ယူကရိန္းနဲ႔ ေျခစမ္းပြဲမွာ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ ကြင္းအတြင္း သတိလစ္ လဲက်ခဲ့တာေၾကာင့္ ေဆး႐ုံတင္ပိုခဲ့ရ

ယူကရိန္းနဲ႔ ေျခစမ္းပြဲမွာ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ ကြင္းအတြင္း သတိလစ္ လဲက်ခဲ့တာေၾကာင့္ ေဆး႐ုံတင္ပိုခဲ့ရ
===============================
ဒိန္းမတ္လက္ေ႐ြးစင္အသင္းရဲ႕ ၀ါရင့္ကြင္းလယ္ကစားသမား အဲရစ္ဆင္ဟာ မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူကရိန္းနဲ႔ ေျခစမ္းပြဲမွာ ကြင္းအတြင္း သတိလစ္ လဲက်ခဲ့တာေၾကာင့္ ေဆး႐ုံတင္ပိုၿပီး ကုသမႈခံယူခဲ့ရေၾကာင္း သိရပါတယ္။

အသက္(၃၄)ႏွစ္ရွိၿပီျဖစ္တဲ့ အဲရစ္ဆင္ဟာ ပြဲခ်ိန္(၆၅)မိနစ္မွာ ကြင္းအတြင္း လဲက်ခဲ့တာျဖစ္ၿပီး အခ်ိန္အနည္းငယ္ သတိလစ္သြားခဲ့ေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ အေရးေပၚကုသမႈျပဳလုပ္ခဲ့ရၿပီး ပြဲခ်ိန္(၇၉)မိနစ္ဝန္းက်င္မွာ ပြဲကို ဆက္မကစားေတာ့ဘဲ အဆုံးသတ္ခဲ့ေၾကာင္း သိရပါတယ္။

အဲရစ္ဆင္အေနနဲ႔ အခ်ိန္အနည္းငယ္အတြင္း သတိျပန္ရၿပီး ကြင္းထဲက လမ္းေလွ်ာက္ထြက္ခြာႏိုင္ခဲ့ေပမဲ့ တျခားစမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ဖို လိုအပ္တာေၾကာင့္ ေဆး႐ုံတင္ပိုခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အဲရစ္ဆင္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတုန္းကလည္း ဖင္လန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ႏွလုံးခုန္ရပ္ၿပီး ကြင္းအတြင္း လဲက်မႈျဖစ္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္ ခြဲစိတ္ကုသမႈခံယူခဲ့ရသလို၊ ႏွလုံးႏွိးစက္ တပ္ဆင္ထားရၿပီး (၈)လၾကာမွ ေဘာလုံးျပန္ကစားႏိုင္ခဲ့တာပါ။

ပရီးမီးယားလိဂ္ကလပ္ စပါးနဲ႔ မန္ယူအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ အဲရစ္ဆင္ဟာ လက္ရွိအခ်ိန္မွာ ဂ်ာမန္ကလပ္ ဝုလ္ဖ္ဘတ္အသင္းရဲ႕ ကစားသမားအျဖစ္ ရွိေနပါတယ္။


ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံတင်ပိုခဲ့ရ
===============================
ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံတင်ပိုပြီး ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ ပွဲချိန်(၆၅)မိနစ်မှာ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပြီး အချိန်အနည်းငယ် သတိလစ်သွားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် အရေးပေါ်ကုသမှုပြုလုပ်ခဲ့ရပြီး ပွဲချိန်(၇၉)မိနစ်ဝန်းကျင်မှာ ပွဲကို ဆက်မကစားတော့ဘဲ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

အဲရစ်ဆင်အနေနဲ့ အချိန်အနည်းငယ်အတွင်း သတိပြန်ရပြီး ကွင်းထဲက လမ်းလျှောက်ထွက်ခွာနိုင်ခဲ့ပေမဲ့ တခြားစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို လိုအပ်တာကြောင့် ဆေးရုံတင်ပိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲရစ်ဆင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းကလည်း ဖင်လန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ နှလုံးခုန်ရပ်ပြီး ကွင်းအတွင်း လဲကျမှုဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသလို၊ နှလုံးနှိးစက် တပ်ဆင်ထားရပြီး (၈)လကြာမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ် စပါးနဲ့ မန်ယူအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းရဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။