စီေရာ္နယ္ဒို ကမာၻ႔ဖလား စံခ်ိန္သစ္တင္

စီေရာ္နယ္ဒို ကမာၻ႔ဖလား စံခ်ိန္သစ္တင္
================
ေပၚတူဂီအသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဥဇဘက္ကစၥတန္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပထမပိုင္းမွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး၊ သူ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ကမာၻ႔ဖလား ေျခာက္ႀကိမ္စလုံးမွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး ေဘာလုံးသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ေပၚတူဂီအသင္းက ဥဇဘက္ကစၥတန္အသင္းကို ၅-၀ ဂိုး နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေပၚတူဂီရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဒီအာကြန္ဂိုအသင္းနဲ႔ ပြဲမွာေတာ့ တစ္ဂိုးစီသေရက်ခဲ့ၿပီး ေရာ္နယ္ဒိုလည္း ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

ေရာ္နယ္ဒိုနဲ႔အတူ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီကေတာ့ အဖြင့္ႏွစ္ပြဲစလုံးမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး၊ လက္ရွိအခ်ိန္အထိ သြင္းဂိုး ၅ ဂိုးနဲ႔ ၿပိဳင္ပြဲရဲ႕ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ရပ္တည္ေနပါတယ္။

မက္ဆီဟာ ဒီႏွစ္အပါအဝင္ ကမာၻ႔ဖလား ငါးႀကိမ္မွာ ဂိုးသြင္းထားပါတယ္။ ေရာ္နယ္ဒိုေရာ မက္ဆီပါ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နဲ႔ ဒီႏွစ္ ၂၀၂၆ ကမာၻ႔ဖလားေတြမွာ ကစားခဲ့ၿပီး ေရာ္နယ္ဒိုက ေျခာက္ႀကိမ္စလုံးမွာ ဂိုးသြင္းလို႔ မက္ဆီကေတာ့ ေတာင္အာဖရိကမွာ လုပ္တဲ့ ၂၀၁၀ ကမာၻ႔ဖလားမွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလား ၆ ႀကိမ္မွာ စုစုေပါင္း ၁၀ ဂိုးသြင္းထားၿပီး ေပၚတူဂီအသင္းမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ စံခ်ိန္လည္း ခ်ိဳးလိုက္ပါတယ္။


စီရော်နယ်ဒို ကမ္ဘာ့ဖလား စံချိန်သစ်တင်
================
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဥဇဘက်ကစ္စတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး၊ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၅-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပေါ်တူဂီရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဒီအာကွန်ဂိုအသင်းနဲ့ ပွဲမှာတော့ တစ်ဂိုးစီသရေကျခဲ့ပြီး ရော်နယ်ဒိုလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကတော့ အဖွင့်နှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး၊ လက်ရှိအချိန်အထိ သွင်းဂိုး ၅ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေပါတယ်။

မက်ဆီဟာ ဒီနှစ်အပါအဝင် ကမ္ဘာ့ဖလား ငါးကြိမ်မှာ ဂိုးသွင်းထားပါတယ်။ ရော်နယ်ဒိုရော မက်ဆီပါ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နဲ့ ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ ကစားခဲ့ပြီး ရော်နယ်ဒိုက ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းလို့ မက်ဆီကတော့ တောင်အာဖရိကမှာ လုပ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ စုစုပေါင်း ၁၀ ဂိုးသွင်းထားပြီး ပေါ်တူဂီအသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်လည်း ချိုးလိုက်ပါတယ်။