ဆြစ္ဇာလန္ မီးရထားဘူတာ႐ုံ၌ လူသုံးဦးကို ဓားျဖင့္ထိုးခုတ္မႈျဖစ္ပြား၊ အာဏာပိုင္မ်ားက ‘အၾကမ္း ဖက္လုပ္ရပ္’ အျဖစ္ သတ္ မွတ္ၿပီး သံသယရွိသူကို ဖမ္းဆီး

ဆြစ္ဇာလန္ မီးရထားဘူတာ႐ုံ၌ လူသုံးဦးကို ဓားျဖင့္ထိုးခုတ္မႈျဖစ္ပြား၊ အာဏာပိုင္မ်ားက ‘အၾကမ္း ဖက္လုပ္ရပ္’ အျဖစ္ သတ္ မွတ္ၿပီး သံသယရွိသူကို ဖမ္းဆီး
========================
ေမ ၂၉
ဆြစ္ဇာလန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ဝင္းတားသာ (Winterthur) ၿမိဳ႕ရွိ မီးရထားဘူတာ႐ုံတစ္ခုအတြင္း ၾကာသပေတးေန႔ နံနက္ပိုင္းက အမ်ိဳးသားတစ္ဦးက အရပ္ သားျပည္သူ ၃ ဦးကို ဓားျဖင့္ လိုက္လံထိုးခုတ္မႈတစ္ရပ္ ျဖစ္ပြားခဲ့ရာ အာဏာပိုင္မ်ားက ယင္းျဖစ္စဥ္ကို “ယုတ္မာဆိုးသြမ္းေသာ အၾကမ္းဖက္လုပ္ရပ္” အျဖစ္ တရားဝင္သတ္မွတ္ ေၾကညာလိုက္သည္။
တိုက္ခိုက္မႈျဖစ္ပြားၿပီး ၅ မိနစ္အတြင္း အေရးေပၚကယ္ ဆယ္ေရးအဖြဲ႕မ်ား၏ ဝိုင္းဝန္းဖမ္းဆီးျခင္းကို ခံလိုက္ရသည့္ သံသယရွိသူမွာ အသက္ ၃၁ ႏွစ္အ႐ြယ္ ဆြစ္-တူရကီ ကျပားႏိုင္ငံသားတစ္ဦးျဖစ္ၿပီး ၎သည္ အဆိုပါၿမိဳ႕၌ပင္ ေနထိုင္သူျဖစ္သည္။
ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ ၎သည္ ၂၀၁၅ ခုႏွစ္ကတည္းက အၾကမ္းဖက္အဖြဲ႕ျဖစ္ေသာ ISIL (အိုင္ဒီစ္)၏ ဝါဒျဖန႔္ပစၥည္းမ်ားကို ျဖန႔္ေဝခဲ့မႈေၾကာင့္ အစိုးရ၏ ေစာင့္ၾကည့္စာရင္းတြင္ ပါဝင္ေနသူျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ၎သည္ စိတ္က်န္းမာေရးမေကာင္းသျဖင့္ ရဲတပ္ဖြဲ႕ထံ ဖုန္းေခၚဆိုမႈမ်ားျပဳလုပ္ၿပီးေနာက္ စိတ္က်န္းမာေရးေဆး႐ုံသို႔ ပို႔ေဆာင္ျခင္းခံခဲ့ရေသာ္လည္း၊ တိုက္ခိုက္မႈမျဖစ္ပြားမီ ဗုဒၶဟူးေန႔ကမွ ဆရာဝန္က “အႏၲရာယ္မရွိႏိုင္” ဟု ဆုံးျဖတ္ကာ ေဆး႐ုံမွ ေပးဆင္းလိုက္ျခင္း ျဖစ္သည္။
အဆိုပါ ဓားထိုးမႈေၾကာင့္ အသက္ ၂၈ ႏွစ္၊ ၄၃ ႏွစ္ႏွင့္ ၅၂ ႏွစ္အ႐ြယ္ ဆြစ္ဇာလန္အမ်ိဳးသား ၃ ဦး ဒဏ္ရာရရွိခဲ့ၿပီး ၂ ဦးမွာ ေဆး႐ုံမွ ဆင္းခြင့္ရရွိခဲ့ၿပီ ျဖစ္ေသာ္လည္း အသက္အႀကီးဆုံးျဖစ္သူမွာမူ ေပါင္ဒဏ္ရာျပင္းထန္သျဖင့္ ခြဲစိတ္ကုသမႈခံယူကာ ေဆး႐ုံ၌ ဆက္လက္ေစာင့္ၾကည့္ေနရသည္။ စုံစမ္းစစ္ေဆးသူမ်ားကမူ သံသယရွိသူသည္ မည္သူ႔အကူအညီမွ်မပါဘဲ တစ္ဦးတည္းအလိုအေလ်ာက္ အၾကမ္းဖက္ျခင္းျဖစ္သည္ဟု ယူဆထားၾကသည္။
ဆြစ္ဇာလန္သမၼတ ဂိုင္း ပါမလင္း (Guy Parmelin)က ယခုအၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အႀကီးအက်ယ္ လန႔္ဖ်ပ္တုန္ လႈပ္မိရေၾကာင္းႏွင့္ ဒဏ္ရာရသူမ်ား အျမန္ဆုံးသက္သာပါေစေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ ဆြစ္ဇာလန္ အစၥလာမ္မစ္ဗဟိုေကာင္စီ (IZR) ကလည္း ယခုသူရဲေဘာေၾကာင္ေသာ အ႐ိုင္းစိုင္းဆုံးလုပ္ ရပ္ကို ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္းႏွင့္ ISIL အဖြဲ႕သည္ အစၥလာမ္ဘာသာကို ကိုယ္စားမျပဳဘဲ မြတ္စလင္မ်ား၏ ဂုဏ္သိကၡာကို ဖ်က္ဆီးကာ အျပစ္မဲ့ျပည္သူ မ်ားကို သတ္ ျဖတ္ရန္သာ ရည္႐ြယ္သည့္ ေဖာက္ျပန္ပ်က္ စီးေနေသာ အၾကမ္းဖက္ဂိုဏ္းခြဲတစ္ခုသာျဖစ္ေၾကာင္း ပူး တြဲထုတ္ျပန္ခ်က္ထုတ္ကာ တုံ႔ျပန္ခဲ့သည္။
