အေမရိကန္-အီရန္ စစ္ပြဲ၏ တရားဝင္ ကုန္က်စရိတ္ ေဒၚလာ ၃၇.၅ ဘီလီယံ ရွိလာၿပီဟု ကာကြယ္ေရးဝန္ႀကီး Hegseth အတည္ျပဳ

အေမရိကန္-အီရန္ စစ္ပြဲ၏ တရားဝင္ ကုန္က်စရိတ္ ေဒၚလာ ၃၇.၅ ဘီလီယံ ရွိလာၿပီဟု ကာကြယ္ေရးဝန္ႀကီး Hegseth အတည္ျပဳ
=========================
ဇူလိုင္ ၂၂

အေမရိကန္ႏွင့္ အစၥေရးတို႔ ဆင္ႏႊဲေနေသာ အီရန္စစ္ပြဲအတြက္ လက္ရွိတရားဝင္ ကုန္က်စရိတ္မွာ ေဒၚလာ ၃၇.၅ ဘီလီယံ ရွိၿပီျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Pete Hegseth က အတည္ျပဳေျပာၾကားလိုက္သည္။

အေမရိကန္ ဆီးနိတ္လႊတ္ေတာ္ ဘတ္ဂ်က္ေကာ္မတီ၏ ၾကား နာပြဲသို႔ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒ Dan Caine ႏွင့္အတူ လာေရာက္စစ္ေဆးေမးျမန္းခံစဥ္ ကာကြယ္ေရးဝန္ႀကီး Hegseth က အဆိုပါ ကိန္းဂဏန္းကို ထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။ အစိုးရအေနျဖင့္ အေမရိကန္ ေဒၚလာ ၁.၅ ထရီလီယံရွိေသာ ကာကြယ္ ေရးဘတ္ဂ်က္ကို ေတာင္းခံထားရာ ယင္းတြင္ အီရန္စစ္ပြဲအတြက္ သီးသန႔္ခန႔္မွန္းေျခ ေဒၚလာ ၇၀ ဘီလီယံ ပါဝင္သည္။

ယခုထုတ္ျပန္လိုက္ေသာ ကုန္က်စရိတ္မွာ ေမလတုန္းက သမၼတ ေဒၚနယ္ထရမ့္ အစိုးရအဖြဲ႕ ထုတ္ျပန္ခဲ့သည့္ ေဒၚလာ ၂၉ ဘီလီယံထက္ ေဒၚလာ ၈ ဘီလီယံခန႔္ ပိုမိုမ်ားျပားလာျခင္း ျဖစ္ သည္။

သို႔ေသာ္ ဤတရားဝင္ ကိန္းဂဏန္းမွာ အေမရိကန္ စြမ္းအင္ေဈးႏႈန္း ျမင့္တက္လာျခင္းကဲ့သို႔ေသာ ျပည္တြင္းစားသုံးသူမ်ားအတြက္ သက္ေရာက္မည့္ ေနာက္ဆက္တြဲ ကုန္က်စရိတ္မ်ားကို ထည့္သြင္းတြက္ခ်က္ထားသည့္ အျခားခန႔္မွန္းခ်က္မ်ားႏွင့္ ယွဥ္ပါက သိသိသာသာ နည္းပါးေနသည္။ ဥပမာအားျဖင့္ မူဒီ့စ္ အန္နာလစ္တစ္ (Moody’s Analytics) ၏ ခန႔္မွန္းခ်က္အရ ျပည္ တြင္း၌ က်ခံရမည့္ ကုန္က်စရိတ္မွာ ေဒၚလာ ၁၅၀ ဘီလီယံအထိ ရွိႏိုင္ေၾကာင္း သိရသည္။

ဇြန္လလယ္ပိုင္းက ရပ္ဆိုင္းထားခဲ့သည့္ တိုက္ခိုက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ (MoU) ပ်က္ျပားသြားၿပီးေနာက္ ႏွစ္ႏိုင္ငံအၾကား တိုက္ပြဲမ်ားမွာ ပိုမိုျပင္းထန္လာေနသည္။ စစ္ပြဲေၾကာင့္ အေမရိကန္၏ လက္နက္ခဲယမ္း မီးေက်ာက္ စုေဆာင္းမႈအေပၚ ႀကီးမားေသာ ဖိစီးမႈမ်ား ရွိေနေၾကာင္း ေထာက္ျပခဲ့ၿပီး၊ အထူး သျဖင့္ ပဲ့ထိန္းဗုံးမ်ား၊ ဟိုက္ပါေဆာနစ္လက္နက္မ်ားႏွင့္ ဒ႐ုန္းတန္ျပန္ တိုက္ခိုက္ေရး ကိရိယာမ်ား ထုတ္လုပ္မႈကို အရွိန္ျမႇင့္တင္ရန္ ရန္ပုံေငြ အေရးတႀကီး လိုအပ္ေနေၾကာင္း Hegseth က အေလးေပးေျပာၾကားခဲ့သည္။

