ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
===========
ေမ ၂၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၆-၅-၂၀၂၆ ရက္ေန႔ ၁၅၃၀ အခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္ေသာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားက ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ား၊ MSME ကိစၥရပ္မ်ား အပါအဝင္ သိရွိလိုသည္မ်ားအား ေဆြးေႏြးတင္ျပရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ တာဝန္ရွိသူက တင္ျပေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး ျပန္လည္ေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ တိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူမ်ား၊ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား စုစုေပါင္းအင္အား (၁၅၀)ဦး တက္ေရာက္ခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
===========
မေ ၂၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၆-၅-၂၀၂၆ ရက်နေ့ ၁၅၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ MSME ကိစ္စရပ်များ အပါအဝင် သိရှိလိုသည်များအား ဆွေးနွေးတင်ပြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တာဝန်ရှိသူက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။




