မႏၲေလး၊ ျပင္ဦးလြင္ႏွင့္ စစ္ကိုင္းတို႔တြင္ အင္အား ၄.၅ မဂၢနီက်ဴရွိ ေျမငလ်င္ လႈပ္ခတ္

မႏၲေလး၊ ျပင္ဦးလြင္ႏွင့္ စစ္ကိုင္းတို႔တြင္ အင္အား ၄.၅ မဂၢနီက်ဴရွိ ေျမငလ်င္ လႈပ္ခတ္
===============
ဇူလိုင္ ၂၉ ရက္ မေန႔ညပိုင္းက မႏၲေလးၿမိဳ႕ အပါအဝင္ ျပင္ဦးလြင္ႏွင့္ စစ္ကိုင္းၿမိဳ႕တို႔တြင္ အင္အား အသင့္အတင့္ရွိေသာ ေျမငလ်င္တစ္ခု သိသိသာသာ လႈပ္ခတ္သြားခဲ့ေၾကာင္း ေဒသခံမ်ားႏွင့္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ငလ်င္မွာ ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီ ၃၂ မိနစ္ ၄၅ စကၠန႔္အခ်ိန္တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး မႏၲေလးေျမငလ်င္စခန္းမွ အေနာက္ေျမာက္ဘက္ ၆ မိုင္ခန႔္အကြာ (ေအာင္ေျမသာဇံၿမိဳ႕နယ္၏ အေနာက္ေျမာက္ဘက္ ၆ မိုင္ခန႔္အကြာ) ေျမအနက္ ၁၅ ကီလိုမီတာကို ဗဟိုျပဳ၍ အင္အား မဂၢနီက်ဴ ၄.၅ အဆင့္ရွိ လႈပ္ခတ္သြားျခင္းျဖစ္သည္ဟု မိုးဇလက သတင္းထုတ္ျပန္ထားသည္။
အဆိုပါ ငလ်င္လႈပ္ခတ္မႈေၾကာင့္ မႏၲေလးၿမိဳ႕တြင္ စုန္လႈပ္၊ ေဝွ႔လႈပ္ျပင္းထန္စြာ ခံစားခဲ့ရၿပီး ျပင္ဦးလြင္ႏွင့္ စစ္ကိုင္းၿမိဳ႕တို႔တြင္လည္း သိသိသာသာ လႈပ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ႏိုင္ငံတကာ ငလ်င္တိုင္းတာေရး အပလီေကးရွင္းအခ်ိဳ႕တြင္မူ အဆိုပါ ငလ်င္သည္ အင္အား ၄.၆ မဂၢနီက်ဴအဆင့္ရွိၿပီး မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးေဒသအနီးကို ဗဟိုျပဳလႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားၾကသည္။
မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်
===============
ဇူလိုင် ၂၉ ရက် မနေ့ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ငလျင်မှာ မြန်မာစံတော်ချိန် ည ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ) မြေအနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား မဂ္ဂနီကျူ ၄.၅ အဆင့်ရှိ လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု မိုးဇလက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် စုန်လှုပ်၊ ဝှေ့လှုပ်ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင်လည်း သိသိသာသာ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
နိုင်ငံတကာ ငလျင်တိုင်းတာရေး အပလီကေးရှင်းအချို့တွင်မူ အဆိုပါ ငလျင်သည် အင်အား ၄.၆ မဂ္ဂနီကျူအဆင့်ရှိပြီး မန္တလေးမြို့၊ ပုသိမ်ကြီးဒေသအနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။




