ခ်စ္သူေဂ်ာ္ဂ်ီနာနဲ႔ လက္ထပ္မဂၤလာအခမ္းအနားက်င္းပမယ့္ စီေရာ္နယ္ဒို

ခ်စ္သူေဂ်ာ္ဂ်ီနာနဲ႔ လက္ထပ္မဂၤလာအခမ္းအနားက်င္းပမယ့္ စီေရာ္နယ္ဒို
=======================
ေပၚတူဂီအသင္းႏွင့္ အယ္နာဆာအသင္း တိုက္စစ္ကစားသမား စီေရာ္နယ္ဒိုသည္ ၎၏ခ်စ္သူ ေဂ်ာ္ဂ်ီနာႏွင့္လက္ထပ္မဂၤလာအခမ္းအနားကို ၎ေမြးဖြားႀကီးျပင္းရာ ဇာတိရပ္ေျမ ေပၚတူဂီႏိုင္ငံရွိ မာဒိုင္ရာကြၽန္းစု၌ လာမည့္ရက္သတၱပတ္အတြင္းက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အသက္ ၄၁ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုသည္ ခ်စ္သူေဂ်ာ္ဂ်ီနာႏွင့္ကာလရွည္လက္တြဲခဲ့ၿပီး လက္ရွိတြင္သားႏွစ္ဦးႏွင့္သမီးတစ္ဦးရွိေသာ္လည္း မဂၤလာေဆာင္ခဲ့ျခင္းမရွိေသးဘဲ လာမည့္ရက္သတၱပတ္အတြင္း ခမ္းနားစြာက်င္းပရန္စီစဥ္ထားျခင္းျဖစ္သည္။

စီေရာ္နယ္ဒိုသည္ ေပၚတူဂီႏိုင္ငံ မာဒိုင္ရာကြၽန္းစုရွိ ဖန္ခ်ယ္ၿမိဳ႕၌ ေမြးဖြားခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းတြင္ စပို႔တင္းလစၥဘြန္းအကယ္ဒမီသို႔ သြားေရာက္ကာ ကစားသမားဘဝကို စတင္ခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ စီေရာ္နယ္ဒိုသည္ ေပၚတူဂီအသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းအသင္းႀကီးမ်ားျဖစ္သည့္ မန္ယူ အသင္း၊ ရီးယဲလ္မက္ဒရစ္အသင္း၊ ဂ်ဴဗင္တပ္စ္အသင္းစသည့္အသင္းမ်ားသို႔ အဆင့္ဆင့္ေျပာင္းေ႐ႊ႕ကစားကာ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ပင္ရပ္တည္ႏိုင္ခဲ့သူျဖစ္သည္။

စီေရာ္နယ္ဒိုႏွင့္ ေဂ်ာ္ဂ်ီနာတို႔သည္ ၂၀၁၆ ခုႏွစ္က စီေရာ္နယ္ဒို ရီးယဲလ္မက္ဒရစ္အသင္းတြင္ ကစားစဥ္က စတင္ခ်စ္ႀကိဳက္ခဲ့သူျဖစ္ၿပီး ေဘာလုံးေလာကတြင္ အေကာင္းဆုံးကစားသမားအျဖစ္ ေက်ာ္ၾကားသူတစ္ဦးျဖစ္ေသာ္လည္း လက္ထပ္ျခင္းမရွိေသးဘဲ ယခုမွသာမဂၤလာပြဲအခမ္းအနားကိုက်င္းပမည္ျဖစ္သည္။

