အ ေဝး သင္ေက်ာင္းအပ္လက္ခံမႈ ေနာက္ဆုံးအႀကိမ္အျဖစ္ ဩဂုတ္ ၁၄ ရက္အထိ တိုးျမႇင့္

အေဝးသင္ေက်ာင္းအပ္လက္ခံမႈ ေနာက္ဆုံးအႀကိမ္အျဖစ္ ဩဂုတ္ ၁၄ ရက္အထိ တိုးျမႇင့္
======================
၂၀၂၆ ပညာသင္ႏွစ္ အေဝးသင္သင္တန္းမ်ား၏ ေက်ာင္းဝင္မွတ္ပုံတင္လက္ခံျခင္းကို ေနာက္ဆုံးအႀကိမ္အျဖစ္ ဩဂုတ္ ၁၄ ရက္အထိ ထပ္မံတိုးျမႇင့္လက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာနက ဇူလိုင္လကုန္အထိ ေက်ာင္းဝင္မွတ္ပုံတင္လက္ခံေဆာင္႐ြက္ေပးခဲ့ၿပီးေနာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အဆင္ေျပေစရန္ ယခုကဲ့သို ေနာက္ဆုံးအႀကိမ္ ထပ္မံတိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖစ္သည္။
၂၀၂၅ ခုႏွစ္ႏွင့္ ယခင္ႏွစ္မ်ားတြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ထားသူမ်ားအေနျဖင့္ ဩဂုတ္ ၁၄ ရက္အထိ (စေနႏွင့္ တနဂၤေႏြ မပါ) သက္ဆိုင္ရာ တကၠသိုလ္မ်ားတြင္ ကိုယ္တိုင္သြားေရာက္၍ ေက်ာင္းဝင္မွတ္ပုံတင္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ဩဂုတ္ ၁၄ ရက္သည္ ေက်ာင္းအပ္ႏွံျခင္းအတြက္ ေနာက္ဆုံးသတ္မွတ္ရက္ျဖစ္ၿပီး ယင္းရက္ေက်ာ္လြန္ပါက မည္သည့္နည္းလမ္းျဖင့္မွ် ေက်ာင္းအပ္လက္ခံေပးမည္မဟုတ္ေၾကာင္း သက္ဆိုင္ရာက အသိေပးထားသည္။ ထိုေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ သတ္မွတ္ကာလအတြင္း အခ်ိန္မီ ေက်ာင္းအပ္ႏွံၾကရန္ တိုက္တြန္းထားသည္။
ေက်ာင္းအပ္ႏွံရာတြင္ တကၠသိုလ္ဝင္တန္းေအာင္လက္မွတ္၊ အမွတ္စာရင္း၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ မိဘႏွစ္ပါး၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အိမ္ေထာင္စုဇယား၊ ရပ္ကြက္ေထာက္ခံစာ၊ ရဲစခန္းေထာက္ခံစာႏွင့္ လိုင္စင္ဓာတ္ပုံ (၈) ပုံတိုကို တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ တိုးမြှင့်
======================
၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန် ယခုကဲ့သို နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် ဩဂုတ် ၁၄ ရက်အထိ (စနေနှင့် တနင်္ဂနွေ မပါ) သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၁၄ ရက်သည် ကျောင်းအပ်နှံခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက မည်သည့်နည်းလမ်းဖြင့်မျှ ကျောင်းအပ်လက်ခံပေးမည်မဟုတ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။ ထိုကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ကျောင်းအပ်နှံကြရန် တိုက်တွန်းထားသည်။
ကျောင်းအပ်နှံရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် လိုင်စင်ဓာတ်ပုံ (၈) ပုံတိုကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။




