ေဟာင္ေကာင္မွာ အသက္ ၁၆ ႏွစ္ေအာက္ကေလးေတြကို ဆိုရွယ္မီဒီယာအသုံးျပဳခြင့္တားျမစ္ဖို႔ စီစဥ္ေန

ေဟာင္ေကာင္မွာ အသက္ ၁၆ ႏွစ္ေအာက္ကေလးေတြကို ဆိုရွယ္မီဒီယာအသုံးျပဳခြင့္တားျမစ္ဖို႔ စီစဥ္ေန
========================
ေဟာင္ေကာင္ေဒသမွာ အသက္ ၁၆ ႏွစ္ေအာက္ရွိကေလးေတြကို ဆိုရွယ္မီဒီယာအသုံးျပဳခြင့္တားျမစ္ႏိုင္ေရးအတြက္စီစဥ္မႈတစ္ခုအေနနဲ႔ဥပေဒျပ႒ာန္းေပးဖို႔ ပညာေရးဆိုင္ရာပညာရွင္ေတြနဲ႔ ဥပေဒျပဳအမတ္ေတြကေတာင္းဆိုလိုက္ၾကပါတယ္။
ဩဂုတ္လ ၈ ရက္မွာလုပ္တဲ့ ပညာရွင္မ်ားရဲ႕ေဆြးေႏြးပြဲတစ္ခုမွာ ဆိုရွယ္မီဒီယာစြဲလမ္းမႈဟာ ေနာက္ျပန္လွည့္လို႔မရႏိုင္တဲ့ ထိခိုက္မႈမ်ိဳးျဖစ္ေစတာေၾကာင့္ ေနာက္မ်ိဳးဆက္သစ္ေတြကိုကာကြယ္ဖို႔ အစိုးရအေနနဲ႔စနစ္တက်အေရးယူေဆာင္႐ြက္သင့္တယ္လို႔ ေထာက္ျပထားပါတယ္။
အသက္ ၁၆ ႏွစ္ေအာက္ ကေလးေတြ ဆိုရွယ္မီဒီယာသုံးစြဲမႈကန႔္သတ္ဖို႔ျပဳလုပ္ခဲ့တဲ့ ဒီေဆြးေႏြးပြဲမွာ ပညာရွင္မ်ားစြာကအင္တာနက္ေပၚမွာျမင္ေတြ႕ေနရတဲ့ အႏိုင္က်င့္မႈမ်ားနဲ႔မသမာမႈဆိုင္ရာအေၾကာင္းအရာေတြရန္မွ ကေလးေတြကိုကာကြယ္ေပးႏိုင္ဖို႔ တရားဝင္ဥပေဒတစ္ရပ္လိုအပ္ေနၿပီလို႔ အေလးအနက္ေျပာခဲ့တာပါ။
ဆိုရွယ္မီဒီယာကိုစြဲလမ္းမႈဟာ လက္ရွိပညာေရးက႑မွာ ရင္ဆိုင္ေနရတဲ့ အႀကီးမားဆုံးျပႆနာျဖစ္ၿပီး ဥပေဒျပ႒ာန္းျခင္းမရွိပါက ကေလးေတြရဲ႕အနာဂတ္ထိခိုက္ႏိုင္တယ္လို႔ ေက်ာင္းအုပ္ႀကီးမ်ားအသင္း ဂုဏ္ထူးေဆာင္ဥကၠ႒ လီလီယန္ခ်န္းကေျပာပါတယ္။ ဆိုရွယ္မီဒီယာစြဲလမ္းရင္ ပင္လယ္ထဲမွာ သံလိုက္အိမ္ေျမႇာင္ေပ်ာက္ဆုံးသြားသလို ေဝဖန္ပိုင္းျခားႏိုင္စြမ္းပ်က္စီးသြားတတ္တာေၾကာင့္ ဥပေဒအရထိန္းခ်ဳပ္မွသာ ကေလးေတြကိုညစ္ညမ္းစာနဲ႔ ဆိုက္ဘာအႏိုင္က်င့္မႈမ်ားမွ အကာအကြယ္ေပးႏိုင္မွာျဖစ္ေၾကာင္း ပညာရွင္မ်ားကသုံးသပ္ထားပါတယ္။
ေဟာင္ေကာင္ျပည္သူ ၆၁ ရာခိုင္ႏႈန္းေက်ာ္နဲ႔ မိဘ ၇၆ ရာခိုင္ႏႈန္းေက်ာ္က ဒီလိုဥပေဒကိုေထာက္ခံၾကၿပီး ဩစေၾတးလ်အပါအဝင္ အျခားႏိုင္ငံတကာစံႏႈန္းအတိုင္းေဟာင္ေကာင္မွာ အေကာင္အထည္ေဖာ္ဖို႔တိုက္တြန္းေနပါတယ္။
Ref: SCMP