ဆွစ်ဇာလန် မီးရထားဘူတာရုံ၌ လူသုံးဦးကို ဓားဖြင့်ထိုးခုတ်မှုဖြစ်ပွား၊ အာဏာပိုင်များက ‘အကြမ်း ဖက်လုပ်ရပ်’ အဖြစ် သတ် မှတ်ပြီး သံသယရှိသူကို ဖမ်းဆီး
========================
မေ ၂၉
ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း ဝင်းတားသာ (Winterthur) မြို့ရှိ မီးရထားဘူတာရုံတစ်ခုအတွင်း ကြာသပတေးနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးက အရပ် သားပြည်သူ ၃ ဦးကို ဓားဖြင့် လိုက်လံထိုးခုတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ယင်းဖြစ်စဉ်ကို “ယုတ်မာဆိုးသွမ်းသော အကြမ်းဖက်လုပ်ရပ်” အဖြစ် တရားဝင်သတ်မှတ် ကြေညာလိုက်သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး ၅ မိနစ်အတွင်း အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့များ၏ ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရသည့် သံသယရှိသူမှာ အသက် ၃၁ နှစ်အရွယ် ဆွစ်-တူရကီ ကပြားနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းသည် အဆိုပါမြို့၌ပင် နေထိုင်သူဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းသည် ၂၀၁၅ ခုနှစ်ကတည်းက အကြမ်းဖက်အဖွဲ့ဖြစ်သော ISIL (အိုင်ဒီစ်)၏ ဝါဒဖြန့်ပစ္စည်းများကို ဖြန့်ဝေခဲ့မှုကြောင့် အစိုးရ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်နေသူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် စိတ်ကျန်းမာရေးမကောင်းသဖြင့် ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုမှုများပြုလုပ်ပြီးနောက် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရသော်လည်း၊ တိုက်ခိုက်မှုမဖြစ်ပွားမီ ဗုဒ္ဓဟူးနေ့ကမှ ဆရာဝန်က “အန္တရာယ်မရှိနိုင်” ဟု ဆုံးဖြတ်ကာ ဆေးရုံမှ ပေးဆင်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဓားထိုးမှုကြောင့် အသက် ၂၈ နှစ်၊ ၄၃ နှစ်နှင့် ၅၂ နှစ်အရွယ် ဆွစ်ဇာလန်အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်သော်လည်း အသက်အကြီးဆုံးဖြစ်သူမှာမူ ပေါင်ဒဏ်ရာပြင်းထန်သဖြင့် ခွဲစိတ်ကုသမှုခံယူကာ ဆေးရုံ၌ ဆက်လက်စောင့်ကြည့်နေရသည်။ စုံစမ်းစစ်ဆေးသူများကမူ သံသယရှိသူသည် မည်သူ့အကူအညီမျှမပါဘဲ တစ်ဦးတည်းအလိုအလျောက် အကြမ်းဖက်ခြင်းဖြစ်သည်ဟု ယူဆထားကြသည်။
ဆွစ်ဇာလန်သမ္မတ ဂိုင်း ပါမလင်း (Guy Parmelin)က ယခုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အကြီးအကျယ် လန့်ဖျပ်တုန် လှုပ်မိရကြောင်းနှင့် ဒဏ်ရာရသူများ အမြန်ဆုံးသက်သာပါစေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆွစ်ဇာလန် အစ္စလာမ်မစ်ဗဟိုကောင်စီ (IZR) ကလည်း ယခုသူရဲဘောကြောင်သော အရိုင်းစိုင်းဆုံးလုပ် ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ISIL အဖွဲ့သည် အစ္စလာမ်ဘာသာကို ကိုယ်စားမပြုဘဲ မွတ်စလင်များ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူ များကို သတ် ဖြတ်ရန်သာ ရည်ရွယ်သည့် ဖောက်ပြန်ပျက် စီးနေသော အကြမ်းဖက်ဂိုဏ်းခွဲတစ်ခုသာဖြစ်ကြောင်း ပူး တွဲထုတ်ပြန်ချက်ထုတ်ကာ တုံ့ပြန်ခဲ့သည်။




