ကမာၻ႔ဖလားမွာ နာမည္ႀကီးခဲ့တဲ့ ဂိုးသမား ေဗာ္ဇင္ညာ ခ်ီလီကလပ္ထံ ေျပာင္းေ႐ႊ႕

ကမာၻ႔ဖလားမွာ နာမည္ႀကီးခဲ့တဲ့ ဂိုးသမား ေဗာ္ဇင္ညာ ခ်ီလီကလပ္ထံ ေျပာင္းေ႐ႊ႕
======================
ကမာၻ႔ဖလားမွာ လူသိမ်ားထင္ရွားခဲ့တဲ့ ကိတ္ဗက္ဂိုးသမား ေဗာ္ဇင္ညာဟာ ခ်ီလီအေအာင္ျမင္ဆုံးကလပ္ ကိုလိုကိုလိုအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ကိုလိုကိုလိုအသင္းက အသင္းရဲ႕လူမႈကြန္ရက္ကေန ေဗာ္ဇင္ညာအား ေခၚယူမႈကို အတည္ျပဳခဲ့တာပါ။

ကိုလိုကိုလိုအသင္းကို စီမံခန႔္ခြဲေနတဲ့ Blanco y Negro ကုမၸဏီ ဥကၠ႒ အာနီဘယ္လ္မိုဆာက ေဗာ္ဇင္ညာဟာ လာမယ့္ရက္ပိုင္းအတြင္း ခ်ီလီကို ေရာက္လာၿပီး ေဆးစစ္မႈခံယူမယ္လို႔ ေျပာခဲ့ပါတယ္။

ေဗာ္ဇင္ညာ(၄၀ ႏွစ္)ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲေရာက္ ႏွစ္သင္းျဖစ္တဲ့ စပိန္၊ အာဂ်င္တီးနားတိုနဲ႔ပြဲေတြက လက္စြမ္းေတြနဲ႔ လူသိမ်ား ထင္ရွားလာခဲ့ပါတယ္။

၎ဟာ ကမာၻ႔ဖလားကာလအတြင္း ယခင္ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ Follower ၅၀၀၀၀ ဝန္းက်င္သာရွိရာကေန ၂၉ သန္းနီးပါးအထိ ေရာက္ရွိခဲ့ပါတယ္။


ကမ္ဘာ့ဖလားမှာ နာမည်ကြီးခဲ့တဲ့ ဂိုးသမား ဗော်ဇင်ညာ ချီလီကလပ်ထံ ပြောင်းရွှေ့
======================
ကမ္ဘာ့ဖလားမှာ လူသိများထင်ရှားခဲ့တဲ့ ကိတ်ဗက်ဂိုးသမား ဗော်ဇင်ညာဟာ ချီလီအအောင်မြင်ဆုံးကလပ် ကိုလိုကိုလိုအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ကိုလိုကိုလိုအသင်းက အသင်းရဲ့လူမှုကွန်ရက်ကနေ ဗော်ဇင်ညာအား ခေါ်ယူမှုကို အတည်ပြုခဲ့တာပါ။

ကိုလိုကိုလိုအသင်းကို စီမံခန့်ခွဲနေတဲ့ Blanco y Negro ကုမ္ပဏီ ဥက္ကဋ္ဌ အာနီဘယ်လ်မိုဆာက ဗော်ဇင်ညာဟာ လာမယ့်ရက်ပိုင်းအတွင်း ချီလီကို ရောက်လာပြီး ဆေးစစ်မှုခံယူမယ်လို့ ပြောခဲ့ပါတယ်။

ဗော်ဇင်ညာ(၄၀ နှစ်)ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် နှစ်သင်းဖြစ်တဲ့ စပိန်၊ အာဂျင်တီးနားတိုနဲ့ပွဲတွေက လက်စွမ်းတွေနဲ့ လူသိများ ထင်ရှားလာခဲ့ပါတယ်။

၎င်းဟာ ကမ္ဘာ့ဖလားကာလအတွင်း ယခင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ Follower ၅၀၀၀၀ ဝန်းကျင်သာရှိရာကနေ ၂၉ သန်းနီးပါးအထိ ရောက်ရှိခဲ့ပါတယ်။