ဟောင်ကောင်မှာ အသက် ၁၆ နှစ်အောက်ကလေးတွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်တားမြစ်ဖို့ စီစဉ်နေ
========================
ဟောင်ကောင်ဒေသမှာ အသက် ၁၆ နှစ်အောက်ရှိကလေးတွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်တားမြစ်နိုင်ရေးအတွက်စီစဉ်မှုတစ်ခုအနေနဲ့ဥပဒေပြဋ္ဌာန်းပေးဖို့ ပညာရေးဆိုင်ရာပညာရှင်တွေနဲ့ ဥပဒေပြုအမတ်တွေကတောင်းဆိုလိုက်ကြပါတယ်။
ဩဂုတ်လ ၈ ရက်မှာလုပ်တဲ့ ပညာရှင်များရဲ့ဆွေးနွေးပွဲတစ်ခုမှာ ဆိုရှယ်မီဒီယာစွဲလမ်းမှုဟာ နောက်ပြန်လှည့်လို့မရနိုင်တဲ့ ထိခိုက်မှုမျိုးဖြစ်စေတာကြောင့် နောက်မျိုးဆက်သစ်တွေကိုကာကွယ်ဖို့ အစိုးရအနေနဲ့စနစ်တကျအရေးယူဆောင်ရွက်သင့်တယ်လို့ ထောက်ပြထားပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာသုံးစွဲမှုကန့်သတ်ဖို့ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ပညာရှင်များစွာကအင်တာနက်ပေါ်မှာမြင်တွေ့နေရတဲ့ အနိုင်ကျင့်မှုများနဲ့မသမာမှုဆိုင်ရာအကြောင်းအရာတွေရန်မှ ကလေးတွေကိုကာကွယ်ပေးနိုင်ဖို့ တရားဝင်ဥပဒေတစ်ရပ်လိုအပ်နေပြီလို့ အလေးအနက်ပြောခဲ့တာပါ။
ဆိုရှယ်မီဒီယာကိုစွဲလမ်းမှုဟာ လက်ရှိပညာရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းခြင်းမရှိပါက ကလေးတွေရဲ့အနာဂတ်ထိခိုက်နိုင်တယ်လို့ ကျောင်းအုပ်ကြီးများအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ လီလီယန်ချန်းကပြောပါတယ်။ ဆိုရှယ်မီဒီယာစွဲလမ်းရင် ပင်လယ်ထဲမှာ သံလိုက်အိမ်မြှောင်ပျောက်ဆုံးသွားသလို ဝေဖန်ပိုင်းခြားနိုင်စွမ်းပျက်စီးသွားတတ်တာကြောင့် ဥပဒေအရထိန်းချုပ်မှသာ ကလေးတွေကိုညစ်ညမ်းစာနဲ့ ဆိုက်ဘာအနိုင်ကျင့်မှုများမှ အကာအကွယ်ပေးနိုင်မှာဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ထားပါတယ်။
ဟောင်ကောင်ပြည်သူ ၆၁ ရာခိုင်နှုန်းကျော်နဲ့ မိဘ ၇၆ ရာခိုင်နှုန်းကျော်က ဒီလိုဥပဒေကိုထောက်ခံကြပြီး ဩစတြေးလျအပါအဝင် အခြားနိုင်ငံတကာစံနှုန်းအတိုင်းဟောင်ကောင်မှာ အကောင်အထည်ဖော်ဖို့တိုက်တွန်းနေပါတယ်။
Ref: SCMP




