Redmi Note 17 စီးရီးထြက္ၿပီ

Redmi Note 17 စီးရီးထြက္ၿပီ
=================
ဘက္ထရီႀကီးႀကီး screen က်ယ္က်ယ္နဲ႔ ေဈးတန္တဲ့ Redmi Note 17 စီးရီးေတြ ထြက္လာပါၿပီ။
အခုစီးရီးရဲ႕ ထူးျခားခ်က္က Redmi ဖုန္းေတြထဲမွာ တက္ဘလက္အေသးစားနီးပါး ၇ လက္မ screen size သုံးတဲ့ Redmi Note 17 ပါလာတာပါ။ ဒီဖုန္းကေတာ့ screen ႀကီးသလို 45W charging ၊ 22.5W reverse charging သုံး အႀကီးစား 8000mAh ဘက္ထရီလည္း သုံးပါတယ္။
ဘတ္ဂ်က္ဖုန္းျဖစ္လို႔ processor ကို 4nm process နဲ႔ တည္ေဆာက္ထားတဲ့ Snapdragon 4 Gen 4 ၊ Adreno 613 GPU နဲ႔ ေမာင္းၿပီး LPDDR4X RAM 6/8GB နဲ႔ UFS 2.2 128GB/256GB ေတြ တြဲပါတယ္။ storage ထပ္ျမႇင့္ခ်င္ရင္ SIM Card slot မွာ microSD card ထပ္စိုက္ႏိုင္မွာပါ။
Redmi Note 17 Pro မွာေတာ့ ပိုေသးတဲ့ ၆.၈၃ လက္မ OLED panel ၊ ပိုလင္းတဲ့ 3500 nits brightness ၊ ပိုႀကီး 9000mAh ဆီလီကြန္ ကာဗြန္ဘက္္ထရီ သုံးၿပီး ပိုသြက္တဲ့ 67W charging ပါပါတယ္။ reverse charging ကေတာ့ 22.5W ပဲ သုံးတာပါ။
Pro ေမာ္ဒယ္ကို ပိုအားေကာင္းတဲ့ Snapdragon 6s Gen 4 နဲ႔ ပိုသစ္လြင္တဲ့ Adreno 710 GPU သုံးၿပီး RAM 8GB နဲ႔ 12GB ဆိုၿပီး ေ႐ြးႏိုင္ပါတယ္။ storage ကို 128GB/256GB နဲ႔ 512GB သုံးမ်ိဳးလာၿပီး microSD slot ေတာ့ မပါေတာ့ပါဘူး။
ကင္မရာပိုင္းမွာ Pro ေမာ္ဒယ္က ေက်ာဘက္ 50MP (1/2.76″ sensor , f/1.8) lens နဲ႔ 2MP depth sensor သုံးၿပီး ႐ိုး႐ိုးေမာ္ဒယ္မွာေတာ့ ေက်ာဘက္ 50MP ကင္မရာတစ္လုံးပဲ သုံးပါတယ္။ ႏွစ္မ်ိဳးလုံး 8MP selfie သုံးၿပိး 1080p ဗြီဒီယိုကို 30fps နဲ႔ ႐ိုက္ႏိုင္ပါတယ္။
ေမာ္ဒယ္ႏွစ္မ်ိဳးလုံးမွာ optical fingerprint ပါၿပီး Pro မွာ စတီရီယိုစပီကာ သုံးပါတယ္။ Redmi Note 17 Pro ရဲ႕ ေနာက္ထပ္အားသာခ်က္က IP68 ေရစိမ္ခံၿပီး water jet ကာကြယ္မႈ IP66/IP69/IP69K ေတြ ပါတာပါ။ Redmi Note 17 မွာေတာ့ IP65 ႐ိုး႐ိုးပဲ ပါပါတယ္။
ေလာေလာဆယ္ တ႐ုတ္ေဈးကြက္ထဲပဲ ဝင္ၿပီး 6/128GB ဗားရွင္း Redmi Note 17 ကို ယြမ္ ၁၃၀၀ ( ျမန္မာေငြ ၈ သိန္းေက်ာ္) နဲ႔ စေရာင္းၿပီး Pro (8/128GB) ဗားရွင္းကို ယြမ္ ၁၆၀၀ ( ျမန္မာေငြ ၁၀ သိန္းဝန္းက်င္) ေဈးနဲ႔ ထြက္ထားပါတယ္။ Global ဝင္မယ့္ရက္ေတာ့ မသိရေသးပါဘူး။