လာမည့္လမ်ားတြင္ စစ္ပြဲဆိုင္ရာ ကုန္က်စရိတ္မ်ားႏွင့္ ဘတ္ ဂ်က္လိုအပ္ခ်က္မ်ားမွာ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္၏ အဓိက ေဆြးေႏြးရမည့္ အေၾကာင္းအရာတစ္ခု ျဖစ္လာေန သည္။


အမေရိကန်-အီရန် စစ်ပွဲ၏ တရားဝင် ကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံ ရှိလာပြီဟု ကာကွယ်ရေးဝန်ကြီး Hegseth အတည်ပြု
=========================
ဇူလိုင် ၂၂

အမေရိကန်နှင့် အစ္စရေးတို့ ဆင်နွှဲနေသော အီရန်စစ်ပွဲအတွက် လက်ရှိတရားဝင် ကုန်ကျစရိတ်မှာ ဒေါ်လာ ၃၇.၅ ဘီလီယံ ရှိပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အတည်ပြုပြောကြားလိုက်သည်။

အမေရိကန် ဆီးနိတ်လွှတ်တော် ဘတ်ဂျက်ကော်မတီ၏ ကြား နာပွဲသို့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ Dan Caine နှင့်အတူ လာရောက်စစ်ဆေးမေးမြန်းခံစဉ် ကာကွယ်ရေးဝန်ကြီး Hegseth က အဆိုပါ ကိန်းဂဏန်းကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် အမေရိကန် ဒေါ်လာ ၁.၅ ထရီလီယံရှိသော ကာကွယ် ရေးဘတ်ဂျက်ကို တောင်းခံထားရာ ယင်းတွင် အီရန်စစ်ပွဲအတွက် သီးသန့်ခန့်မှန်းခြေ ဒေါ်လာ ၇၀ ဘီလီယံ ပါဝင်သည်။

ယခုထုတ်ပြန်လိုက်သော ကုန်ကျစရိတ်မှာ မေလတုန်းက သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ ထုတ်ပြန်ခဲ့သည့် ဒေါ်လာ ၂၉ ဘီလီယံထက် ဒေါ်လာ ၈ ဘီလီယံခန့် ပိုမိုများပြားလာခြင်း ဖြစ် သည်။

သို့သော် ဤတရားဝင် ကိန်းဂဏန်းမှာ အမေရိကန် စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းကဲ့သို့သော ပြည်တွင်းစားသုံးသူများအတွက် သက်ရောက်မည့် နောက်ဆက်တွဲ ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်ထားသည့် အခြားခန့်မှန်းချက်များနှင့် ယှဉ်ပါက သိသိသာသာ နည်းပါးနေသည်။ ဥပမာအားဖြင့် မူဒီ့စ် အန်နာလစ်တစ် (Moody’s Analytics) ၏ ခန့်မှန်းချက်အရ ပြည် တွင်း၌ ကျခံရမည့် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၅၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။

ဇွန်လလယ်ပိုင်းက ရပ်ဆိုင်းထားခဲ့သည့် တိုက်ခိုက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ပျက်ပြားသွားပြီးနောက် နှစ်နိုင်ငံအကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနေသည်။ စစ်ပွဲကြောင့် အမေရိကန်၏ လက်နက်ခဲယမ်း မီးကျောက် စုဆောင်းမှုအပေါ် ကြီးမားသော ဖိစီးမှုများ ရှိနေကြောင်း ထောက်ပြခဲ့ပြီး၊ အထူး သဖြင့် ပဲ့ထိန်းဗုံးများ၊ ဟိုက်ပါဆောနစ်လက်နက်များနှင့် ဒရုန်းတန်ပြန် တိုက်ခိုက်ရေး ကိရိယာများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန် ရန်ပုံငွေ အရေးတကြီး လိုအပ်နေကြောင်း Hegseth က အလေးပေးပြောကြားခဲ့သည်။

လာမည့်လများတွင် စစ်ပွဲဆိုင်ရာ ကုန်ကျစရိတ်များနှင့် ဘတ် ဂျက်လိုအပ်ချက်များမှာ အမေရိကန် ကွန်ဂရက်လွှတ်တော်၏ အဓိက ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာနေ သည်။