အၾကမ္းဖက္အဖြဲအစည္းေတြနဲ႔ ဆက္ႏြယ္မႈသံသယေၾကာင့္ ဆိုမာလီဒိုင္ကို ဗီဇာျငင္းပယ္ခဲ့တာျဖစ္တယ္လို အေမရိကန္အစိုးရ ထုတ္ျပန္

အၾကမ္းဖက္အဖြဲအစည္းေတြနဲ႔ ဆက္ႏြယ္မႈသံသယေၾကာင့္ ဆိုမာလီဒိုင္ကို ဗီဇာျငင္းပယ္ခဲ့တာျဖစ္တယ္လို အေမရိကန္အစိုးရ ထုတ္ျပန္
==========================
ဆိုမာလီဒိုင္လူႀကီး အိုမာအာတန္အေနဟာ အၾကမ္းဖက္အဖြဲအစည္းေတြနဲ႔ ဆက္ႏြယ္မႈသံသယနဲ႔ ျပည္ဝင္ခြင့္ဗီဇာ ျငင္းပယ္ခဲ့တာျဖစ္တယ္လို အေမရိကန္အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

၂၀၂၅ အာဖရိကအေကာင္းဆုံးဒိုင္ဆု ရရွိထားသူ အာတန္ (၃၄ ႏွစ္)ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေ႐ြးခ်ယ္ခံရသည့္ ပထမဆုံး ဆိုမာလီဒိုင္လူႀကီးျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ တနလၤာေန႔ (ဇြန္ ၈ ရက္)မွာ မိုင္ယာမီေလဆိပ္ကို ေရာက္ရွိလာခဲ့ေပမဲ့ အေမရိကန္ျပည္ဝင္ခြင့္ဗီဇာ မရခဲ့ပါဘူး။

၎အေနနဲ႔ ကမာၻ႔ေဘာလုံးအဖြဲခ်ဳပ္ (FIFA)က ထုတ္ေပးထားတဲ့ အသိအမွတ္ျပဳစာ႐ြက္စာတမ္း မ်ား၊ သံတမန္ဆိုင္ရာ ႏိုင္ငံကူးလက္မွတ္နဲ႔ အေမရိကန္ကို တစ္ႀကိမ္ဝင္ေရာက္ခြင့္ဗီဇာ ရရွိထားေပမဲ့ အေကာက္ခြန္ႏွင့္
နယ္ျခားေစာင့္ဌာန(CBP)က ျပည္ဝင္ခြင့္ျငင္းဆန္ကာ ျပန္လႊတ္ခဲ့တာျဖစ္တယ္။

ယင္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေဝဖန္မႈမ်ားထြက္ေပၚေနျခင္းအေပၚ ထရမ့္အစိုးရရဲ႕သတင္းရင္းျမစ္တစ္ခုက “အဲဒီပုဂၢိဳလ္ဟာ အေမရိကန္ျပည္ေထာင္စုကို ဝင္ေရာက္ဖို ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ CBP က ေနာက္ထပ္စစ္ေဆးေမးျမန္းမႈေတြ
လုပ္တဲ့အခါမွာ အၾကမ္းဖက္အဖြဲအစည္းက သံသယရွိသူေတြနဲ႔ ဆက္ႏြယ္မႈရွိေနတဲ့အခ်က္အပါအဝင္ မေကာင္းသတင္းအခ်က္အလက္ေတြ ေတြ႕ရွိခဲ့လို လူဝင္ႀကီးၾကပ္ေရးဥပေဒ (NIA) အရ ဝင္ေရာက္ခြင့္မရတာျဖစ္ပါတယ္။
သူ႔ကို ဝင္ေရာက္ခြင့္ျငင္းပယ္ခဲ့ၿပီး NIA ရဲ႕ ပုဒ္မ ၈၂၃၅ အရ အျမန္ႏွင္ထုတ္ျခင္းလုပ္ငန္းစဥ္  ၿပီးေျမာက္ဖို လုပ္ေဆာင္ခဲ့ပါတယ္။ သမၼတ ထရမ့္ရဲ႕ အစိုးရအဖြဲအေနနဲ႔ လုံၿခဳံေရးကို ၿခိမ္းေျခာက္ႏိုင္တဲ့ ဘယ္သူ႔ကိုမဆို ႏိုင္ငံထဲ
ဝင္ေရာက္ခြင့္ျပဳမွာမဟုတ္ပါဘူး။ အဲဒါက ေသခ်ာပါတယ္” လို ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အာတန္ဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဆိုမာလီႏိုင္ငံကို ျပန္ေရာက္လာခဲ့ၿပီး သူရဲေကာင္းသဖြယ္ ႀကိဳဆိုခံခဲ့ရပါတယ္။ #Eleven