Redmi Note 17 စီးရီးထွက်ပြီ
=================
ဘက်ထရီကြီးကြီး screen ကျယ်ကျယ်နဲ့ ဈေးတန်တဲ့ Redmi Note 17 စီးရီးတွေ ထွက်လာပါပြီ။
အခုစီးရီးရဲ့ ထူးခြားချက်က Redmi ဖုန်းတွေထဲမှာ တက်ဘလက်အသေးစားနီးပါး ၇ လက်မ screen size သုံးတဲ့ Redmi Note 17 ပါလာတာပါ။ ဒီဖုန်းကတော့ screen ကြီးသလို 45W charging ၊ 22.5W reverse charging သုံး အကြီးစား 8000mAh ဘက်ထရီလည်း သုံးပါတယ်။
ဘတ်ဂျက်ဖုန်းဖြစ်လို့ processor ကို 4nm process နဲ့ တည်ဆောက်ထားတဲ့ Snapdragon 4 Gen 4 ၊ Adreno 613 GPU နဲ့ မောင်းပြီး LPDDR4X RAM 6/8GB နဲ့ UFS 2.2 128GB/256GB တွေ တွဲပါတယ်။ storage ထပ်မြှင့်ချင်ရင် SIM Card slot မှာ microSD card ထပ်စိုက်နိုင်မှာပါ။
Redmi Note 17 Pro မှာတော့ ပိုသေးတဲ့ ၆.၈၃ လက်မ OLED panel ၊ ပိုလင်းတဲ့ 3500 nits brightness ၊ ပိုကြီး 9000mAh ဆီလီကွန် ကာဗွန်ဘက််ထရီ သုံးပြီး ပိုသွက်တဲ့ 67W charging ပါပါတယ်။ reverse charging ကတော့ 22.5W ပဲ သုံးတာပါ။
Pro မော်ဒယ်ကို ပိုအားကောင်းတဲ့ Snapdragon 6s Gen 4 နဲ့ ပိုသစ်လွင်တဲ့ Adreno 710 GPU သုံးပြီး RAM 8GB နဲ့ 12GB ဆိုပြီး ရွေးနိုင်ပါတယ်။ storage ကို 128GB/256GB နဲ့ 512GB သုံးမျိုးလာပြီး microSD slot တော့ မပါတော့ပါဘူး။
ကင်မရာပိုင်းမှာ Pro မော်ဒယ်က ကျောဘက် 50MP (1/2.76″ sensor , f/1.8) lens နဲ့ 2MP depth sensor သုံးပြီး ရိုးရိုးမော်ဒယ်မှာတော့ ကျောဘက် 50MP ကင်မရာတစ်လုံးပဲ သုံးပါတယ်။ နှစ်မျိုးလုံး 8MP selfie သုံးပြိး 1080p ဗွီဒီယိုကို 30fps နဲ့ ရိုက်နိုင်ပါတယ်။
မော်ဒယ်နှစ်မျိုးလုံးမှာ optical fingerprint ပါပြီး Pro မှာ စတီရီယိုစပီကာ သုံးပါတယ်။ Redmi Note 17 Pro ရဲ့ နောက်ထပ်အားသာချက်က IP68 ရေစိမ်ခံပြီး water jet ကာကွယ်မှု IP66/IP69/IP69K တွေ ပါတာပါ။ Redmi Note 17 မှာတော့ IP65 ရိုးရိုးပဲ ပါပါတယ်။
လောလောဆယ် တရုတ်ဈေးကွက်ထဲပဲ ဝင်ပြီး 6/128GB ဗားရှင်း Redmi Note 17 ကို ယွမ် ၁၃၀၀ ( မြန်မာငွေ ၈ သိန်းကျော်) နဲ့ စရောင်းပြီး Pro (8/128GB) ဗားရှင်းကို ယွမ် ၁၆၀၀ ( မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ဈေးနဲ့ ထွက်ထားပါတယ်။ Global ဝင်မယ့်ရက်တော့ မသိရသေးပါဘူး။




