မူဆယ္ၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္သူ ၅၉ ဦးကို သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္သူ ၅၉ ဦးကို သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိ
======================
ဇြန္ ၂၃
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕တြင္ တရားမဝင္ အြန္လိုင္းလိမ္လည္မႈႏွင့္ ေလာင္းကစားမႈ (က်ားျဖန႔္) ျပဳလုပ္ေနသည့္ ဂိုဏ္းတစ္ခုကို လုံၿခဳံ ေရးပူးေပါင္းအဖြဲ႕က ဝင္ေရာက္စီးနင္းကာ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ျမန္မာ ႏိုင္ငံသား စုစုေပါင္း ၅၉ ဦးကို သက္ေသခံပစၥည္းအေျမာက္ အျမားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

နယ္စပ္ေဒသအတြင္း အြန္လိုင္းဒုစ႐ိုက္လုပ္ငန္းမ်ား အေျခ ျပဳေနထိုင္ျခင္း မရွိေစရန္အတြက္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက နယ္ေျမရွင္းလင္း ရွာေဖြေဖာ္ထုတ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ယေန႔ ဇြန္လ ၂၃ ရက္ မြန္းလြဲ ၃ နာရီ ၂၀ မိနစ္ခန႔္တြင္ မူဆယ္ၿမိဳ႕၊ ေတာ္႐ြက္ရပ္ကြက္ရွိ ေနအိမ္တစ္လုံးအတြင္း၌ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္ေနသူမ်ားကို လက္ရ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

မ္းဆီးရမိသူမ်ားတြင္ ေနာက္ကြယ္မွ ပါဝင္ပတ္သက္ေနသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၂ ဦးႏွင့္အတူ ျမန္မာ ႏိုင္ငံ သား အမ်ိဳးသား ၄၇ ဦး၊ အမ်ိဳးသမီး ၁၀ ဦး၊ စုစု ေပါင္း ၅၉ ဦး ပါဝင္ၿပီး ၎တို႔ႏွင့္အတူ လုပ္ငန္းသုံး ဖုန္းမ်ိဳးစုံ ၂၀၀ လုံး၊ All In One ကြန္ပ်ဴတာ ၁၀ လုံး၊ လက္ပ္ေတာ့ (Laptop) ၅ လုံးႏွင့္ ဆိုင္ကယ္မ်ိဳးစုံ ၁၀ စီးတို႔ကို သက္ေသခံပစၥည္းမ်ားအျဖစ္ သိမ္း ဆည္းရမိခဲ့သည္။

လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံ သား ၅၉ ဦးကို လိုအပ္သည့္ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ကာ သိမ္းဆည္းရမိသည့္ ကြန္ပ်ဴတာႏွင့္ ဆက္စပ္ပစၥည္းမ်ားကိုလည္း လုပ္ထုံးလုပ္နည္းအတိုင္း ဆက္ လက္ စီမံခန႔္ခြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္အရ အမ်ားျပည္သူအက်ိဳး စီးပြားႏွင့္ လူမႈဘဝမ်ားကို ပ်က္စီးေစသည့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားကို လုံးဝအျမစ္ျပတ္ ပေပ်ာက္သြားေစရန္ႏွင့္ ျမန္မာႏိုင္ငံအတြင္း အေျခခ်လုပ္ကိုင္ႏိုင္မႈ မရွိေစရန္အတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ တက္ႂကြစြာ ပူး ေပါင္း၍ ျပတ္ျပတ္သားသား ဆက္လက္ႏွိမ္နင္း တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။


မူဆယ်မြို့တွင် တရုတ်နိုင်ငံသားများ အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ ၅၉ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
======================
ဇွန် ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု (ကျားဖြန့်) ပြုလုပ်နေသည့် ဂိုဏ်းတစ်ခုကို လုံခြုံ ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းကာ တရုတ်နိုင်ငံသားများနှင့် မြန်မာ နိုင်ငံသား စုစုပေါင်း ၅၉ ဦးကို သက်သေခံပစ္စည်းအမြောက် အမြားနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသအတွင်း အွန်လိုင်းဒုစရိုက်လုပ်ငန်းများ အခြေ ပြုနေထိုင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်း ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများကို လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မ်းဆီးရမိသူများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးနှင့်အတူ မြန်မာ နိုင်ငံ သား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစု ပေါင်း ၅၉ ဦး ပါဝင်ပြီး ၎င်းတို့နှင့်အတူ လုပ်ငန်းသုံး ဖုန်းမျိုးစုံ ၂၀၀ လုံး၊ All In One ကွန်ပျူတာ ၁၀ လုံး၊ လက်ပ်တော့ (Laptop) ၅ လုံးနှင့် ဆိုင်ကယ်မျိုးစုံ ၁၀ စီးတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်း ဆည်းရမိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရုတ်နှင့် မြန်မာနိုင်ငံ သား ၅၉ ဦးကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက် လက် စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အများပြည်သူအကျိုး စီးပွားနှင့် လူမှုဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝအမြစ်ပြတ် ပပျောက်သွားစေရန်နှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူး ပေါင်း၍ ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။