ေအာင္ပြဲခံအခမ္းအနားမွာ မကၠဆီကိုပရိသတ္ ေလးဦး ေသဆုံး

ေအာင္ပြဲခံအခမ္းအနားမွာ မကၠဆီကိုပရိသတ္ ေလးဦး ေသဆုံး
=====================
မကၠဆီကိုအသင္း ၁၆ သင္းအဆင့္ တက္ေရာက္ၿပီးေနာက္ မကၠဆီကိုစီးတီးရွိ လမ္းမေတြေပၚမွာ ျပဳလုပ္ခဲ့တဲ့
ေအာင္ပြဲခံအခမ္းအနားမွာ ပရိသတ္ ေလးဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ မကၠဆီကိုပရိသတ္ တစ္သန္းေက်ာ္ဟာ အီေကြေဒါနဲ႔ပြဲအၿပီး ၿမိဳ႕ေတာ္လမ္းမေတြေပၚကို ထြက္လာၿပီး ေအာင္ပြဲခံခဲ့ ၾကတာျဖစ္တယ္။
၁၉ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီး၊ ၄၈ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီး၊ ၄၄ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတိုဟာ ေသဆုံးခဲ့ရတယ္လို႔
ၿမိဳ႕ေတာ္က်န္းမာေရးအာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။ ၃၀ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးကေတာ့ ဝက္႐ူးျပန္ေရာဂါအခံနဲ႔ ေဆး႐ုံမွာ ေသဆုံးခဲ့တာျဖစ္တယ္။
မကၠဆီကိုစီးတီးၿမိဳ႕ေတာ္ဝန္ ဘ႐ူဂါဒါက ေသဆုံးသူေတြအတြက္ ဝမ္းနည္းေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ မကၠဆီကိုအသင္းဟာ ၁၉၈၆ ခုႏွစ္ကတည္းက ပထမဆုံးအျဖစ္ ရႈံးထြက္အဆင့္မွာ ႏိုင္ပြဲျပန္ရခဲ့တာျဖစ္ပါတယ္။
အောင်ပွဲခံအခမ်းအနားမှာ မက္ကဆီကိုပရိသတ် လေးဦး သေဆုံး
=====================
မက္ကဆီကိုအသင်း ၁၆ သင်းအဆင့် တက်ရောက်ပြီးနောက် မက္ကဆီကိုစီးတီးရှိ လမ်းမတွေပေါ်မှာ ပြုလုပ်ခဲ့တဲ့
အောင်ပွဲခံအခမ်းအနားမှာ ပရိသတ် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မက္ကဆီကိုပရိသတ် တစ်သန်းကျော်ဟာ အီကွေဒေါနဲ့ပွဲအပြီး မြို့တော်လမ်းမတွေပေါ်ကို ထွက်လာပြီး အောင်ပွဲခံခဲ့ ကြတာဖြစ်တယ်။
၁၉ နှစ်အရွယ်ရှိ အမျိုးသမီး၊ ၄၈ နှစ်အရွယ်ရှိ အမျိုးသမီး၊ ၄၄ နှစ်အရွယ်ရှိ အမျိုးသားတိုဟာ သေဆုံးခဲ့ရတယ်လို့
မြို့တော်ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကတော့ ဝက်ရူးပြန်ရောဂါအခံနဲ့ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်တယ်။
မက္ကဆီကိုစီးတီးမြို့တော်ဝန် ဘရူဂါဒါက သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ မက္ကဆီကိုအသင်းဟာ ၁၉၈၆ ခုနှစ်ကတည်းက ပထမဆုံးအဖြစ် ရှုံးထွက်အဆင့်မှာ နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။




