ျပည္ခိုင္ၿဖိဳးပါတီ (၁၆)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အျဖစ္ ဆရာေတာ္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္လႉဒါန္း




ျပည္ခိုင္ၿဖိဳးပါတီ (၁၆)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အျဖစ္ ဆရာေတာ္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္လႉဒါန္း
=================================
ဇြန္ ၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ (၁၆)ႏွစ္ျပည့္ေျမာက္သည့္ ပါတီႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အခမ္းအနားမ်ားကို တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးတြင္ ေဆာင္႐ြက္ၾကၿပီး ပါတီဌာနခ်ဳပ္တြင္လည္း နံနက္ ၆ နာရီအခ်ိန္တြင္ အလံတင္အခမ္းအနားက်င္းပျပဳလုပ္ခဲ့ၿပီး နံနက္ ၁၀ နာရီအခ်ိန္တြင္ ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဇနိႏၵ အားအမႉးထား၍ ဆရာေတာ္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းၿပီး အႏုေမာဒနာတရားနာၾကားျခင္းအခမ္းအနားအား ေဆာင္႐ြက္ခဲ့ပါသည္။
ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းသည့္အခမ္းအနားကို နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ဧည့္ခန္းမ၌ ဆက္လက္က်င္းပရာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆို ဖြင့္လွစ္ၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဇနိႏၵ ခ်ီးျမႇင့္သည့္ အဂၤါ (၅)ပါးႏွင့္ညီေသာ သီလေတာ္ျမတ္အား ခံယူတည္ေဆာက္ၾကပါသည္။
ထို႔ေနာက္ ႂကြေရာက္ေတာ္မူၾကသည့္ ဆရာေတာ္အရွင္သူျမတ္မ်ားမွ ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ခ်ီးျမႇင့္ၾကပါသည္။ ၎ေနာက္ ဆရာေတာ္မ်ားအား ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအတိုင္ပင္ခံ ဦးသိန္းေဇာ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားမွ ဒါဓဗၺဝတၳဳအစုစုတိုအား ဆက္ကပ္လႉဒါန္းခဲ့ၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဇနိႏၵ မွ လႉဒါန္းမႈအစုစုတိုအတြက္ အႏုေမာဒနာတရားခ်ီးျမႇင့္မႈအား ခံယူကာ ေရစက္သြန္းခ်အမွ်ေပးေဝ၍ အခမ္းအနားကို ဗုဒၶ သာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ႐ုပ္သိမ္းခဲ့ပါသည္။ ထိုေနာက္ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း
=================================
ဇွန် ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၁၆)နှစ်ပြည့်မြောက်သည့် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြပြီး ပါတီဌာနချုပ်တွင်လည်း နံနက် ၆ နာရီအချိန်တွင် အလံတင်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ အားအမှူးထား၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာကြားခြင်းအခမ်းအနားအား ဆောင်ရွက်ခဲ့ပါသည်။
နေ့ဆွမ်းဆပ်ကပ်လှူဒါန်းသည့်အခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ ချီးမြှင့်သည့် အင်္ဂါ (၅)ပါးနှင့်ညီသော သီလတော်မြတ်အား ခံယူတည်ဆောက်ကြပါသည်။
ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြပါသည်။ ၎င်းနောက် ဆရာတော်များအား ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှ ဒါဓဗ္ဗဝတ္ထုအစုစုတိုအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ မှ လှူဒါန်းမှုအစုစုတိုအတွက် အနုမောဒနာတရားချီးမြှင့်မှုအား ခံယူကာ ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပါသည်။ ထိုနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။




