တိုက္ ပြဲ စီမံခ်က္ေရးဆြဲၿပီး ပူးေပါင္း ေလ ေၾကာင္း တိုက္ခိုက္မႈလုပ္ႏိုင္မယ့္ AI စနစ္ကို တ႐ုတ္ျပသ

တိုက္ပြဲစီမံခ်က္ေရးဆြဲၿပီး ပူးေပါင္းေလေၾကာင္းတိုက္ခိုက္မႈလုပ္ႏိုင္မယ့္ AI စနစ္ကို တ႐ုတ္ျပသ
===============================
တ႐ုတ္ႏိုင္ငံပိုင္သတင္းဌာနတစ္ခုျဖစ္တဲ့ CCTV သတင္းဌာနက AI နည္းပညာကိုစစ္ဘက္မွာ အသုံးခ်ႏိုင္ျခင္းနဲ႔ပတ္သက္ၿပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းတစ္ခုကိုမွတ္တမ္းသဖြယ္ထုတ္လႊင့္သြားပါတယ္။ အဲဒီမွတ္တမ္းဗီဒီယိုမွာေတာ့ တပ္ဖြဲ႕ေပါင္း ၁၀၀ ေက်ာ္အထိပါဝင္တဲ့ တိုက္ပြဲစီမံခ်က္မ်ားကိုေရးဆြဲႏိုင္တဲ့အျပင္ ပူးေပါင္းေလေၾကာင္းတိုက္ခိုက္မႈကိုပါလုပ္ေဆာင္ႏိုင္မယ့္ AI စနစ္ကို ထုတ္ေဖာ္ျပသသြားတာပါ။ အဲဒီစနစ္ကို လက္ရွိမွာ တ႐ုတ္ေလတပ္ကအသုံးျပဳေနတာျဖစ္ပါတယ္။
အဲဒီစနစ္ကို အသုံးျပဳျခင္းအားျဖင့္ ေျမျပင္တပ္မႉးေတြနဲ႔ တိုက္ေလယာဥ္မႉးေတြက ဘယ္ပစ္မွတ္ေတြက အေရးႀကီးတယ္ဆိုတာကို ခြဲျခားသတ္မွတ္ႏိုင္မွာျဖစ္သလိုတစ္သုတ္ၿပီး တစ္သုတ္တိုက္ခိုက္မႈေတြကိုလည္း လုပ္ေဆာင္ႏိုင္ေစမွာျဖစ္ပါတယ္။ အထင္ရွားဆုံးကေတာ့ တပ္ဖြဲ႕ေပါင္း ၁၀၀ ေက်ာ္ရွိတဲ့ အထဲမွာ ဘယ္တပ္ဖြဲ႕ကေတာ့ဘာတာဝန္ကိုလုပ္ေဆာင္ရမယ္ဆိုၿပီး တိက်တဲ့တာဝန္ေတြကိုခြဲေဝသတ္မွတ္ေပးထားႏိုင္ပါတယ္။
တ႐ုတ္ႏိုင္ငံက အခုလို AI နည္းပညာကိုလက္ေတြ႕စစ္ဆင္ေရးနယ္ပယ္မွာအသုံးခ်ႏိုင္ေၾကာင္း ထုတ္ေဖာ္ျပသလိုက္ျခင္းဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ စစ္ဆင္ေရးေတြမွာ ေခတ္ေရွ႕ေျပးနည္းပညာေတြကိုေပါင္းစပ္အသုံးျပဳလာႏိုင္ေနၿပီဆိုတာကို သတင္းစကားပါးလိုက္ျခင္းမ်ိဳးလည္းျဖစ္ပါတယ္။ ဒါ့အျပင္မ်ားျပားလွစြာေသာပလက္ေဖာင္းမ်ားနဲ႔လက္နက္စနစ္မ်ားေပါင္းစပ္ပါဝင္တဲ့ စနစ္မ်ားရဲ႕စနစ္စစ္ဆင္ေရးအယူအဆကိုလည္း ေကာင္းစြာအေထာက္အပံ့ျဖစ္ေစမွာျဖစ္ပါတယ္။ CCTV သတင္းဌာနက အဲဒီအစီအစဥ္ကို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္တည္ေထာင္မႈ ၉၉ ႏွစ္ ေျမာက္အထိမ္းအမွတ္အေနနဲ႔ ထုတ္လႊင့္ခဲ့တာပါ။
Ref: SCMP
တိုက်ပွဲစီမံချက်ရေးဆွဲပြီး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုလုပ်နိုင်မယ့် AI စနစ်ကို တရုတ်ပြသ
===============================
တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV သတင်းဌာနက AI နည်းပညာကိုစစ်ဘက်မှာ အသုံးချနိုင်ခြင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုကိုမှတ်တမ်းသဖွယ်ထုတ်လွှင့်သွားပါတယ်။ အဲဒီမှတ်တမ်းဗီဒီယိုမှာတော့ တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်အထိပါဝင်တဲ့ တိုက်ပွဲစီမံချက်များကိုရေးဆွဲနိုင်တဲ့အပြင် ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုကိုပါလုပ်ဆောင်နိုင်မယ့် AI စနစ်ကို ထုတ်ဖော်ပြသသွားတာပါ။ အဲဒီစနစ်ကို လက်ရှိမှာ တရုတ်လေတပ်ကအသုံးပြုနေတာဖြစ်ပါတယ်။
အဲဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် မြေပြင်တပ်မှူးတွေနဲ့ တိုက်လေယာဉ်မှူးတွေက ဘယ်ပစ်မှတ်တွေက အရေးကြီးတယ်ဆိုတာကို ခွဲခြားသတ်မှတ်နိုင်မှာဖြစ်သလိုတစ်သုတ်ပြီး တစ်သုတ်တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်ရှိတဲ့ အထဲမှာ ဘယ်တပ်ဖွဲ့ကတော့ဘာတာဝန်ကိုလုပ်ဆောင်ရမယ်ဆိုပြီး တိကျတဲ့တာဝန်တွေကိုခွဲဝေသတ်မှတ်ပေးထားနိုင်ပါတယ်။
တရုတ်နိုင်ငံက အခုလို AI နည်းပညာကိုလက်တွေ့စစ်ဆင်ရေးနယ်ပယ်မှာအသုံးချနိုင်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ ခေတ်ရှေ့ပြေးနည်းပညာတွေကိုပေါင်းစပ်အသုံးပြုလာနိုင်နေပြီဆိုတာကို သတင်းစကားပါးလိုက်ခြင်းမျိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင်များပြားလှစွာသောပလက်ဖောင်းများနဲ့လက်နက်စနစ်များပေါင်းစပ်ပါဝင်တဲ့ စနစ်များရဲ့စနစ်စစ်ဆင်ရေးအယူအဆကိုလည်း ကောင်းစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ CCTV သတင်းဌာနက အဲဒီအစီအစဉ်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်မှု ၉၉ နှစ် မြောက်အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ခဲ့တာပါ။
Ref: SCMP




