ကမာၻ႔ဖလား ဗိုလ္လုပြဲ သမၼတ ထရန႔္သြားၾကည့္မည္

ကမာၻ႔ဖလား ဗိုလ္လုပြဲ သမၼတ ထရန႔္သြားၾကည့္မည္
====================
စပိန္နဲ႔ အာဂ်င္တီးနားတို ဗိုလ္လုပြဲအျဖစ္ ထိပ္တိုက္ေတြ႕ၾကမယ့္ လာမယ့္တနဂၤေႏြေန႔ ဖီဖာကမာၻ႔ဖလား(FIFA World Cup) ဗိုလ္လုပြဲကို သမၼတ ထရန႔္ တက္ေရာက္မယ္လို အိမ္ျဖဴေတာ္က အတည္ျပဳလိုက္ပါတယ္။ ဒီပြဲကိုေတာ့ MetLife Stadium ကြင္းမွာ က်င္းပသြားမွာပါ။

​အိမ္ျဖဴေတာ္ ျပန္ၾကားေရးအတြင္းေရးမႉး ကာ႐ိုလိုင္း လီဗစ္(Karoline Leavitt) က “အေမရိကန္ႏိုင္ငံအေနနဲ႔ ကမာၻႀကီးကို အႀကီးက်ယ္ဆုံး စင္ျမင့္ထက္မွာ ဧည့္ခံက်င္းပေပးႏိုင္တဲ့ စြမ္းရည္ကို သက္ေသျပခဲ့တဲ့ ဒီၿပိဳင္ပြဲႀကီးအတြက္ သမၼတထရန႔္ရဲ႕ တက္ေရာက္မႈဟာ အလြန္ပဲ သင့္ေတာ္ျပည့္စုံတဲ့ နိဂုံးခ်ဳပ္မႈတစ္ခု ျဖစ္လာမွာပါ” လို ေျပာပါတယ္။

​ဖီဖာ(FIFA) ဥကၠ႒ ဂ်ီယန္နီ အင္ဖန္တီႏို(Gianni Infantino) ကလည္း သူနဲ႔ သမၼတထရန႔္တို႔ ႏွစ္ေယာက္ဟာ ေဘာလုံးကြင္းထဲအထိ ကိုယ္တိုင္ဆင္းၿပီး အႏိုင္ရရွိသြားတဲ့ အသင္းေခါင္းေဆာင္ရဲ႕ လက္ထဲကို ဖီဖာကမာၻ႔ဖလား ဆုဖလားႀကီး ေပးအပ္ခ်ီးျမႇင့္သြားမယ္လို ေျပာၾကားခဲ့ပါတယ္။ #Popular


ကမ္ဘာ့ဖလား ဗိုလ်လုပွဲ သမ္မတ ထရန့်သွားကြည့်မည်
====================
စပိန်နဲ့ အာဂျင်တီးနားတို ဗိုလ်လုပွဲအဖြစ် ထိပ်တိုက်တွေ့ကြမယ့် လာမယ့်တနင်္ဂနွေနေ့ ဖီဖာကမ္ဘာ့ဖလား(FIFA World Cup) ဗိုလ်လုပွဲကို သမ္မတ ထရန့် တက်ရောက်မယ်လို အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။ ဒီပွဲကိုတော့ MetLife Stadium ကွင်းမှာ ကျင်းပသွားမှာပါ။

​အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ်(Karoline Leavitt) က “အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာကြီးကို အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ဧည့်ခံကျင်းပပေးနိုင်တဲ့ စွမ်းရည်ကို သက်သေပြခဲ့တဲ့ ဒီပြိုင်ပွဲကြီးအတွက် သမ္မတထရန့်ရဲ့ တက်ရောက်မှုဟာ အလွန်ပဲ သင့်တော်ပြည့်စုံတဲ့ နိဂုံးချုပ်မှုတစ်ခု ဖြစ်လာမှာပါ” လို ပြောပါတယ်။

​ဖီဖာ(FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို(Gianni Infantino) ကလည်း သူနဲ့ သမ္မတထရန့်တို့ နှစ်ယောက်ဟာ ဘောလုံးကွင်းထဲအထိ ကိုယ်တိုင်ဆင်းပြီး အနိုင်ရရှိသွားတဲ့ အသင်းခေါင်းဆောင်ရဲ့ လက်ထဲကို ဖီဖာကမ္ဘာ့ဖလား ဆုဖလားကြီး ပေးအပ်ချီးမြှင့်သွားမယ်လို ပြောကြားခဲ့ပါတယ်။ #Popular