အတၱလန္တာကြင္းလယ္ကစားသမား အီဒါဆန္ကို ေခၚယူမယ့္ မန္ယူ

အတၱလန္တာကြင္းလယ္ကစားသမား အီဒါဆန္ကို ေခၚယူမယ့္ မန္ယူ
=======================
မန္ယူအသင္းဟာ အတၱလန္တာအသင္းက ဘရာဇီးလ္ကြင္းလယ္ကစားသမား အီဒါဆန္ကို ေပါင္(၃၅)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အီဒါဆန္(၂၆ ႏွစ္)ဟာ ၂၀၂၂ ေႏြရာသီမွာ အတၱလန္တာအသင္းကို ေရာက္ရွိခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ (၄)ရာသီစလုံး အသင္းရဲ႕ အမာခံကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့သူပါ။

မန္ယူအသင္းက ဘရာဇီးလ္ကြင္းလယ္ကစားသမား ကက္စီမီ႐ိုရဲ႕ေနရာ အစားထိုးဖို အီဒါဆန္ကို ေခၚယူခဲ့ျခင္းျဖစ္ၿပီး ကာရစ္ အၿမဲတမ္းနည္းျပ ျဖစ္လာခဲ့ၿပီးေနာက္ အသင္းကို ပထမဆုံးေရာက္ရွိတဲ့ ကစားသမားသစ္အျဖစ္ မွတ္တမ္းဝင္မွာပါ။

မန္ယူအသင္းက အီဒါဆန္အတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္(၃၅)သန္းအျပင္ Add-ons ေၾကး ေပါင္(၃.၉)သန္း ထပ္မံေပးေခ်ရမယ္လိုလည္း သိရပါတယ္။

မန္ယူအသင္းက အီဒါဆန္ကို (၄)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္တဲ့အျပင္ ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးႏိုင္မယ့္ သေဘာတူညီမႈ ပါဝင္ေၾကာင္းလည္း သိရပါတယ္။

အီဒါဆန္က ၂၀၂၄ ခုႏွစ္မွာ ဘရာဇီးလ္လက္ေ႐ြးစင္အျဖစ္ စတင္ေ႐ြးခ်ယ္ခံခဲ့ရေပမဲ့ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ ဘရာဇီးလ္အသင္းရဲ႕ အၿပီးသတ္(၂၆)ဦးစာရင္းမွာေတာ့ မပါဝင္ခဲ့ပါဘူးလို႔ သိရပါတယ္။


အတ္တလန်တာကွင်းလယ်ကစားသမား အီဒါဆန်ကို ခေါ်ယူမယ့် မန်ယူ
=======================
မန်ယူအသင်းဟာ အတ္တလန်တာအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား အီဒါဆန်ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အီဒါဆန်(၂၆ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ အတ္တလန်တာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ (၄)ရာသီစလုံး အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူပါ။

မန်ယူအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုရဲ့နေရာ အစားထိုးဖို အီဒါဆန်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ကာရစ် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပြီးနောက် အသင်းကို ပထမဆုံးရောက်ရှိတဲ့ ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်မှာပါ။

မန်ယူအသင်းက အီဒါဆန်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းအပြင် Add-ons ကြေး ပေါင်(၃.၉)သန်း ထပ်မံပေးချေရမယ်လိုလည်း သိရပါတယ်။

မန်ယူအသင်းက အီဒါဆန်ကို (၄)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တဲ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ပါဝင်ကြောင်းလည်း သိရပါတယ်။

အီဒါဆန်က ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ်(၂၆)ဦးစာရင်းမှာတော့ မပါဝင်ခဲ့ပါဘူးလို့ သိရပါတယ်။