အကြမ်းဖက်အဖွဲအစည်းတွေနဲ့ ဆက်နွယ်မှုသံသယကြောင့် ဆိုမာလီဒိုင်ကို ဗီဇာငြင်းပယ်ခဲ့တာဖြစ်တယ်လို အမေရိကန်အစိုးရ ထုတ်ပြန်
==========================
ဆိုမာလီဒိုင်လူကြီး အိုမာအာတန်အနေဟာ အကြမ်းဖက်အဖွဲအစည်းတွေနဲ့ ဆက်နွယ်မှုသံသယနဲ့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့တာဖြစ်တယ်လို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ အာဖရိကအကောင်းဆုံးဒိုင်ဆု ရရှိထားသူ အာတန် (၃၄ နှစ်)ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံရသည့် ပထမဆုံး ဆိုမာလီဒိုင်လူကြီးဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ (ဇွန် ၈ ရက်)မှာ မိုင်ယာမီလေဆိပ်ကို ရောက်ရှိလာခဲ့ပေမဲ့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မရခဲ့ပါဘူး။

၎င်းအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA)က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာရွက်စာတမ်း များ၊ သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်နဲ့ အမေရိကန်ကို တစ်ကြိမ်ဝင်ရောက်ခွင့်ဗီဇာ ရရှိထားပေမဲ့ အကောက်ခွန်နှင့်
နယ်ခြားစောင့်ဌာန(CBP)က ပြည်ဝင်ခွင့်ငြင်းဆန်ကာ ပြန်လွှတ်ခဲ့တာဖြစ်တယ်။

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်မှုများထွက်ပေါ်နေခြင်းအပေါ် ထရမ့်အစိုးရရဲ့သတင်းရင်းမြစ်တစ်ခုက “အဲဒီပုဂ္ဂိုလ်ဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ဖို ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ CBP က နောက်ထပ်စစ်ဆေးမေးမြန်းမှုတွေ
လုပ်တဲ့အခါမှာ အကြမ်းဖက်အဖွဲအစည်းက သံသယရှိသူတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့အချက်အပါအဝင် မကောင်းသတင်းအချက်အလက်တွေ တွေ့ရှိခဲ့လို လူဝင်ကြီးကြပ်ရေးဥပဒေ (NIA) အရ ဝင်ရောက်ခွင့်မရတာဖြစ်ပါတယ်။
သူ့ကို ဝင်ရောက်ခွင့်ငြင်းပယ်ခဲ့ပြီး NIA ရဲ့ ပုဒ်မ ၈၂၃၅ အရ အမြန်နှင်ထုတ်ခြင်းလုပ်ငန်းစဉ်  ပြီးမြောက်ဖို လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ အစိုးရအဖွဲအနေနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်သူ့ကိုမဆို နိုင်ငံထဲ
ဝင်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။ အဲဒါက သေချာပါတယ်” လို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာတန်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆိုမာလီနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး သူရဲကောင်းသဖွယ် ကြိုဆိုခံခဲ့ရပါတယ်။ #Eleven