အဂၤလန္ဝါရင့္ကြင္းလယ္လူ ဟန္ဒါဆန္ကို ခ်ယ္လ္ဆီးအသင္း ေခၚယူ

အဂၤလန္ဝါရင့္ကြင္းလယ္လူ ဟန္ဒါဆန္ကို ခ်ယ္လ္ဆီးအသင္း ေခၚယူ
===========================
ဘရန႔္ဖို႔ဒ္အသင္းနဲ႔ လမ္းခြဲထားတဲ့ အဂၤလန္ဝါရင့္ကြင္းလယ္လူ ဟန္ဒါဆန္ကို ခ်ယ္လ္ဆီးအသင္းက ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့ပါတယ္။ ဟန္ဒါဆန္(၃၆ ႏွစ္)ဟာ ဆန္းဒါးလန္းအသင္းနဲ႔ ၂၀၀၈ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္က ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ခဲ့တာျဖစ္တယ္။

လီဗာပူးလ္အသင္းမွာ ကစားသမားဘ၀ အေအာင္ျမင္ဆုံးျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား၊ ခ်န္ပီယံလိဂ္ဖလား၊ FAဖလား၊ လိဂ္ဖလား(၂ ႀကိမ္)၊ ဥေရာပစူပါဖလားနဲ႔ ကလပ္ကမာၻ႔ဖလားေတြ ဆြတ္ခူးခဲ့ပါတယ္။ ဟန္ဒါဆန္ဟာ ၂၀၂၃ ခုႏွစ္မွာ လီဗာပူးလ္အသင္းက ထြက္ခြာၿပီးေနာက္ ေဆာ္ဒီကလပ္ အယ္လ္အစ္တီဖာ၊ နယ္သာလန္ကလပ္ ေအဂ်က္စ္အသင္းေတြမွာ ကစားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ဘရန႔္ဖိုဒ္အသင္းကို ေရာက္လာၿပီး ပရီးမီးယားလိဂ္ ၃၂ ပြဲအထိ ကစားခဲ့တာျဖစ္တယ္။ ဘရန႔္ဖိုဒ္အသင္းမွာ ေျခစြမ္းျပႏိုင္လို ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္အသင္းလူစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲ ေလးႀကိမ္ကစားဖူးတဲ့ ပထမဆုံး အဂၤလိပ္ကစားသမား ျဖစ္လာၿပီး ေမဂ်ာၿပိဳင္ပြဲ ခုနစ္ပြဲ ကစားခဲ့ပါတယ္။ အဂၤလန္အသင္းအတြက္ ႏိုင္ငံတကာပြဲ ၉၁ ပြဲအထိ ကိုယ္စားျပဳကစားထားပါတယ္။


အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကို ချယ်လ်ဆီးအသင်း ခေါ်ယူ
===========================
ဘရန့်ဖို့ဒ်အသင်းနဲ့ လမ်းခွဲထားတဲ့ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကို ချယ်လ်ဆီးအသင်းက နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဟန်ဒါဆန်(၃၆ နှစ်)ဟာ ဆန်းဒါးလန်းအသင်းနဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ချယ်လ်ဆီးနဲ့ပွဲမှာ ပရီးမီးယားလိဂ် ပွဲဦးထွက်ခဲ့တာဖြစ်တယ်။

လီဗာပူးလ်အသင်းမှာ ကစားသမားဘ၀ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ FAဖလား၊ လိဂ်ဖလား(၂ ကြိမ်)၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးလ်အသင်းက ထွက်ခွာပြီးနောက် ဆော်ဒီကလပ် အယ်လ်အစ်တီဖာ၊ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖိုဒ်အသင်းကို ရောက်လာပြီး ပရီးမီးယားလိဂ် ၃၂ ပွဲအထိ ကစားခဲ့တာဖြစ်တယ်။ ဘရန့်ဖိုဒ်အသင်းမှာ ခြေစွမ်းပြနိုင်လို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ကစားဖူးတဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာပြီး မေဂျာပြိုင်ပွဲ ခုနစ်ပွဲ ကစားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲ ၉၁ ပွဲအထိ ကိုယ်စားပြုကစားထားပါတယ်။