‌စီေရာ္နယ္ဒိုႏွင့္ ေဂ်ာ္ဂ်ီနာတို႔သည္ မာဒိုင္ရာကြၽန္းစု ဖန္ခ်ယ္ၿမိဳ႕ရွိ ဘုရားေက်ာင္း၌ မဂၤလာပြဲကိုစတင္က်င္းပမည္ျဖစ္ၿပီး ဒုတိယပိုင္းအစီအစဥ္အျဖစ္ ဖန္ခ်ယ္ၿမိဳ႕ရွိ ၾကယ္ငါးပြင့္အဆင့္ရွိ SAVOY PALACE ဟိုတယ္၌ မဂၤလာပြဲအခမ္းအနားကိုက်င္းပမည္ျဖစ္သည္။ စီေရာ္နယ္ဒိုႏွင့္ေဂ်ာ္ဂ်ီနာတို႔သည္ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက မာေဂ်ာ္ကာကြင္းရွိ အေပ်ာ္တမ္း႐ြက္ေလွေပၚ၌ အပန္းေျဖအနားယူခ်ိန္တြင္ ၎တို႔ႏွစ္ဦးအေနျဖင့္ တူညီေစ့စပ္လက္စြပ္မ်ား ဝတ္ဆင္ထားၿပီးေနာက္ မဂၤလာပြဲသတင္းမွာ စတင္ပ်ံ႕ႏွံ႔ခဲ့ေၾကာင္းသိရသည္။

Ref:Daily Mail


ချစ်သူဂျော်ဂျီနာနဲ့ လက်ထပ်မင်္ဂလာအခမ်းအနားကျင်းပမယ့် စီရော်နယ်ဒို
=======================
ပေါ်တူဂီအသင်းနှင့် အယ်နာဆာအသင်း တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၎င်း၏ချစ်သူ ဂျော်ဂျီနာနှင့်လက်ထပ်မင်္ဂလာအခမ်းအနားကို ၎င်းမွေးဖွားကြီးပြင်းရာ ဇာတိရပ်မြေ ပေါ်တူဂီနိုင်ငံရှိ မာဒိုင်ရာကျွန်းစု၌ လာမည့်ရက်သတ္တပတ်အတွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒိုသည် ချစ်သူဂျော်ဂျီနာနှင့်ကာလရှည်လက်တွဲခဲ့ပြီး လက်ရှိတွင်သားနှစ်ဦးနှင့်သမီးတစ်ဦးရှိသော်လည်း မင်္ဂလာဆောင်ခဲ့ခြင်းမရှိသေးဘဲ လာမည့်ရက်သတ္တပတ်အတွင်း ခမ်းနားစွာကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံ မာဒိုင်ရာကျွန်းစုရှိ ဖန်ချယ်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် စပို့တင်းလစ္စဘွန်းအကယ်ဒမီသို့ သွားရောက်ကာ ကစားသမားဘဝကို စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် မန်ယူ အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ဂျူဗင်တပ်စ်အသင်းစသည့်အသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ကစားကာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်ပင်ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့သည် ၂၀၁၆ ခုနှစ်က စီရော်နယ်ဒို ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားစဉ်က စတင်ချစ်ကြိုက်ခဲ့သူဖြစ်ပြီး ဘောလုံးလောကတွင် အကောင်းဆုံးကစားသမားအဖြစ် ကျော်ကြားသူတစ်ဦးဖြစ်သော်လည်း လက်ထပ်ခြင်းမရှိသေးဘဲ ယခုမှသာမင်္ဂလာပွဲအခမ်းအနားကိုကျင်းပမည်ဖြစ်သည်။

‌စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့သည် မာဒိုင်ရာကျွန်းစု ဖန်ချယ်မြို့ရှိ ဘုရားကျောင်း၌ မင်္ဂလာပွဲကိုစတင်ကျင်းပမည်ဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်အဖြစ် ဖန်ချယ်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ SAVOY PALACE ဟိုတယ်၌ မင်္ဂလာပွဲအခမ်းအနားကိုကျင်းပမည်ဖြစ်သည်။ စီရော်နယ်ဒိုနှင့်ဂျော်ဂျီနာတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မာဂျော်ကာကွင်းရှိ အပျော်တမ်းရွက်လှေပေါ်၌ အပန်းဖြေအနားယူချိန်တွင် ၎င်းတို့နှစ်ဦးအနေဖြင့် တူညီစေ့စပ်လက်စွပ်များ ဝတ်ဆင်ထားပြီးနောက် မင်္ဂလာပွဲသတင်းမှာ စတင်ပျံ့နှံ့ခဲ့ကြောင်းသိရသည်။

Ref:Daily Mail