ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးေရးအဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးေရးအဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံ
=================
ေမ ၂၉၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ ေမလ ၂၉ ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္၊ ပုလဲခန္းမတြင္ ျပဳလုပ္ေသာ တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ားေလ့လာသုံးသပ္ေရးအဖြဲဝင္မ်ား၊ ဥပေဒပညာရွင္မ်ားႏွင့္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ပါသည္။

ေတြ႕ဆုံရာတြင္ တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေ႒းေအာင္က တိုင္းေဒသႀကီးလႊတ္ေတာ္၏ ဥပေဒၾကမ္းေကာ္မတီဖြဲ႕စည္းမႈ၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးသပ္ေရးအဖြဲ႕ဝင္ ဥပေဒပညာရွင္မ်ား ဖြဲ႕စည္းထားရွိမႈအား ရွင္းလင္းတင္ျပခဲ့ၿပီး တက္ေရာက္လာေသာ ဥပေဒပညာရွင္မ်ားက တစ္ဦးခ်င္း မိတ္ဆက္စကားေျပာၾကားပါသည္။

၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက အမွာစကားေျပာၾကားရာ “ျပည္သူမ်ား၏ အက်ိဳးစီးပြားအား အကာအကြယ္ေပးႏိုင္ေရး ဥပေဒျပ႒ာန္းရာမွာ အေထာက္အကူျဖစ္ေစရန္ႏွင့္ ထိေရာက္ေစရန္အတြက္ ယခုလို ဥပေဒပညာရွင္မ်ားႏွင့္ ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ဥပေဒ ပညာရွင္မ်ားႏွင့္ ဥပေဒစကားဝိုင္းတစ္ခု ျပဳလုပ္ရန္ အၿမဲစဥ္းစားပါေၾကာင္း၊ ဥပေဒပညာရွင္မ်ားအေနျဖင့္ တည္ဆဲဥပေဒမ်ားႏွင့္ပတ္သက္ၿပီး ေခတ္ႏွင့္မေလ်ာ္ညီေတာ့သည့္ ဥပေဒမ်ားကို ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း၊ အစားထိုးျခင္း ေခတ္ႏွင့္အညီ ျပ႒ာန္းသင့္သည့္ ဥပေဒမ်ားကို ေဆြးေႏြးေပးၾကေစလိုေၾကာင္း၊ ဥပေဒရဲ႕အကာအကြယ္ေအာက္မွာ ျပည္သူမ်ား ေအးခ်မ္းလုံၿခဳံစြာ ေနထိုင္ၿပီး အက်ိဳးစီးပြားျဖစ္ထြန္းေစရန္အတြက္ မိမိတိုအေနျဖင့္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရမွာျဖစ္ပါေၾကာင္း၊ ေဒသအတြင္းနဲ႔ ႏိုင္ငံတကာဆက္ဆံေရးမ်ားမွာ မိမိတိုႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ လိုအပ္တဲ့ဥပေဒမ်ား ျပ႒ာန္းရမွာျဖစ္ပါေၾကာင္း၊ လတ္တေလာအေနျဖင့္ ႏိုင္ငံေတာ္အတြက္ လက္ရွိ အေျခအေနမ်ားႏွင့္ကိုက္ညီသည့္ အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးဆိုင္ရာဥပေဒကို ေဆာလ်င္စြာျပ႒ာန္းႏိုင္ေရး ဦးစားေပး ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ထိုေၾကာင့္ ဥပေဒပညာရွင္မ်ားအေနျဖင့္ ဝိုင္းဝန္းအႀကံျပဳေဆြးေႏြးေပးေစလိုပါေၾကာင္း” ေဆြးေႏြးေျပာၾကားခဲ့ပါသည္။

၎ေနာက္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒၊ ဒုတိယဥကၠ႒ႏွင့္ ဥပေဒၾကမ္းေကာ္မတီ၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးသပ္ေရးအဖြဲဝင္မ်ား၊ ဥပေဒပညာရွင္မ်ားက ဥပေဒျပဳေရးႏွင့္စပ္လ်ဥ္း၍ သက္ဆိုင္ရာက႑အလိုက္ အသီးသီးေဆြးေႏြးတင္ျပၾကၿပီး ပါတီဥကၠ႒က ေဆြးေႏြးတင္ျပခ်က္မ်ားအေပၚ ျပန္လည္ရွင္းလင္းေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီသည္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္႐ုံး သင္တန္းခန္းမ၌ျပဳလုပ္သည့္ စီမံကိန္း၊ ရသုံးမွန္းေျခေငြစာရင္းႏွင့္ ေငြေၾကး စီမံခန႔္ခြဲမႈဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲသို တက္ေရာက္ေနၾကသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ေတြ႕ဆုံအားေပးစကားေျပာၾကားကာ ရင္းရင္း ႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ပါသည္။

အဆိုပါ ေတြ႕ဆုံပြဲသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးေဌးေအာင္၊ ဒုတိယဥကၠ႒ ဦးေက်ာ္ေက်ာ္စိုး၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒၊ အတြင္းေရးမႉးႏွင့္ အဖြဲဝင္မ်ား၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုံးေရးအဖြဲမွ ဥကၠ႒၊ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉး၊ တြဲဖက္အတြင္းေရးမႉးမ်ား၊ အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ
=================
မေ ၂၉၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲဝင်များ၊ ဥပဒေပညာရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပါသည်။

တွေ့ဆုံရာတွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်၏ ဥပဒေကြမ်းကော်မတီဖွဲ့စည်းမှု၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် ဥပဒေပညာရှင်များ ဖွဲ့စည်းထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဥပဒေပညာရှင်များက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပါသည်။

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အမှာစကားပြောကြားရာ “ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းရာမှာ အထောက်အကူဖြစ်စေရန်နှင့် ထိရောက်စေရန်အတွက် ယခုလို ဥပဒေပညာရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဥပဒေ ပညာရှင်များနှင့် ဥပဒေစကားဝိုင်းတစ်ခု ပြုလုပ်ရန် အမြဲစဥ်းစားပါကြောင်း၊ ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ခေတ်နှင့်အညီ ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ဥပဒေရဲ့အကာအကွယ်အောက်မှာ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မိမိတိုအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသအတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးများမှာ မိမိတိုနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းရမှာဖြစ်ပါကြောင်း၊ လတ်တလောအနေဖြင့် နိုင်ငံတော်အတွက် လက်ရှိ အခြေအနေများနှင့်ကိုက်ညီသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ဆောလျင်စွာပြဋ္ဌာန်းနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ဥပဒေပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲဝင်များ၊ ဥပဒေပညာရှင်များက ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သင်တန်းခန်းမ၌ပြုလုပ်သည့် စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို တက်ရောက်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးရေးအဖွဲမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။