န်ဴကလီးယားလက္နက္ကသာ ကမာၻစစ္ျဖစ္မႈကိုတားဆီးေပးႏိုင္မည္ဟု ႐ုရွားေျပာ

န်ဴကလီးယားလက္နက္ကသာ ကမာၻစစ္ျဖစ္မႈကိုတားဆီးေပးႏိုင္မည္ဟု ႐ုရွားေျပာ
=============================
န်ဴကလီးယားလက္နက္မ်ားကသာလွ်င္ ကမာၻစစ္ပြဲျဖစ္ပြားမႈကို တားဆီးေပးႏိုင္မည့္ တစ္ခုတည္းေသာအရာျဖစ္ေၾကာင္း ႐ုရွားသမၼတ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္စေကာ့က ဇြန္လ ၂၄ ရက္တြင္ ေျပာသည္။
လက္ရွိတြင္ တစ္ကမာၻလုံးဆိုင္ရာလုံၿခဳံေရးမွာ နည္းလမ္းမ်ိဳးစုံျဖင့္ ပ်က္စီးယိုယြင္းလာေနေၾကာင္း၊ န်ဴကလီးယား အဟန႔္အတားမွလြဲ၍ ကမာၻႀကီးတြင္ စစ္ပြဲျဖစ္ပြားမႈကို တားျမစ္ႏိုင္သည့္ အရာမရွိေၾကာင္း ဒီမီထရီပက္စေကာ့က Primakov Readings ဖိုရမ္၌ေျပာသည္။
ထို႔ျပင္ ေဒသတြင္းပဋိပကၡမ်ားျဖစ္ပြားႏိုင္ေျခသည္ တစ္ေန႔တျခားျမင့္မားလာေနေၾကာင္း၊ လုံၿခဳံေရးနယ္ပယ္တြင္ ေတြ႕ဆုံေဆြးေႏြးမႈ
မ်ားလုပ္ရန္ မည္သည့္တြန္းအားမွ်မရွိေနေၾကာင္း ဒီမီထရီပက္စေကာ့ကဆက္ေျပာသည္။
လက္ရွိအခ်ိန္တြင္ နည္းပညာမ်ားသည္လည္း ျမင့္မားလာေနၿပီျဖစ္ေၾကာင္း၊ အနာဂတ္တြင္ သမား႐ိုးက်လက္နက္မ်ားကပင္ န်ဴကလီးယားလက္နက္ကဲ့သို႔ အဖ်က္စြမ္းအားျပင္းထန္လာေစမည္ျဖစ္ေၾကာင္း ဒီမီထရီပက္စေကာ့ကေျပာသည္ဟုသိရသည္။
Ref: Sputnik
နျူကလီးယားလက်နက်ကသာ ကမ္ဘာစစ်ဖြစ်မှုကိုတားဆီးပေးနိုင်မည်ဟု ရုရှားပြော
=============================
နျူကလီးယားလက်နက်များကသာလျှင် ကမ္ဘာစစ်ပွဲဖြစ်ပွားမှုကို တားဆီးပေးနိုင်မည့် တစ်ခုတည်းသောအရာဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇွန်လ ၂၄ ရက်တွင် ပြောသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးမှာ နည်းလမ်းမျိုးစုံဖြင့် ပျက်စီးယိုယွင်းလာနေကြောင်း၊ နျူကလီးယား အဟန့်အတားမှလွဲ၍ ကမ္ဘာကြီးတွင် စစ်ပွဲဖြစ်ပွားမှုကို တားမြစ်နိုင်သည့် အရာမရှိကြောင်း ဒီမီထရီပက်စကော့က Primakov Readings ဖိုရမ်၌ပြောသည်။
ထို့ပြင် ဒေသတွင်းပဋိပက္ခများဖြစ်ပွားနိုင်ခြေသည် တစ်နေ့တခြားမြင့်မားလာနေကြောင်း၊ လုံခြုံရေးနယ်ပယ်တွင် တွေ့ဆုံဆွေးနွေးမှု
များလုပ်ရန် မည်သည့်တွန်းအားမျှမရှိနေကြောင်း ဒီမီထရီပက်စကော့ကဆက်ပြောသည်။
လက်ရှိအချိန်တွင် နည်းပညာများသည်လည်း မြင့်မားလာနေပြီဖြစ်ကြောင်း၊ အနာဂတ်တွင် သမားရိုးကျလက်နက်များကပင် နျူကလီးယားလက်နက်ကဲ့သို့ အဖျက်စွမ်းအားပြင်းထန်လာစေမည်ဖြစ်ကြောင်း ဒီမီထရီပက်စကော့ကပြောသည်ဟုသိရသည်။
Ref: Sputnik




