စက္သုံးဆီေဈး ၆ ပတ္ဆက္တိုက္က်ဆင္း

စက္သုံးဆီေဈး ၆ ပတ္ဆက္တိုက္က်ဆင္း
===================
တစ္လေက်ာ္အတြင္း ဒီဇယ္တစ္လီတာ ၁,၁၀၀ ေက်ာ္အထိ ေဈးက်
===================
ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ားသည္ သၾကၤန္ကာလေက်ာ္လြန္ၿပီးေနာက္ သီတင္းပတ္(၆)ပတ္ဆက္တိုက္ က်ဆင္းလာခဲ့ရာ တစ္လေက်ာ္အတြင္း ဒီဇယ္တစ္လီတာလွ်င္ က်ပ္ ၁,၁၀၀ ေက်ာ္အထိ ေဈးက်ဆင္းလာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက ေမ ၂၉ ရက္တြင္ ထုတ္ျပန္သည့္ ရည္ၫႊန္းေဈးႏႈန္းမ်ားအရ ရန္ကုန္ၿမိဳ၌ စက္သုံးဆီတစ္လီတာေဈးႏႈန္းမ်ားမွာ –

– 92 Ron — ၄,၅၅၀ က်ပ္
– 95 Ron — ၄,၆၂၀ က်ပ္
– ဒီဇယ္ (HSD 500 ppm) — ၄,၅၉၅ က်ပ္
– ပရီမီယံဒီဇယ္ (HSD 50 ppm / 10 ppm) — ၅,၅၅၀ က်ပ္

အသီးသီး ျဖစ္ေၾကာင္း သိရသည္။ ယင္းရည္ၫႊန္းေဈးႏႈန္းမ်ားကို ဇြန္ ၄ ရက္အထိ သတ္မွတ္ထားေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ယခင္တစ္ပတ္ႏွင့္ ႏွိင္းယွဥ္ပါက ဓာတ္ဆီေဈးႏႈန္းမ်ား ဆက္လက္က်ဆင္းလာၿပီး 92 Ron တစ္လီတာလွ်င္ ၃၅ က်ပ္၊ 95 Ron တစ္လီတာလွ်င္ ၃၀ က်ပ္ က်ဆင္းခဲ့သည္။ သိုေသာ္ ဒီဇယ္ေဈးႏႈန္းမ်ားမွာ အနည္းငယ္ ျပန္လည္ျမင့္တက္လာၿပီး ႐ိုး႐ိုးဒီဇယ္ တစ္လီတာလွ်င္ ၁၃၅ က်ပ္ႏွင့္ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၆၅ က်ပ္ ျမင့္တက္လာခဲ့သည္။

ဧၿပီ ၂၄ ရက္ ရည္ၫႊန္းေဈးႏႈန္းမ်ားႏွင့္ ႏွိင္းယွဥ္ပါက သီတင္းပတ္(၆)ပတ္အတြင္း –

– 92 Ron — ၁၁၈ က်ပ္ က်ဆင္း
– 95 Ron — ၂၈၉ က်ပ္ က်ဆင္း
– ႐ိုး႐ိုးဒီဇယ္ — ၁,၁၃၀ က်ပ္ က်ဆင္း
– ပရီမီယံဒီဇယ္ — ၁,၄၆၂ က်ပ္ က်ဆင္း

ခဲ့ေၾကာင္း သိရသည္။

ထိုအျပင္ ကမာၻ႔ေရနံစိမ္းေဈးႏႈန္းမွာ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ ၈၈ ဝန္းက်င္ရွိေနေသာ္လည္း ျပည္တြင္းစက္သုံးဆီေဈးကြက္တြင္ ဓာတ္ဆီေဈးက်ဆင္းေနဆဲျဖစ္ေၾကာင္း သိရသည္။

စက္သုံးဆီေဈးႏႈန္းမ်ား ဆက္တိုက္က်ဆင္းလာမႈေၾကာင့္ ကုန္စည္ပိုေဆာင္ေရးႏွင့္ သယ္ယူပိုေဆာင္ေရးက႑မ်ားတြင္ ကုန္က်စရိတ္အခ်ိဳ သက္သာလာႏိုင္ေၾကာင္း လုပ္ငန္းရွင္အခ်ိဳက ေမွ်ာ္လင့္ေနၾကသည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက စက္သုံးဆီေဈးႏႈန္းမ်ားကို MOPS ေဈးႏႈန္းအေပၚ အေျခခံတြက္ခ်က္၍ ေန႔စဥ္ထုတ္ျပန္ေပးလ်က္ရွိေၾကာင္းႏွင့္ သတ္မွတ္ရည္ၫႊန္းေဈးထက္ ပိုမိုေရာင္းခ်မႈမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။ #Popular


စက်သုံးဆီဈေး ၆ ပတ်ဆက်တိုက်ကျဆင်း
==============================
တစ်လကျော်အတွင်း ဒီဇယ်တစ်လီတာ ၁,၁၀၀ ကျော်အထိ ဈေးကျ
==============================
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကာလကျော်လွန်ပြီးနောက် သီတင်းပတ်(၆)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ တစ်လကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၁၀၀ ကျော်အထိ ဈေးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို၌ စက်သုံးဆီတစ်လီတာဈေးနှုန်းများမှာ –

– 92 Ron — ၄,၅၅၀ ကျပ်
– 95 Ron — ၄,၆၂၀ ကျပ်
– ဒီဇယ် (HSD 500 ppm) — ၄,၅၉၅ ကျပ်
– ပရီမီယံဒီဇယ် (HSD 50 ppm / 10 ppm) — ၅,၅၅၀ ကျပ်

အသီးသီး ဖြစ်ကြောင်း သိရသည်။ ယင်းရည်ညွှန်းဈေးနှုန်းများကို ဇွန် ၄ ရက်အထိ သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

ယခင်တစ်ပတ်နှင့် နှိင်းယှဉ်ပါက ဓာတ်ဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလာပြီး 92 Ron တစ်လီတာလျှင် ၃၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၃၀ ကျပ် ကျဆင်းခဲ့သည်။ သိုသော် ဒီဇယ်ဈေးနှုန်းများမှာ အနည်းငယ် ပြန်လည်မြင့်တက်လာပြီး ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ် မြင့်တက်လာခဲ့သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိင်းယှဉ်ပါက သီတင်းပတ်(၆)ပတ်အတွင်း –

– 92 Ron — ၁၁၈ ကျပ် ကျဆင်း
– 95 Ron — ၂၈၉ ကျပ် ကျဆင်း
– ရိုးရိုးဒီဇယ် — ၁,၁၃၀ ကျပ် ကျဆင်း
– ပရီမီယံဒီဇယ် — ၁,၄၆၂ ကျပ် ကျဆင်း

ခဲ့ကြောင်း သိရသည်။

ထိုအပြင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈ ဝန်းကျင်ရှိနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ကုန်စည်ပိုဆောင်ရေးနှင့် သယ်ယူပိုဆောင်ရေးကဏ္ဍများတွင် ကုန်ကျစရိတ်အချို သက်သာလာနိုင်ကြောင်း လုပ်ငန်းရှင်အချိုက မျှော်လင့်နေကြသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချမှုများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ #Popular