ျပည္တြင္းထုတ္ ဝါႀကိတ္စက္မ်ားအား အထူးေခ်းေငြအစီအစဥ္ျဖင့္ေရာင္းခ်ေပးမည္

ျပည္တြင္းထုတ္ ဝါႀကိတ္စက္မ်ားအား အထူးေခ်းေငြအစီအစဥ္ျဖင့္ေရာင္းခ်ေပးမည္
========================
ျပည္တြင္းထုတ္ ဝါႀကိတ္စက္မ်ားအား အထူးေခ်းေငြအစီအစဥ္ျဖင့္ေရာင္းခ်ေပးမည္ဟု စက္မႈႏွင့္ အေသးစား၊ အငယ္စား၊ အလတ္စားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားဖြံၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာနက အသိေပးခဲ့သည္။

အဆိုပါ အစီအစဥ္ကို လုပ္ငန္းရွင္မ်ားႏွင့္ ေတာင္သူမ်ားအေနျဖင့္ ျပည္တြင္းမွထြက္ရွိသည့္ ဝါမ်ားအားအ ျပည့္အဝႀကိတ္ခြဲႏိုင္ရန္ႏွင့္ စိုက္ပ်ိဳးထြက္ရွိသည့္ ဝါမ်ားအား တစ္ပိုင္တစ္ႏိုင္ႀကိတ္ခြဲႏိုင္ရန္တိုအတြက္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အေသးစိတ္သိရွိလိုပါက စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာန(႐ုံးခ်ဳပ္)၊ ႐ုံးအမွတ္(၃၇)၊ ေနျပည္ေတာ္ ဖုန္း- ၀၆၇-၃၄၀၈၃၉၅ ၊ ၀၉-၄၀၁၂၂၄၉၉၈ တိုသို ႐ုံးခ်ိန္အတြင္းဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။


ပြည်တွင်းထုတ် ဝါကြိတ်စက်များအား အထူးချေးငွေအစီအစဉ်ဖြင့်ရောင်းချပေးမည်
========================
ပြည်တွင်းထုတ် ဝါကြိတ်စက်များအား အထူးချေးငွေအစီအစဉ်ဖြင့်ရောင်းချပေးမည်ဟု စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးခဲ့သည်။

အဆိုပါ အစီအစဥ်ကို လုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ဝါများအားအ ပြည့်အဝကြိတ်ခွဲနိုင်ရန်နှင့် စိုက်ပျိုးထွက်ရှိသည့် ဝါများအား တစ်ပိုင်တစ်နိုင်ကြိတ်ခွဲနိုင်ရန်တိုအတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅ ၊ ၀၉-၄၀၁၂၂၄၉၉၈ တိုသို ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။