ေလးမ်က္ႏွာၿမိဳ႕နယ္ ေရ ေဘး ကယ္ဆယ္ေရးစခန္းသို႔ အသင့္စားသုံးႏိုင္ေသာအစားအစာမ်ားႏွင့္ ေဆးဝါးပစၥည္းမ်ားအား ျပည္ခိုင္ၿဖိဳးပါတီမွ လႉဒါန္း

ေလးမ်က္ႏွာၿမိဳ႕နယ္ ေရေဘးကယ္ဆယ္ေရးစခန္းသို အသင့္စားသုံးႏိုင္ေသာအစားအစာမ်ားႏွင့္ ေဆးဝါးပစၥည္းမ်ားအား ျပည္ခိုင္ၿဖိဳးပါတီမွ လႉဒါန္း
=================================
ဩဂုတ္ ၅၊ ေလးမ်က္ႏွာ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၏ လမ္းၫႊန္ခ်က္အရ ေရေဘးႀကဳံေတြ႕ခံစားေနရေသာ ေလးမ်က္ႏွာၿမိဳ႕နယ္မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ လိုအပ္သည့္ အသင့္စားသုံးႏိုင္ေသာ အစားအစာမ်ား၊ ေဆးဝါးပစၥည္းမ်ား၊ ေရသန႔္ဘူးမ်ားအား ကူညီေထာက္ပံ့လ်က္ရွိရာ ယေန႔ ၅-၈-၂၀၂၆ ရက္ေန႔ နံနက္ပိုင္းတြင္ ဧရာဝတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒၊ ဧရာဝတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသိန္းထြန္း ဦးေဆာင္ၿပီး ေရးေဘးသင့္ကယ္ဆယ္ေရးစခန္းတစ္ခုျဖစ္သည့္ ေလးမ်က္ႏွာၿမိဳန႔ယ္၊ ကညင္ေသာင္ေက်း႐ြာအုပ္စု၊ ကုန္းႀကီးေက်း႐ြာရွိ ေရေဘးကယ္ဆယ္ေရးစခန္းမွ ျပည္သူ (၁၈၀)ဦးအတြက္ အသင့္စားသုံးႏိုင္ေသာ အစားအစာမ်ား၊ ေဆးဝါးပစၥည္းမ်ား၊ ေရသန႔္ဘူးမ်ားအား သြားေရာက္လႉဒါန္းကာ အားေပးစကားမ်ားေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ဧရာဝတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒၊ ဧရာဝတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသိန္းထြန္း ဦးေဆာင္ေသာအဖြဲသည္ ေရတိုက္စားမႈေၾကာင့္ က်ိဳးပဲ့ပ်က္စီးသြားေသာ လက္သမားကရင္တံတား ယာယီတည္ေဆာက္ေနမႈအားသြားေရာက္ၾကည့္ရႈခဲ့ၾကပါသည္။

အဆိုပါ ေရးေဘးကူညီေထာက္ပံ့မႈ သြားေရာက္ျပဳလုပ္ရာသို႔ ဧရာဝတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒၊ ဧရာဝတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသိန္းထြန္းႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီး/ခ႐ိုင္/ၿမိဳနယ္ ပါတီတာဝန္ရွိသူမ်ားလိုက္ပါေဆာင္႐ြက္ခဲ့ၾကပါသည္။


လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းသို အသင့်စားသုံးနိုင်သောအစားအစာများနှင့် ဆေးဝါးပစ္စည်းများအား ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း
=================================
ဩဂုတ် ၅၊ လေးမျက်နှာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၏ လမ်းညွှန်ချက်အရ ရေဘေးကြုံတွေ့ခံစားနေရသော လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အသင့်စားသုံးနိုင်သော အစားအစာများ၊ ဆေးဝါးပစ္စည်းများ၊ ရေသန့်ဘူးများအား ကူညီထောက်ပံ့လျက်ရှိရာ ယနေ့ ၅-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း ဦးဆောင်ပြီး ရေးဘေးသင့်ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည့် လေးမျက်နှာမြိုန့ယ်၊ ကညင်သောင်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ပြည်သူ (၁၈၀)ဦးအတွက် အသင့်စားသုံးနိုင်သော အစားအစာများ၊ ဆေးဝါးပစ္စည်းများ၊ ရေသန့်ဘူးများအား သွားရောက်လှူဒါန်းကာ အားပေးစကားများပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း ဦးဆောင်သောအဖွဲသည် ရေတိုက်စားမှုကြောင့် ကျိုးပဲ့ပျက်စီးသွားသော လက်သမားကရင်တံတား ယာယီတည်ဆောက်နေမှုအားသွားရောက်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါ ရေးဘေးကူညီထောက်ပံ့မှု သွားရောက်ပြုလုပ်ရာသို့ ဧရာဝတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုနယ် ပါတီတာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။