ျမန္မာအသင္းႏွင့္ လာအိုအသင္း (ဩဂုတ္ ၄ ရက္)ယ ေန႔ ယွဥ္ၿပိဳင္ကစားၾကမည္

ျမန္မာအသင္းႏွင့္ လာအိုအသင္း (ဩဂုတ္ ၄ ရက္)ယေန႔ယွဥ္ၿပိဳင္ကစားၾကမည္
==================
အာဆီယံဟြန္ဒိုင္းဖလားၿပိဳင္ပြဲအုပ္စု (B) ပြဲစဥ္အျဖစ္ ျမန္မာအသင္းႏွင့္ လာအိုအသင္းတို႔သည္ ဩဂုတ္ ၄ ရက္ (ယေန႔) ညေန ၄ နာရီခြဲတြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ကစားၾကမည္ ျဖစ္သည္။

ျမန္မာအသင္းအေနျဖင့္ အဆိုပါပြဲစဥ္တြင္ ဂိုးျပတ္အႏိုင္ကစားမွသာ အုပ္စုအဆင့္မွ ဆီမီးဖိုင္နယ္သို႔ တက္လွမ္းႏိုင္ေရး ေမွ်ာ္လင့္ခ်က္ ရွိမည္ျဖစ္သည္။

ျမန္မာအသင္းသည္ ၿပီးခဲ့သည့္ အုပ္စုပြဲစဥ္မ်ားတြင္ မေလးရွားအသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း ဖိလစ္ပိုင္အသင္းကို အႏိုင္ရယူထားႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ဆီမီးဖိုင္နယ္ တက္ေရာက္ႏိုင္ေရးအတြက္ လာအိုအသင္းကို အႏိုင္ရလဒ္တစ္ခုတည္းျဖင့္ မလုံေလာက္ဘဲ ဂိုးကြာျခားခ်က္ အသာရရွိေစရန္ ဂိုးမ်ားမ်ား သြင္းယူႏိုင္ေရး အစြမ္းကုန္ ႀကိဳးစားကစားရမည္ျဖစ္သည္။

အဆိုပါႏွစ္သင္း ေနာက္ဆုံးေတြ႕ဆုံခဲ့သည့္ ၂၀၂၄ AFF ခ်န္ပီယံရွစ္ ၿပိဳင္ပြဲတြင္ ျမန္မာအသင္းက ၃ ဂိုး – ၂ ဂိုးျဖင့္ လာအိုအသင္းကို အႏိုင္ရရွိထားသည္။

တစ္ဖက္တြင္ လာအိုအသင္းသည္ အုပ္စုပြဲစဥ္မ်ား၌ ထိုင္းအသင္းကို ၅ ဂိုး – မရွိ၊ မေလးရွားအသင္းကို ၄ ဂိုး – မရွိ၊ ဖိလစ္ပိုင္အသင္းကို ၄ ဂိုး – ၁ ဂိုး ရလဒ္မ်ားျဖင့္ ၃ ပြဲဆက္တိုက္ ဂိုးျပတ္ရႈံးနိမ့္ကာ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ယေန႔ ျမန္မာအသင္းႏွင့္ ယွဥ္ၿပိဳင္ရမည့္ ပြဲစဥ္သည္ လာအိုအသင္းအတြက္ ေနာက္တစ္ဆင့္တက္ေရး ဖိအားမရွိဘဲ ယွဥ္ၿပိဳင္ရမည့္ ပြဲတစ္ပြဲသာ ျဖစ္သည္။

လက္ရွိ အုပ္စု (B) ရမွတ္ဇယားတြင္ ထိုင္းအသင္းက ၂ ပြဲကစား ၆ မွတ္ျဖင့္ အုပ္စုပထမ၊ မေလးရွားအသင္းက ၃ ပြဲကစား ၆ မွတ္ျဖင့္ အုပ္စုဒုတိယႏွင့္ ျမန္မာအသင္းက ၂ ပြဲကစား ၁ ပြဲႏိုင္ ရမွတ္ ၃ မွတ္ျဖင့္ အုပ္စုတတိယေနရာတို႔တြင္ ရပ္တည္ေနေၾကာင္း သိရသည္။


မြန်မာအသင်းနှင့် လာအိုအသင်း (ဩဂုတ် ၄ ရက်)ယနေ့ယှဉ်ပြိုင်ကစားကြမည်
==================
အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးပြတ်အနိုင်ကစားမှသာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက် အသာရရှိစေရန် ဂိုးများများ သွင်းယူနိုင်ရေး အစွမ်းကုန် ကြိုးစားကစားရမည်ဖြစ်သည်။

အဆိုပါနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၄ AFF ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ၃ ဂိုး – ၂ ဂိုးဖြင့် လာအိုအသင်းကို အနိုင်ရရှိထားသည်။

တစ်ဖက်တွင် လာအိုအသင်းသည် အုပ်စုပွဲစဉ်များ၌ ထိုင်းအသင်းကို ၅ ဂိုး – မရှိ၊ မလေးရှားအသင်းကို ၄ ဂိုး – မရှိ၊ ဖိလစ်ပိုင်အသင်းကို ၄ ဂိုး – ၁ ဂိုး ရလဒ်များဖြင့် ၃ ပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်သည် လာအိုအသင်းအတွက် နောက်တစ်ဆင့်တက်ရေး ဖိအားမရှိဘဲ ယှဉ်ပြိုင်ရမည့် ပွဲတစ်ပွဲသာ ဖြစ်သည်။

လက်ရှိ အုပ်စု (B) ရမှတ်ဇယားတွင် ထိုင်းအသင်းက ၂ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုဒုတိယနှင့် မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ရမှတ် ၃ မှတ်ဖြင့် အုပ်စုတတိယနေရာတို့တွင် ရပ်တည်နေကြောင်း သိရသည်။