ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖိုင္းယားအသင္းသို႔ ေျပာင္းေ႐ႊ႕သြားတဲ့ လီဝန္ေဒါစကီး

ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖိုင္းယားအသင္းသို႔ ေျပာင္းေ႐ႊ႕သြားတဲ့ လီဝန္ေဒါစကီး
=========================
ပိုလန္ဝါရင့္တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖိုင္းယားအသင္းထံ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕
ခဲ့ပါတယ္။ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ လီဝန္ေဒါစကီးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီကုန္မွာ ဘာစီလိုနာအသင္းနဲ႔ ေလးႏွစ္စာခ်ဳပ္ သက္တမ္းကုန္ဆုံးခ်ိန္ လမ္းခြဲခဲ့တာျဖစ္တယ္။ ၎ကို ေအစီမီလန္၊ ေဆာ္ဒီပ႐ိုလိဂ္ကလပ္ေတြက စိတ္ဝင္စားခဲ့ေပမဲ့ ေမဂ်ာလိဂ္ကို ေ႐ြးခ်ယ္ခဲ့တာပါ။ ခ်ီကာဂိုၿမိဳဟာ ပိုလန္ႏိုင္ငံျပင္ပမွာ ပိုလန္ျပည္သူေတြ အမ်ားအျပားရွိတဲ့ ၿမိဳတစ္ၿမိဳလည္းျဖစ္တယ္။ ခ်ီကာဂိုဖိုင္းယားအသင္းဟာ လက္ရွိေမဂ်ာလိဂ္ရာသီမွာ အေရွ႕ပိုင္းဇုန္ အဆင့္ငါးေနရာမွာ ရပ္တည္ေနတာပါ။ လက္ရွိမွာ ေမဂ်ာလိဂ္ၿပိဳင္ပြဲကို ရပ္နားထားၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးမွ ျပန္လည္စတင္ပါလိမ့္မယ္။


မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသို့ ပြောင်းရွှေ့သွားတဲ့ လီဝန်ဒေါစကီး
=========================
ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းထံ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့
ခဲ့ပါတယ်။ ၃၇ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးအနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ လေးနှစ်စာချုပ် သက်တမ်းကုန်ဆုံးချိန် လမ်းခွဲခဲ့တာဖြစ်တယ်။ ၎င်းကို အေစီမီလန်၊ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားခဲ့ပေမဲ့ မေဂျာလိဂ်ကို ရွေးချယ်ခဲ့တာပါ။ ချီကာဂိုမြိုဟာ ပိုလန်နိုင်ငံပြင်ပမှာ ပိုလန်ပြည်သူတွေ အများအပြားရှိတဲ့ မြိုတစ်မြိုလည်းဖြစ်တယ်။ ချီကာဂိုဖိုင်းယားအသင်းဟာ လက်ရှိမေဂျာလိဂ်ရာသီမှာ အရှေ့ပိုင်းဇုန် အဆင့်ငါးနေရာမှာ ရပ်တည်နေတာပါ။ လက်ရှိမှာ မေဂျာလိဂ်ပြိုင်ပွဲကို ရပ်နားထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ပြန်လည်စတင်ပါလိမ့်မယ်။