၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၏ ပြဲစဥ္ဇယားမ်ား ထုတ္ျပန္ ၿပိဳင္ပြဲကို ၾသဂုတ္လ ၂၁ ရက္တြင္ စတင္က်င္းပမည္

၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၏ ပြဲစဥ္ဇယားမ်ား ထုတ္ျပန္ ၿပိဳင္ပြဲကို ၾသဂုတ္လ ၂၁ ရက္တြင္ စတင္က်င္းပမည္
==============================
ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က လာမည့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၏ ပြဲစဥ္ဇယား မ်ားကို ထုတ္ျပန္ေၾကညာၿပီး ၿပိဳင္ပြဲကို ၾသဂုတ္လ ၂၁ ရက္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း သိရ သည္။
ၿပီးခဲ့သည့္ ၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယား လိဂ္ၿပိဳင္ပြဲတြင္ အာဆင္နယ္အသင္းက ခ်န္ပီယံဆု ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီး အာဆင္နယ္အသင္းႏွင့္အတူ အဆင့္ (၂)ေနရာမွ မန္စီးတီးအသင္း၊ အဆင့္(၃)ေနရာ မွ မန္ယူအသင္း၊ အဆင့္(၄)ေနရာမွ အက္စ္တြန္ဗီလာ အသင္းႏွင့္ အဆင့္(၅)ေနရာမွ လီဗာပူးအသင္းတို႔က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ရရွိၿပီး အဆင့္(၆)ေနရာ မွ ဘုန္းေမာက္အသင္းႏွင့္ အဆင့္ (၇) ေနရာမွ ဆန္းဒါးလန္းအသင္းတို႔က ယူ႐ိုပါလိဂ္ဖလားၿပိဳင္ပြဲ ဝင္ခြင့္ရရွိကာ အဆင့္(၈) ေနရာမွ ဘ႐ိုက္တန္အသင္း က ကြန္ဖရန႔္လိဂ္ၿပိဳင္ပြဲ ဝင္ခြင့္ရရွိခဲ့သည္။
ဝက္စ္ဟမ္းအသင္း၊ ဘန္ေလအသင္းႏွင့္ ဝုဗ္အသင္း တို႔က အဂၤလန္ခ်န္ပီယံရွစ္ၿပိဳင္ပြဲသို႔ တန္းဆင္းခဲ့ရၿပီး အဂၤလန္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွ ကိုဗင္ထရီအသင္း၊ အစ္ဝွစ္အသင္းႏွင့္ ဟူးလ္စီးတီးအသင္းတို႔က ပရီး မီးယားလိဂ္ၿပိဳင္ပြဲသို႔ တန္းတက္လာႏိုင္ျခင္းျဖစ္ သည္။
လာမည့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ အဖြင့္ပြဲစဥ္ အျဖစ္ ၾသဂုတ္လ ၂၁ ရက္တြင္ လက္ရွိခ်န္ပီယံ အာဆင္နယ္အသင္းႏွင့္ ၿပီးခဲ့သည့္ေဘာလုံးရာသီက အဂၤလန္ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဖလား ဆြတ္ခူးၿပီး တန္းတက္လာႏိုင္ခဲ့သည့္ ကိုဗင္ထရီ အသင္းတို႔ စတင္ကစားမည္ျဖစ္သည္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ပြဲစဥ္(၁) တျခားပြဲစဥ္မ်ား အျဖစ္ ၾသဂုတ္လ ၂၂ ရက္တြင္ အဲဗာတန္အသင္းႏွင့္ ခရစၥတယ္ပဲေလ့စ္အသင္း၊ ေနာ္တင္ဟမ္ေဖာရက္ အသင္းႏွင့္ လိဒ္ယူႏိုက္တက္အသင္း၊ တန္းတက္ဟူးလ္စီးတီးအသင္းႏွင့္ မန္ယူအသင္း၊ အစ္ဝွစ္ အသင္းႏွင့္ ဆန္းဒါးလန္းအသင္း၊ ဘရန႔္ဖို႔ဒ္အသင္း ႏွင့္ စပါးအသင္းတို႔ ကစားမည္ျဖစ္သည္။
