောက်မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပရာနိုင်ဝင်းထွန်းက ရွှေခါးပတ်ချန်ပီယံဆွတ်ခူးရရှိသွားသည်။

ယင်းပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းဖြစ်သည့် ၇၅ ကီလိုတန်း (၅ ချီ)စိန်ခေါ်ပွဲတွင် MLWC ရွှေတံဆိပ်ရှင် ထွန်းမင်းအောင်(Top One)နှင့် SEA Games ကြေးတံဆိပ်၊ MLWC ရွှေတံဆိပ်ဆုရှင် ရာမန်(ရိုးရာစွမ်းအား)တို့ပွဲတွင် ပူးတွဲသရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

ဒုတိယခေါင်တွဲဆိုင်းဖြစ်သည့် (၆၇ ကီလိုတန်း – ၅ ချီ)ပွဲစဉ်၌ MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း (Nine Lethwei)နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား(ဇာထက်မိတ္ထီလာ)တို့ ပွဲအစတွင်စတုတ္ထအချီတွင် သူတင်ကိုယ်တင်ထိုးသတ်ရင်း နိုင်ဝင်းထွန်းရဲ့တံတောင်ရိုက်ချက်ထိကာ ကမ္ဘာရှားဆေးရှုံးဖြင့် ရှုံးနိမ့်သွား၍ နိုင်ဝင်ထွန်း ချန်ပီယံခါးပတ်ရရှိသွားသည်။

အခြားပွဲစဉ်များဖြစ်သည့် (၅၃ ကီလိုတန်း – ၄ ချီ)ပွဲစဉ်၌ မြန်မာ့လက်ဝှေ့လောက၏ မျိုးဆက်သစ် လူငယ်လက်ဝှေ့ကျော် ဒေါင်းမိုက်သွေး(Nine Lethwei)နှင့် စောရူဘီ(YMA)၊ (၆၅ ကီလိုတန်း – ၄ ချီ)ပွဲစဉ်၌ ကရင်အောင်လံဆုရှင် အောင်ကိုလတ်(Ray)နှင့် စောထိန်လင်း(555 Sports)၊ (၅၆ ကီလိုတန်း – ၅ ချီ)ပွဲ စဉ်၌ MLWC ရွှေတံဆိပ်ရှင် ဆလိုင်းထန်ခွီးရှိန်(ကျားမနိုင်)နှင့် Sky Net ရွှေအောင်လံဒုတိယဆု၊ SEA Games ကြေးတံဆိပ်ဆုရှင် ဟိန်းထွန်းအောင်(ခေးယူးဝါး)၊ (၆၀ ကီလိုတန်း – ၅ ချီ)ပွဲစဉ်၌ MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ(အဲကညော)နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင်(ပိုင်သွန်တော်ဝင်ဧရာ)တို့ ပြိုင်ပွဲများတွင် သူတင်ကိုယ်တင်ထိုးသတ်ခဲ့ကြသော်လည်း အလဲမထိုးသတ်နိုင်သည့်အတွက် ပူးတွဲသရေဖြင့်သာ ပြိုင်ပွဲပြီးဆုံးခဲ့ကြသည်။ #MWD