မိမိတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရ၊လႊတ္ေတာ္တို႔ႏွင့္အတူ မိမိတို႔ကိုယ္တိုင္ပူးေပါင္းပါဝင္ရန္လိုအပ္ေၾကာင္း အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ေျပာၾကား



မိမိတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရ၊လႊတ္ေတာ္တို႔ႏွင့္အတူ မိမိတို႔ကိုယ္တိုင္ပူးေပါင္းပါဝင္ရန္လိုအပ္ေၾကာင္း အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ေျပာၾကား
===========================
ေပ်ာ္ဘြယ္ ဇြန္ ၂၈
ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳနယ္၊
ေလွ်ာ္ျဖဴကုန္းေက်း႐ြာသို႔ သြားေရာက္၍ ျပည္သူမ်ား ေတြ႕ဆုံၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ဇြန္လ( ၂၈)ရက္ ေန႔လယ္ပိုင္းက ေပ်ာ္ဘြယ္ၿမိဳနယ္၊ေလွ်ာ္ျဖဴကုန္းေက်း႐ြာမွ ျပည္သူမ်ားႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရး
ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳနယ္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တို႔ ေတြ႕ဆုံခဲ့ၾကျခင္း ျဖစ္သည္။
အဆိုပါ ေတြ႕ဆုံပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္
ဦးေသာင္းေအး က ေဒသတြင္း ဖြံၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္သြား ရမည့္ ကိစၥရပ္မ်ား၊လႊတ္ေတာ္အသီးသီးတြင္ ျပည္သူလူထုအတြက္ တင္ျပေဆြးေႏြးၾကမည့္ေမးခြန္းမ်ား၊ အဆိုမ်ား၊ ျပည္သူလူထု၏ လိုလားခ်က္၊ လိုအပ္ခ်က္မ်ားႏွင့္ပတ္သက္၍ အစိုးရသည္လည္းအစိုးရမွလုပ္ေဆာင္ရမည့္ က႑မ်ား၊လႊတ္ေတာ္သည္လည္းလႊတ္ေတာ္မွလုပ္ေဆာင္ရမည့္ က႑မ်ား ရွိသလိုမိမိတိုကိုယ္တိုင္လည္း အစိုးရ၊လႊတ္ေတာ္တိုႏွင့္အတူပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္တြင္ ေဆြးေႏြးပြဲသို တက္ေရာက္လာၾကသည့္ ေဒသခံျပည္သူမ်ားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးႏွင့္ ဇနီး ေဒၚသင္းမ်ိဳးမ်ိဳးေအာင္ မိသားစုတိုမွ လႉဒါန္းသည့္ ဗုဒၶ႐ုပ္ပြါးေတာ္မ်ားကို ေပးအပ္လႉဒါန္းခဲ့ပါသည္။
အဆိုပါ ေတြဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးႏွင့္အတူတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားျဖစ္ၾက သည့္ဦးေအာင္ႏိုင္ၫြန္႔၊ေဒၚသန္းသန္းေအး၊ၿမိဳနယ္ပါတီတာဝန္ရွိသူမ်ား၊ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား
တက္ေရာက္ခဲ့ၾကပါသည္။
မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊လွှတ်တော်တို့နှင့်အတူ မိမိတို့ကိုယ်တိုင်ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပြောကြား
===========================
ပျော်ဘွယ် ဇွန် ၂၈
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ပျော်ဘွယ်မြိုနယ်၊
လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်၍ ပြည်သူများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇွန်လ( ၂၈)ရက် နေ့လယ်ပိုင်းက ပျော်ဘွယ်မြိုနယ်၊လျှော်ဖြူကုန်းကျေးရွာမှ ပြည်သူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့် ဖွံ့ဖြိုးရေးပါတီ၊အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြိုနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသောင်းအေး က ဒေသတွင်း ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား ရမည့် ကိစ္စရပ်များ၊လွှတ်တော်အသီးသီးတွင် ပြည်သူလူထုအတွက် တင်ပြဆွေးနွေးကြမည့်မေးခွန်းများ၊ အဆိုများ၊ ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်များနှင့်ပတ်သက်၍ အစိုးရသည်လည်းအစိုးရမှလုပ်ဆောင်ရမည့် ကဏ္ဍများ၊လွှတ်တော်သည်လည်းလွှတ်တော်မှလုပ်ဆောင်ရမည့် ကဏ္ဍများ ရှိသလိုမိမိတိုကိုယ်တိုင်လည်း အစိုးရ၊လွှတ်တော်တိုနှင့်အတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တွင် ဆွေးနွေးပွဲသို တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင် မိသားစုတိုမှ လှူဒါန်းသည့် ဗုဒ္ဓရုပ်ပွါးတော်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ တွေဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်အတူတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြ သည့်ဦးအောင်နိုင်ညွန့်၊ဒေါ်သန်းသန်းအေး၊မြိုနယ်ပါတီတာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ
တက်ရောက်ခဲ့ကြပါသည်။




