အီတလီနည္းျပအျဖစ္ မန္စီနီကို ျပန္လည္ခန႔္အပ္

အီတလီနည္းျပအျဖစ္ မန္စီနီကို ျပန္လည္ခန႔္အပ္
=================
အီတလီအသင္းနည္းျပအျဖစ္ မန္ခ်ီနီကို ျပန္လည္ခန႔္အပ္ခဲ့ၿပီး ဝါရင့္နည္းျပ ရာနီေရးရီကို နည္းစနစ္ဒါ႐ိုက္တာအျဖစ္ တာဝန္ေပးခဲ့ပါတယ္။

အီတလီအသင္းဟာ ဂြါဒီယိုလာနဲ႔ အန္ဆယ္ေလာ့တီတိုကို ခ်ဥ္းကပ္မႈ အဆင္မေျပျဖစ္ၿပီးေနာက္ ပီယာလိုက ဒီရာထူးအတြက္ ေရပန္းစားခဲ့တာပါ။

ဒါေပမဲ့ ပီယာလိုဟာ ႐ုရွားေလာင္းကစားကုမၸဏီတစ္ခုရဲ႕ သံတမန္ျဖစ္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ FIGCက နည္းျပအျဖစ္ ခန႔္အပ္ဖို ျငင္းဆန္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ပတ္ကမွ အီတလီေဘာလုံးအဖြဲခ်ဳပ္(FIGC)က ခန႔္အပ္ထားတဲ့ နည္းစနစ္ဒါ႐ိုက္တာ မာလ္ဒီနီ၊ အႀကံေပး လီယိုနာဒိုတိုလည္း ဒီကိစၥနဲ႔ပတ္သက္လို ဥကၠ႒ မာလာဂိုနဲ႔ အေခ်အတင္ျဖစ္ခဲ့ၿပီး ရာထူးက ျပန္လည္ႏုတ္ထြက္ခဲ့ပါတယ္။

မန္ခ်ီနီဟာ အီတလီအသင္းနည္းျပအျဖစ္ ၂၀၃၀ ကမာၻ႔ဖလားအထိ တာဝန္ေပးခံခဲ့ရတာျဖစ္တယ္။

၎အေနနဲ႔ အီတလီအသင္းမွာ တစ္ႏွစ္ ယူ႐ို ၂ သန္းနဲ႔ ၂.၅ သန္းအၾကား ရရွိမယ္လို သိရပါတယ္။

မန္ခ်ီနီအေနနဲ႔ အီတလီအသင္းကို ၂၀၁၈ ခုႏွစ္ကေန ၂၀၂၃ ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာ ယူ႐ိုခ်န္ပီယံဆု ရယူေပးခဲ့ပါတယ္။


အီတလီနည်းပြအဖြစ် မန်စီနီကို ပြန်လည်ခန့်အပ်
=================
အီတလီအသင်းနည်းပြအဖြစ် မန်ချီနီကို ပြန်လည်ခန့်အပ်ခဲ့ပြီး ဝါရင့်နည်းပြ ရာနီရေးရီကို နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ပေးခဲ့ပါတယ်။

အီတလီအသင်းဟာ ဂွါဒီယိုလာနဲ့ အန်ဆယ်လော့တီတိုကို ချဉ်းကပ်မှု အဆင်မပြေဖြစ်ပြီးနောက် ပီယာလိုက ဒီရာထူးအတွက် ရေပန်းစားခဲ့တာပါ။

ဒါပေမဲ့ ပီယာလိုဟာ ရုရှားလောင်းကစားကုမ္ပဏီတစ်ခုရဲ့ သံတမန်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ FIGCက နည်းပြအဖြစ် ခန့်အပ်ဖို ငြင်းဆန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ကမှ အီတလီဘောလုံးအဖွဲချုပ်(FIGC)က ခန့်အပ်ထားတဲ့ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ၊ အကြံပေး လီယိုနာဒိုတိုလည်း ဒီကိစ္စနဲ့ပတ်သက်လို ဥက္ကဋ္ဌ မာလာဂိုနဲ့ အချေအတင်ဖြစ်ခဲ့ပြီး ရာထူးက ပြန်လည်နုတ်ထွက်ခဲ့ပါတယ်။

မန်ချီနီဟာ အီတလီအသင်းနည်းပြအဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားအထိ တာဝန်ပေးခံခဲ့ရတာဖြစ်တယ်။

၎င်းအနေနဲ့ အီတလီအသင်းမှာ တစ်နှစ် ယူရို ၂ သန်းနဲ့ ၂.၅ သန်းအကြား ရရှိမယ်လို သိရပါတယ်။

မန်ချီနီအနေနဲ့ အီတလီအသင်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ယူရိုချန်ပီယံဆု ရယူပေးခဲ့ပါတယ်။