ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ အမ္ဘာေပ

ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ အမ္ဘာေပ
=========================
ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပဟာ ဆြီဒင္အသင္းကို (၃-၀)ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ (၂)ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ ကစားသမားအျဖစ္ သြင္းဂိုး(၁၀)ဂိုးနဲ႔ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။

အမ္ဘာေပက ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူေတြအျဖစ္ စံခ်ိန္တင္ထားၾကတဲ့ ဘရာဇီးလ္ကစားသမား လီယိုနီဒက္စ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ (၈)ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

အမ္ဘာေပဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၂၀၁၈ ကမာၻ႔ဖလားမွာမွ စတင္ဆင္ႏႊခဲ့ျခင္းျဖစ္ၿပီး (၃)ႀကိမ္ေျမာက္ၿပိဳင္ပြဲမွာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

အမ္ဘာေပက ၂၀၁၈ ကမာၻ႔ဖလားမွာ (၄)ဂိုး၊ ၂၀၂၂ ကမာၻ႔ဖလားမွာ (၈)ဂိုးနဲ႔ အခု ၂၀၂၆ ကမာၻ႔ဖလားမွာ (၆)ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ စုစုေပါင္းကမာၻ႔ဖလားသြင္းဂိုးအေရအတြက္ကလည္း (၁၈)ဂိုးရွိသြားခဲ့ၿပီး အဲဒီအတြက္ (၁၈)ပြဲသာ ကစားခဲ့ရေၾကာင္းလည္း သိရပါတယ္။

အမ္ဘာေပရဲ႕ ကမာၻ႔ဖလားရႈံးထြက္အဆင့္ သြင္းဂိုးေတြကေတာ့ ၂၀၁၈ ကမာၻ႔ဖလားမွာ (၃)ဂိုး၊ ၂၀၂၂ ကမာၻ႔ဖလားမွာ (၅)ဂိုးနဲ႔ ၂၀၂၆ ကမာၻ႔ဖလားမွာ (၂)ဂိုး ျဖစ္ပါတယ္။

အမ္ဘာေပက လက္ရွိအခ်ိန္မွာ ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဒုတိယဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ မက္ဆီေအာက္ တစ္ဂိုးအကြာနဲ႔ ရပ္တည္ေနၿပီး ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း မက္ဆီနဲ႔အၿပိဳင္ (၆)ဂိုး သြင္းယူထားႏိုင္ခဲ့ပါၿပီ။

ဒါေၾကာင့္ သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္အတြက္ေရာ လက္ရွိၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ဆုအတြက္ေရာ မက္ဆီနဲ႔ အမ္ဘာေပတို႔ ၿပိဳင္ဆိုင္သြားရဖြယ္ရွိေနပါတယ္။

ျပင္သစ္အသင္းကလည္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၃)ဂိုးနဲ႔အထက္ (၅)ပြဲဆက္သြင္းယူႏိုင္တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။


ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးအများဆုံးသွင်းယူထားတဲ့ အမ်ဘာပေ
=========================
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဆွီဒင်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ (၂)ဂိုးသွင်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် သွင်းဂိုး(၁၀)ဂိုးနဲ့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အမ်ဘာပေက ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်သူတွေအဖြစ် စံချိန်တင်ထားကြတဲ့ ဘရာဇီးလ်ကစားသမား လီယိုနီဒက်စ်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ (၈)ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အမ်ဘာပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၈ ကမ္ဘာ့ဖလားမှာမှ စတင်ဆင်နွှခဲ့ခြင်းဖြစ်ပြီး (၃)ကြိမ်မြောက်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အမ်ဘာပေက ၂၀၁၈ ကမ္ဘာ့ဖလားမှာ (၄)ဂိုး၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ (၈)ဂိုးနဲ့ အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာ (၆)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်းကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်ကလည်း (၁၈)ဂိုးရှိသွားခဲ့ပြီး အဲဒီအတွက် (၁၈)ပွဲသာ ကစားခဲ့ရကြောင်းလည်း သိရပါတယ်။

အမ်ဘာပေရဲ့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့် သွင်းဂိုးတွေကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ (၃)ဂိုး၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ (၅)ဂိုးနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ (၂)ဂိုး ဖြစ်ပါတယ်။

အမ်ဘာပေက လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် မက်ဆီအောက် တစ်ဂိုးအကွာနဲ့ ရပ်တည်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မက်ဆီနဲ့အပြိုင် (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါပြီ။

ဒါကြောင့် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်အတွက်ရော လက်ရှိပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုအတွက်ရော မက်ဆီနဲ့ အမ်ဘာပေတို့ ပြိုင်ဆိုင်သွားရဖွယ်ရှိနေပါတယ်။

ပြင်သစ်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ဂိုးနဲ့အထက် (၅)ပွဲဆက်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။