


==========================
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ပျော်ဘွယ်မြို့နယ် ကျောက်ချပ်ကျေးရွာမှ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သည် ပျော်ဘွယ်မြိုနယ် ကျောက်ချပ်ကျေးရွာမှ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေ ၂၈ ရက် နေ့လယ်ပိုင်းက ပျော်ဘွယ်မြိုနယ် ကျောက်ချပ်ကျေးရွာမှ ပြည်သူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တို တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ဒေသတွင်း ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ လွှတ်တော်အသီးသီးတွင် ပြည်သူလူထုအတွက် တင်ပြဆွေးနွေးကြမည့်မေးခွန်းများ၊ အဆိုများ၊ ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တွင် ဆွေးနွေးပွဲသို တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင် မိသားစုတိုမှ လှူဒါန်းသည့် ဗုဒ္ဓရုပ်ပွါးတော်များကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ တွေဆုံဆွေးနွေးပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင် တိုနှင့်အတူ ပျော်ဘွယ်မြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ မိတ္ထီလာမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။