ၾသဂုတ္လ ၂၃ ရက္တြင္ မန္စီးတီးအသင္းႏွင့္ ဘုန္းေမာက္အသင္း၊ ဘ႐ိုက္တန္အသင္းႏွင့္ အက္စ္ တြန္ဗီလာအသင္း၊ နယူးကာဆယ္အသင္းႏွင့္ လီဗာပူးအသင္း၊ ၾသဂုတ္လ ၂၄ ရက္တြင္ ပြဲစဥ္(၁) ေနာက္ဆုံးပြဲစဥ္အျဖစ္ ဖူလ္ဟမ္အသင္းႏွင့္ ခ်ယ္လ္ဆီးအသင္းတို႔ ယွဥ္ၿပိဳင္ ကစားၾကမည္ေၾကာင္း သိရသည္။
၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပွဲစဉ်ဇယားများ ထုတ်ပြန် ပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက်တွင် စတင်ကျင်းပမည်
==============================
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပွဲစဉ်ဇယား များကို ထုတ်ပြန်ကြေညာပြီး ပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းက ချန်ပီယံဆု ဖလားဆွတ်ခူးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနှင့်အတူ အဆင့် (၂)နေရာမှ မန်စီးတီးအသင်း၊ အဆင့်(၃)နေရာ မှ မန်ယူအသင်း၊ အဆင့်(၄)နေရာမှ အက်စ်တွန်ဗီလာ အသင်းနှင့် အဆင့်(၅)နေရာမှ လီဗာပူးအသင်းတို့က ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီး အဆင့်(၆)နေရာ မှ ဘုန်းမောက်အသင်းနှင့် အဆင့် (၇) နေရာမှ ဆန်းဒါးလန်းအသင်းတို့က ယူရိုပါလိဂ်ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိကာ အဆင့်(၈) နေရာမှ ဘရိုက်တန်အသင်း က ကွန်ဖရန့်လိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့သည်။
ဝက်စ်ဟမ်းအသင်း၊ ဘန်လေအသင်းနှင့် ဝုဗ်အသင်း တို့က အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ကိုဗင်ထရီအသင်း၊ အစ်ဝှစ်အသင်းနှင့် ဟူးလ်စီးတီးအသင်းတို့က ပရီး မီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်လာနိုင်ခြင်းဖြစ် သည်။
လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ အဖွင့်ပွဲစဉ် အဖြစ် သြဂုတ်လ ၂၁ ရက်တွင် လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနှင့် ပြီးခဲ့သည့်ဘောလုံးရာသီက အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပြီး တန်းတက်လာနိုင်ခဲ့သည့် ကိုဗင်ထရီ အသင်းတို့ စတင်ကစားမည်ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) တခြားပွဲစဉ်များ အဖြစ် သြဂုတ်လ ၂၂ ရက်တွင် အဲဗာတန်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်း၊ နော်တင်ဟမ်ဖောရက် အသင်းနှင့် လိဒ်ယူနိုက်တက်အသင်း၊ တန်းတက်ဟူးလ်စီးတီးအသင်းနှင့် မန်ယူအသင်း၊ အစ်ဝှစ် အသင်းနှင့် ဆန်းဒါးလန်းအသင်း၊ ဘရန့်ဖို့ဒ်အသင်း နှင့် စပါးအသင်းတို့ ကစားမည်ဖြစ်သည်။
သြဂုတ်လ ၂၃ ရက်တွင် မန်စီးတီးအသင်းနှင့် ဘုန်းမောက်အသင်း၊ ဘရိုက်တန်အသင်းနှင့် အက်စ် တွန်ဗီလာအသင်း၊ နယူးကာဆယ်အသင်းနှင့် လီဗာပူးအသင်း၊ သြဂုတ်လ ၂၄ ရက်တွင် ပွဲစဉ်(၁) နောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ကြောင်း သိရသည်။




